Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

႐ူ​ပ​ေဗ​ဒ ​ႏို​ဘယ္​ဆု၊ ​န်ဴ​ထ​ရီ​ႏို ​ေလ့​လာ​သူ​ေတြ ​ရ​ရွိ


​အ​ခု​ႏွစ္ ​အ​တြက္ ​႐ူ​ပ​ေဗ​ဒ ​ႏို​ဘယ္​ဆု​ကို ​ဂ်​ပန္​က ​တာ​ကာ​အာ​ကီ ​ကာ​ဂ်ီ​တာ Takaaki Kajita ​နဲ႔ ​က​ေန​ဒါ​က ​အာ​သာ ​မက္​ေဒါ​နယ္ Arthur B McDonald ​တို႔ ​ႏွစ္​ဦး​က ​ပူး​တြဲ ​ရ​ရွိ​သြား​ပါ​တယ္။

​သူ​တို႔ ​ႏွစ္​ဦး​ဟာ ​စ​ၾက​ဝ​ဠာ​ရဲ့ ​ေန​ရာ​တိုင္း​မွာ ​ရွိ​ေန​တဲ့ ​န်ဴ​ထ​ရီ​ႏို ​ေခၚ ​အက္​တမ္​ေအာက္ ​အ​မႈန္​တစ္​မ်ိဳး​ရဲ့ ​သ​ေဘာ ​သ​ဘာ​ဝ​နဲ႔ ​ပတ္​သက္​ၿပီး ​ေတြ႕​ရွိ​ခ်က္ ​အ​သစ္​ေတြ ​ေဖာ္​ထုတ္ ​ႏိုင္​ခဲ့​ၾက​တာ ​ျဖစ္​ပါ​တယ္။

​န်ဴ​ထ​ရီ​ႏို ​အ​မႈန္​ေတြ​ဟာ ​ေန​ရာ​တိုင္း​မွာ ​အ​လ်ွံ​ပယ္ ​ေတြ႕​ေန​ရ​တဲ့ ​အက္​တမ္​ေအာက္ ​အ​မႈန္​ေတြ ​ျဖစ္​ၿပီး ​ျဒပ္​ထု ​မ​ရွိ​သ​ေလာက္ ​နီး​နီး ​ျဖစ္​ကာ၊ ​တ​ျခား ​အ​ရာ​ေတြ​နဲ႔ ​တံု႔​ျပန္ ​ဆက္​သြယ္​မႈ​လည္း ​ရွား​ပါး​တဲ့ ​အ​တြက္ ​သူ​တို႔​ကို ​ေလ့​လာ​ဖို႔ ​အ​လြန္ ​ခက္​ခဲ​ပါ​တယ္။

​မ​စၥ​တာ ​တာ​ကာ​အာ​ကီ ​ကာ​ဂ်ီ​တာ​နဲ႔ ​မ​စၥ​တာ ​အာ​သာ ​မက္​ေဒါ​နယ္​တို႔ ​ႏွစ္​ဦး​ဟာ ​န်ဴ​ထ​ရီ​ႏို ​ေလ့​လာ​တဲ့ ​အ​ဖြဲ႕ ၂ ​ဖြဲ႕​ကို ​ဂ်​ပန္​နဲ႔ ​က​ေန​ဒါ​မွာ ​ကိုယ္​စီ ​ဦး​ေဆာင္ ​ခဲ့​ၾက​သူ​ေတြ ​ျဖစ္​ပါ​တယ္။

​သူ​တို႔​ရဲ့ ​စမ္း​သပ္ ​ေလ့​လာ​မႈ​ေတြ​က​ေန ​န်ဴ​ထ​ရီ​ႏို ​အ​မႈန္​ေတြ​မွာ ​ျဒပ္​ထု ​ရွိ​တယ္ ​ဆို​တာ ​ေဖာ္​ထုတ္ ​ႏိုင္​ခဲ့​ၾက​တာ​ပါ။ ​ျဒပ္​ထု​ေတြ​ရဲ့ ​အ​တြင္း​အ​က်​ဆံုး ​အ​ပိုင္း​က ​ေဆာင္​ရြက္​ပံု​ေတြ ​အ​ေၾကာင္း ​က်ြန္ုပ္​တို႔ ​သိ​ရွိ ​နား​လည္ ​ထား​ခ်က္​ေတြ​ကို ​သူ​တို႔​ရဲ့ ​ေတြ႕​ရွိ​ခ်က္​က ​ေျပာင္း​လဲ ​ေစ​ခဲ့​တယ္​လို႔ ​ႏို​ဘယ္​ဆု ​ေရြး​ခ်ယ္​တဲ့ ​ဆြီ​ဒင္ ​သိ​ပၷံ ​အ​ကယ္​ဒ​မီ​က ​ေျပာ​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese
..............................

