Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ျမန္မာ ၂ ဦးထံမွ ေရႊထည္ ၁၂၀ က်ပ္သားခန္႔ႏွင့္ ဘတ္ေငြ ၂ သိန္း ဖမ္းမိ

ထိုင္းႏိုင္ငံ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕နယ္က ထိုင္း-ျမန္မာ ၂ ႏိုင္ငံ ခ်စ္ၾကည္ေရးတံတား စစ္ေဆးေရးဂိတ္မွာ ျမန္မာႏိုင္ငံသား ၂ ဦးထံကေန ေရႊထည္အေလးခ်ိန္ ၁၂၀ ဘတ္ (၁၂၀ က်ပ္သားနီးပါး) နဲ႔ ထိုင္းဘတ္ေငြ ၂ သိန္း စုစုေပါင္းတန္ဖုိး ဘတ္ ၂ သန္းေက်ာ္ ဖမ္းဆီးရမိတယ္လို႔ မန္ေနဂ်ာအြန္လိုင္း ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္ ။

ထိုင္းနယ္စပ္ စစ္ေဆးေရးဂိတ္က တာ၀န္ရွိသူေတြဟာ ေအာက္တိုဘာ ၂၀ ရက္ေန႔က ျမန္မာျပည္ဘက္က ၀င္လာတဲ့ ခရီးသြြားေတြကို စစ္ေဆးၾကည့္႐ႈစဥ္ အမ်ဳိးသမီးတဦးနဲ႔ အမ်ိဳးသားတဦးတို႔ရဲ႕ လက္ေပြ႔အိတ္ထဲမွာ၀ွက္ထားတဲ့ ေရႊထည္ေတြနဲ႔ ဘတ္ေငြေတြ သိမ္းဆည္းရမိတာလို႔ ထိုင္းစစ္တပ္ နေရးဆြန္စစ္ေၾကာင္းမွ တပ္ရင္းမွဴး ဗို္လ္မွဴး ႏုပ္ဖြန္း လြန္းက်န္က ေအာက္တုိဘာ ၂၀ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အဖမ္းခံရသူ ျမန္မာႏိုင္ငံသား ကိုရဲေဌးေက်ာ္ ( အသက္ ၃၀ ႏွစ္) နဲ႔ မမူဆဲ (အသက္ ၂၈ ႏွစ္) တို႔ ၂ ဦးဟာ အဲဒီေရႊေတြကို ျမန္မာျပည္ကေန မဲေဆာက္မွာ လာေရာင္းဖို႔ သယ္ေဆာင္လာတာ ျဖစ္ေၾကာင္း၊ ဥပေဒနဲ႔ ၿငိစြန္းမွန္းမသိလို႔ သယ္လာရတာလုိ႔ ထြက္ဆိုခဲ့ၿပီး အမႈအတြက္ ျပည့္စံုတဲ့ ထြက္ဆိုမႈေတြေတာ့ မရေသးဘူးလို႔ တပ္ရင္းမွဴးက ေျပာပါတယ္။

ဖမ္းမိတဲ့ ေရႊထည္ေတြထဲမွာ – ဆြဲႀကိဳး ၁၅၄ ကံုး၊ လက္ေကာက္ ၂၀ ကြင္း၊ လက္စြပ္ ၁၀၉ ကြင္း၊ ေလာ့ကက္သီး ၁၃ ခု၊ ခ်ိတ္ ၇၇ ခု နဲ႔ နားကပ္ တစ္စံုတို႔ ပါ၀င္ပါတယ္။

သူတို႔ ၂ ဦးကို တရားမ၀င္ေရႊထည္ခိုးသြင္းမႈနဲ႔ အမႈဖြင့္ထားၿပီး ဖမ္ဆီးရမိတဲ့ ေရႊထည္ပစၥည္း နဲ႔ ေငြသားေတြကုိေတာ့ ျပည္သူပိုင္ပစၥည္းအျဖစ္ သိမ္းဆည္းလိုက္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဒီအမႈရဲ႕ ကြင္းဆက္ေတြကို လိုက္လံစစ္ေဆးဖို႔နဲ႔ ႏိုင္ငံထဲကို တရားမ၀င္ ပစၥည္း တင္သြင္းေရာင္းခ်မႈေတြ လိုက္လံစစ္ေဆးဖို႔ မဲေဆာက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးက ၀န္ထမ္းေတြ၊ စစ္တပ္ နဲ႔ ရဲတပ္ဖြဲ႔၀င္ေတြပါ၀င္တဲ့ အထူးစံုစမ္းစစ္ေဆးေရးအဖြဲ႔တဖြဲ႔ကို ေစလႊတ္ေၾကာင္း တပ္ရင္းမွဴးရဲ႕အေျပာကို ကိုးကားၿပီး သတင္းမွာ ေဖာ္ျပထားပါတယ္။
dvb burmese
..........................
မြန်မာ ၂ ဦးထံမှ ရွှေထည် ၁၂၀ ကျပ်သားခန့်နှင့် ဘတ်ငွေ ၂ သိန်း ဖမ်းမိ


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်က ထိုင်း-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသား ၂ ဦးထံကနေ ရွှေထည်အလေးချိန် ၁၂၀ ဘတ် (၁၂၀ ကျပ်သားနီးပါး) နဲ့ ထိုင်းဘတ်ငွေ ၂ သိန်း စုစုပေါင်းတန်ဖိုး ဘတ် ၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။

ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၂၀ ရက်နေ့က မြန်မာပြည်ဘက်က ၀င်လာတဲ့ ခရီးသွွားတွေကို စစ်ဆေးကြည့်ရှုစဉ် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ရဲ့ လက်ပွေ့အိတ်ထဲမှာဝှက်ထားတဲ့ ရွှေထည်တွေနဲ့ ဘတ်ငွေတွေ သိမ်းဆည်းရမိတာလို့ ထိုင်းစစ်တပ် နရေးဆွန်စစ်ကြောင်းမှ တပ်ရင်းမှူး ဗို်လ်မှူး နုပ်ဖွန်း လွန်းကျန်က အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဖမ်းခံရသူ မြန်မာနိုင်ငံသား ကိုရဲဌေးကျော် ( အသက် ၃၀ နှစ်) နဲ့ မမူဆဲ (အသက် ၂၈ နှစ်) တို့ ၂ ဦးဟာ အဲဒီရွှေတွေကို မြန်မာပြည်ကနေ မဲဆောက်မှာ လာရောင်းဖို့ သယ်ဆောင်လာတာ ဖြစ်ကြောင်း၊ ဥပဒေနဲ့ ငြိစွန်းမှန်းမသိလို့ သယ်လာရတာလို့ ထွက်ဆိုခဲ့ပြီး အမှုအတွက် ပြည့်စုံတဲ့ ထွက်ဆိုမှုတွေတော့ မရသေးဘူးလို့ တပ်ရင်းမှူးက ပြောပါတယ်။

ဖမ်းမိတဲ့ ရွှေထည်တွေထဲမှာ – ဆွဲကြိုး ၁၅၄ ကုံး၊ လက်ကောက် ၂၀ ကွင်း၊ လက်စွပ် ၁၀၉ ကွင်း၊ လော့ကက်သီး ၁၃ ခု၊ ချိတ် ရ၇ ခု နဲ့ နားကပ် တစ်စုံတို့ ပါ၀င်ပါတယ်။

သူတို့ ၂ ဦးကို တရားမဝင်ရွှေထည်ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားပြီး ဖမ်ဆီးရမိတဲ့ ရွှေထည်ပစ္စည်း နဲ့ ငွေသားတွေကိုတော့ ပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအမှုရဲ့ ကွင်းဆက်တွေကို လိုက်လံစစ်ဆေးဖို့နဲ့ နိုင်ငံထဲကို တရားမဝင် ပစ္စည်း တင်သွင်းရောင်းချမှုတွေ လိုက်လံစစ်ဆေးဖို့ မဲဆောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းတွေ၊ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ၀င်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို စေလွှတ်ကြောင်း တပ်ရင်းမှူးရဲ့အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
dvb burmese

No comments:

Post a Comment