Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ျမစိမ္းေရာင္ေက်းရြာစီမံကိန္းသည္ ႏိုင္ငံေတာ္ရန္္ပံုေငြကို အသံုးျပဳထားေၾကာင္း ၀န္ႀကီးဌာနက ေဒၚေအာင္ဆန္းစုၾကည္ကို တံု႔ျပန္

ျမစိမ္းေရာင္ေက်းရြာ စီ မံကိန္းကိုႏိုင္ငံေတာ္ရန္ပံုေငြက်ပ္ ၁၆၀ ဘီလီယံေက်ာ္အသံုးျပဳ၍ ေက်းရြာငါးေထာင္ေက်ာ္တြင္ ျပည္သူကိုယ္တိုင္ စီမံခန္႔ခြဲ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ ေက်း လက္ေဒသဖြံ႕ၿဖိဳးေရး၀န္ႀကီးဌာန က ထုတ္ျပန္သည္။

ေက်းလက္ေနမိသားစုမ်ား ၀င္ေငြတိုးပြားေစရန္ ရည္ရြယ္၍ ျပည္သူ႔ဘ႑ာေငြကို ျပည္သူ ကိုယ္တိုင္ စီမံခန္႔ခြဲသည့္ ျမစိမ္း ေရာင္ေက်းရြာစီမံကိန္းကို ၂၀၁၄ -၁၅ ဘ႑ာႏွစ္က စတင္ခဲ့ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ၏ ေျပာၾကားခ်က္ကို ျပန္လည္ ေျဖရွင္းထားျခင္းျဖစ္သည္။

ျမစိမ္းေရာင္ေက်းရြာစီမံကိန္း သည္ ျပည္ပႏိုင္ငံမ်ားမွေငြေခ်းယူ ထားၿပီး ျပည္သူအား ျပန္ေခ်းေပး ေနျခင္းျဖစ္ေၾကာင္း ေအာက္တို ဘာ ၂၅ ရက္တြင္ ေကာ့မွဴးၿမိဳ႕နယ္ အတြင္း မဲဆြယ္စည္း႐ံုးေရးျပဳ လုပ္ေနစဥ္ ေဒၚေအာင္ဆန္းစု ၾကည္က ေျပာၾကားခဲ့သည္။

‘‘ဒီေခ်းေငြေတြကို ဘယ္လို သံုးသလဲဆိုတာက အင္မတန္မွ အေရးႀကီးပါတယ္။ တစ္ခါတ ေလ ေခ်းေငြေတြကို သံုးတာဟာ ျပည္သူလူထု အက်ဳိးအတြက္ ထက္ အစုအဖြဲ႕ တစ္ခုအတြက္ ဂုဏ္ရရွိေရးေပါ့ေနာ္။ အဲဒါအ တြက္ သံုးတာေတြေတြ႕ရပါတယ္။ ဥပမာဆိုလို႔ရွိရင္ ျမစိမ္းေရာင္စီမံ ကိန္းေပါ့။ လိုက္ၿပီးေတာ့ ေငြေတြ ေခ်းေနတာ။ ဒါလည္း တကယ္ ေတာ့ ျပည္သူေတြအတြက္ ေပး ထားတဲ့ ေငြေတြကို ျပန္ၿပီးေတာ့ ျပည္သူေတြကို ေခ်းတာပဲ ျဖစ္ပါ တယ္ဆိုတာ အမ်ားသိေအာင္ ကြၽန္မရွင္းျပခ်င္ပါတယ္။ သိပ္ၿပီး ေတာ့ အထင္မႀကီးပါနဲ႔။ ေခ်းတဲ့ ေငြဆိုတာ ျပန္ေပးရမွာပဲ။ ဒီဘ၀ မွာ ဘာမွအလကားမရဘူး။ အဲဒါ ကို ကြၽန္မတို႔ ျပည္သူေတြသိေစ ခ်င္ပါတယ္’’ဟု ေဒၚေအာင္ဆန္းစု ၾကည္က ေျပာသည္။

ယခုအခါ ေက်းရြာေပါင္း ၅,၃၇၄ ရြာတြင္ တစ္ရြာလွ်င္က်ပ္ သိန္း ၃၀၀ မတည္ကာ က်ပ္ ၁၆၀ ဒသမ ၂၂ ဘီလီယံျဖင့္အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ေန ေၾကာင္း ၀န္ႀကီးဌာန၏ ျမန္မာ ျမ စိမ္းေရာင္အမည္ရွိ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ေအာက္ တိုဘာ ၂၈ ရက္က ျပန္လည္တံု႔ ျပန္သည္။

‘‘တခ်ိဳ႕အမွားအယြင္းေျပာ ဆိုေနသလို ျပည္ပကေခ်းေငြရယူ ၿပီး ျပည္သူ႔ထံ ျပန္ေပးျခင္းမဟုတ္ ပါ။ ျပည္သူ႔ဘ႑ာေငြကို ျပည္ သူကိုယ္တိုင္ စီမံခန္႔ခြဲသည့္ အ ေလ့အက်င့္ေကာင္းမ်ား ရရွိေစ ရန္ ေက်းရြာပိုင္ရန္ပံုေငြတစ္ရပ္ ထူေထာင္ေပးကာ မိသားစု၀င္ေငြ တိုးပြားေရးႏွင့္ ေက်းရြာဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားကို ျပည္သူကိုယ္ တိုင္ ေဆာင္ရြက္ေစျခင္းျဖစ္ပါ တယ္။ ေက်းရြာလူထုအေနျဖင့္ ယင္းေငြကို ႏိုင္ငံေတာ္သို႔ ျပန္ လည္ေပးဆပ္စရာမလိုဘဲ ေက်း ရြာဖံြ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ သံုး စြဲရန္သာျဖစ္ပါတယ္’’ဟု ျမန္မာ ျမစိမ္းေရာင္စာမ်က္ႏွာတြင္ ေဖာ္ ျပထားသည္။

ျမစိမ္းေရာင္ေက်းရြာ စီမံ ကိန္းကို ၂၀၁၆ တြင္ ေက်းရြာေပါင္း၃,၀၀၀ ေက်ာ္၌ တိုးခ်ဲ႕ တည္ ေဆာက္ရန္ စီစဥ္ထားၿပီး ေအာက္ တိုဘာ ၃၀ ရက္တြင္ ရန္ကုန္ၿမိဳ႕ ငါးလုပ္ငန္းဦးစီးဌာန႐ံုးတြင္ သတင္းစာရွင္းလင္းပြဲ က်င္းပမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။
7day daily
...................
မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် နိုင်ငံတော်ရန််ပုံငွေကို အသုံးပြုထားကြောင်း ၀န်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို တုံ့ပြန်

   

မြစိမ်းရောင်ကျေးရွာ စီ မံကိန်းကိုနိုင်ငံတော်ရန်ပုံငွေကျပ် ၁၆၀ ဘီလီယံကျော်အသုံးပြု၍ ကျေးရွာငါးထောင်ကျော်တွင် ပြည်သူကိုယ်တိုင် စီမံခန့်ခွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

ကျေးလက်နေမိသားစုများ ၀င်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူ ကိုယ်တိုင် စီမံခန့်ခွဲသည့် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်က စတင်ခဲ့ ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်ကို ပြန်လည် ဖြေရှင်းထားခြင်းဖြစ်သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း သည် ပြည်ပနိုင်ငံများမှငွေချေးယူ ထားပြီး ပြည်သူအား ပြန်ချေးပေး နေခြင်းဖြစ်ကြောင်း အောက်တို ဘာ ၂၅ ရက်တွင် ကော့မှူးမြို့နယ် အတွင်း မဲဆွယ်စည်းရုံးရေးပြု လုပ်နေစဉ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

‘‘ဒီချေးငွေတွေကို ဘယ်လို သုံးသလဲဆိုတာက အင်မတန်မှ အရေးကြီးပါတယ်။ တစ်ခါတ လေ ချေးငွေတွေကို သုံးတာဟာ ပြည်သူလူထု အကျိုးအတွက် ထက် အစုအဖွဲ့ တစ်ခုအတွက် ဂုဏ်ရရှိရေးပေါ့နော်။ အဲဒါအ တွက် သုံးတာတွေတွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် မြစိမ်းရောင်စီမံ ကိန်းပေါ့။ လိုက်ပြီးတော့ ငွေတွေ ချေးနေတာ။ ဒါလည်း တကယ် တော့ ပြည်သူတွေအတွက် ပေး ထားတဲ့ ငွေတွေကို ပြန်ပြီးတော့ ပြည်သူတွေကို ချေးတာပဲ ဖြစ်ပါ တယ်ဆိုတာ အများသိအောင် ကျွန်မရှင်းပြချင်ပါတယ်။ သိပ်ပြီး တော့ အထင်မကြီးပါနဲ့။ ချေးတဲ့ ငွေဆိုတာ ပြန်ပေးရမှာပဲ။ ဒီဘဝ မှာ ဘာမှအလကားမရဘူး။ အဲဒါ ကို ကျွန်မတို့ ပြည်သူတွေသိစေ ချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ယခုအခါ ကျေးရွာပေါင်း ၅,၃၇၄ ရွာတွင် တစ်ရွာလျှင်ကျပ် သိန်း ၃၀၀ မတည်ကာ ကျပ် ၁၆၀ ဒသမ ၂၂ ဘီလီယံဖြင့်အကောင် အထည်ဖော် ဆောင်ရွက်နေ ကြောင်း ၀န်ကြီးဌာန၏ မြန်မာ မြ စိမ်းရောင်အမည်ရှိ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အောက် တိုဘာ ၂၈ ရက်က ပြန်လည်တုံ့ ပြန်သည်။

‘‘တချို့အမှားအယွင်းပြော ဆိုနေသလို ပြည်ပကချေးငွေရယူ ပြီး ပြည်သူ့ထံ ပြန်ပေးခြင်းမဟုတ် ပါ။ ပြည်သူ့ဘဏ္ဍာငွေကို ပြည် သူကိုယ်တိုင် စီမံခန့်ခွဲသည့် အ လေ့အကျင့်ကောင်းများ ရရှိစေ ရန် ကျေးရွာပိုင်ရန်ပုံငွေတစ်ရပ် ထူထောင်ပေးကာ မိသားစုဝင်ငွေ တိုးပွားရေးနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူကိုယ် တိုင် ဆောင်ရွက်စေခြင်းဖြစ်ပါ တယ်။ ကျေးရွာလူထုအနေဖြင့် ယင်းငွေကို နိုင်ငံတော်သို့ ပြန် လည်ပေးဆပ်စရာမလိုဘဲ ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံး စွဲရန်သာဖြစ်ပါတယ်’’ဟု မြန်မာ မြစိမ်းရောင်စာမျက်နှာတွင် ဖော် ပြထားသည်။

မြစိမ်းရောင်ကျေးရွာ စီမံ ကိန်းကို ၂၀၁၆ တွင် ကျေးရွာပေါင်း၃,၀၀၀ ကျော်၌ တိုးချဲ့ တည် ဆောက်ရန် စီစဉ်ထားပြီး အောက် တိုဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။
7day daily

No comments:

Post a Comment