​အ​ခု​နှစ် ​အ​တွက် ​ရူ​ပ​ဗေ​ဒ ​နို​ဘယ်​ဆု​ကို ​ဂျ​ပန်​က ​တာ​ကာ​အာ​ကီ ​ကာ​ဂျီ​တာ Takaaki Kajita ​နဲ့ ​က​နေ​ဒါ​က ​အာ​သာ ​မက်​ဒေါ​နယ် Arthur B McDonald ​တို့ ​နှစ်​ဦး​က ​ပူး​တွဲ ​ရ​ရှိ​သွား​ပါ​တယ်။

​သူ​တို့ ​နှစ်​ဦး​ဟာ ​စ​ကြ​ဝ​ဠာ​ရဲ့ ​နေ​ရာ​တိုင်း​မှာ ​ရှိ​နေ​တဲ့ ​နျူ​ထ​ရီ​နို ​ခေါ် ​အက်​တမ်​အောက် ​အ​မှုန်​တစ်​မျိုး​ရဲ့ ​သ​ဘော ​သ​ဘာ​ဝ​နဲ့ ​ပတ်​သက်​ပြီး ​တွေ့​ရှိ​ချက် ​အ​သစ်​တွေ ​ဖော်​ထုတ် ​နိုင်​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

​နျူ​ထ​ရီ​နို ​အ​မှုန်​တွေ​ဟာ ​နေ​ရာ​တိုင်း​မှာ ​အ​လျှံ​ပယ် ​တွေ့​နေ​ရ​တဲ့ ​အက်​တမ်​အောက် ​အ​မှုန်​တွေ ​ဖြစ်​ပြီး ​ဒြပ်​ထု ​မ​ရှိ​သ​လောက် ​နီး​နီး ​ဖြစ်​ကာ၊ ​တ​ခြား ​အ​ရာ​တွေ​နဲ့ ​တုံ့​ပြန် ​ဆက်​သွယ်​မှု​လည်း ​ရှား​ပါး​တဲ့ ​အ​တွက် ​သူ​တို့​ကို ​လေ့​လာ​ဖို့ ​အ​လွန် ​ခက်​ခဲ​ပါ​တယ်။

​မ​စ္စ​တာ ​တာ​ကာ​အာ​ကီ ​ကာ​ဂျီ​တာ​နဲ့ ​မ​စ္စ​တာ ​အာ​သာ ​မက်​ဒေါ​နယ်​တို့ ​နှစ်​ဦး​ဟာ ​နျူ​ထ​ရီ​နို ​လေ့​လာ​တဲ့ ​အ​ဖွဲ့ ၂ ​ဖွဲ့​ကို ​ဂျ​ပန်​နဲ့ ​က​နေ​ဒါ​မှာ ​ကိုယ်​စီ ​ဦး​ဆောင် ​ခဲ့​ကြ​သူ​တွေ ​ဖြစ်​ပါ​တယ်။

​သူ​တို့​ရဲ့ ​စမ်း​သပ် ​လေ့​လာ​မှု​တွေ​က​နေ ​နျူ​ထ​ရီ​နို ​အ​မှုန်​တွေ​မှာ ​ဒြပ်​ထု ​ရှိ​တယ် ​ဆို​တာ ​ဖော်​ထုတ် ​နိုင်​ခဲ့​ကြ​တာ​ပါ။ ​ဒြပ်​ထု​တွေ​ရဲ့ ​အ​တွင်း​အ​ကျ​ဆုံး ​အ​ပိုင်း​က ​ဆောင်​ရွက်​ပုံ​တွေ ​အ​ကြောင်း ​ကျွန်ုပ်​တို့ ​သိ​ရှိ ​နား​လည် ​ထား​ချက်​တွေ​ကို ​သူ​တို့​ရဲ့ ​တွေ့​ရှိ​ချက်​က ​ပြောင်း​လဲ ​စေ​ခဲ့​တယ်​လို့ ​နို​ဘယ်​ဆု ​ရွေး​ချယ်​တဲ့ ​ဆွီ​ဒင် ​သိ​ပ္နံ ​အ​ကယ်​ဒ​မီ​က ​ပြော​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment