Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 31, 2015

ျပဳျပင္​​ေျပာင္​းလဲ​ေရးကို အတိုက္​အခံ​ေခါင္​း​ေဆာင္​ႏွင္​့ ပူး​ေပါင္​း​လုပ္​​ေဆာင္​​ေရး သမၼတ ႏွင့္ ဦးေရႊမန္း သေဘာထားကြဲဟုဆုိ

    သတင္း မဇၩိမ ေရြးေကာက္ပြဲ အထူးက႑ အနယ္နယ္မွ ေရြးေကာက္ပြဲ သတင္းမ်ား

ဟိန္းကိုစိုး

ဓာတ္ပံု- H.E Thura U Shwe Mann facebook

ကညြတ္ကြင္း၊ ေအာက္တုိဘာ ၃၁ ။ ။ ျမန္မာႏုိင္ငံ ဒီမိုကေရစီအေျပာင္းအလဲကာလတြင္ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္မ်ားကို အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ပူးေပါင္းလုပ္ေဆာင္လိုသည့္ ဆႏၵရွိသည့္အတြက္ သူရဦးေရႊမန္း ႏွင့္ သမၼတဦးသိန္းစိန္ ဦးေဆာင္သည့္ ၾကံ့ခုိင္ေရးပါတီႏွင့္ သေဘာထားကြဲလြဲမႈရိွေၾကာင္း သူရဦးေရႊမန္းက ေအာက္တုိဘာ ၃၁ရက္က ကညြတ္ကြင္းၿမိဳ႕နယ္တြင္ မီဒီယာမ်ားကို ေျပာသည္။

ၾကံ့ခုိင္ေရးပါတီတြင္း၌ သမၼတဦးသိန္းစိန္ ႏွင့္ သူရဦးေရႊမန္းတို႔အၾကား ျပဳျပင္​​ေျပာင္​းလဲ​ေရး လုပ္ရာမွာ အတိုက္​အခံ​ေခါင္​း​ေဆာင္​ႏွင္​့ ပူး​ေပါင္​း​လုပ္​​ေဆာင္​​ေရး ဆုိတဲ့ကိစၥတြင္ သေဘာထားကြဲလြဲမႈ ရွိသလားဆုိၿပီး မဇၩိမ၏ အေမးကို သူရဦးေရႊမန္းက "ျဖစ္ႏုိင္ပါတယ္လို႔ပဲ ေျပာပါရေစ။ တခ်ဳိ႕ေနရာေတြမွာ လုပ္ငန္းခ်င္းတူရင္ ပူးေပါင္းေဆာင္ရြက္ရမယ္။ ပူးေပါင္းေဆာင္ရြက္မႈ မရွိဘဲ မေအာင္ျမင္ႏုိင္ဘူး။ ဒီကာလမွာ ျမန္မာႏုိင္ငံက ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆုိရင္ ပူးေပါင္းသင့္တဲ့သူေတြကို ပူးေပါင္းမွ ျဖစ္မယ္ဆုိတာကို ကိုယ္တို႔ျမင္တယ္။ ဒါေၾကာင့္မုိ႔လို႔ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးမွာ တစ္ေယာက္တည္းလုပ္လို႔မရဘူး။ ပါတီအားလံုးလည္း ပါရမယ္။ အဲ့ဒါမွ မဟုတ္ဘဲ ကိုယ္တစ္ေယာက္တည္း ျပဳျပင္ေျပာင္းလဲမယ္။ ကိုယ္တစ္ေယာက္တည္း အာဏာရေနမယ္ဆုိတဲ့ကိစၥဟာ အင္မတန္ခက္ခဲတယ္"ဟု ေျပာၾကားလုိက္ျခင္းျဖစ္သည္။

ယင္းအျပင္ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စု ၾကံ့ခုိင္ေရးပါတီက ႐ံႈးနိမ့္ခဲ့လွ်င္ေသာ္လည္းေကာင္း၊ ေရြးေကာက္ပြဲတြင္ လြတ္လပ္ၿပီး တရားမွ်တစြာျဖင့္ ေအာင္ႏုိင္ေရး မလုပ္ႏုိင္ခဲ့လွ်င္ေသာ္လည္းေကာင္း ၎အေနျဖင့္ တာဝန္ရွိေတာ့မည္မဟုတ္ဟု ပူးတြဲ ဥကၠ႒တာဝန္ ႏွင့္ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ဥကၠ႒တာဝန္မွ ရပ္ဆုိင္းခံလိုက္ရသည့္ သူရဦးေရႊမန္းက ေျပာသည္။

"ဒါဟာထင္ထင္ရွားရွားပဲ။ ဟိုတုန္းက ကိုယ့္အေနနဲ႔ ေရြးေကာက္ပြဲေအာင္ႏုိင္ေရးရဲ႕ ဥကၠ႒လည္းျဖစ္တယ္။ အဲ့ဒီ့ထဲမွာ ေခါင္းေဆာင္လည္းျဖစ္တယ္။ ဒါေၾကာင့္မုိ႔လို႔ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ကိုယ့္မွာတာဝန္ရွိတယ္။ ေရြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တစြာျဖင့္ ေအာင္ႏုိင္ေရးအတြက္ ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ဒီေန႔ ဒီအခြင့္ကိုယ့္မွာမရွိေတာ့ဘူး။ မရွိေတာ့တဲ့အတြက္ ကိုယ့္ဆီမွာ တာဝန္မရွိေတာ့ဘူး။ "ဟု ေျပာၾကားလုိက္သည္။

ယင္းအျပင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ႏွင့္ ေရြးေကာက္ပြဲ မတုိင္မီ ႏွင့္ ေရြးေကာက္ပြဲအၿပီး ကာလမ်ားတြင္ ညိႇႏိႈင္းေဆာင္ရြက္ရန္ သေဘာတူညီခ်က္မ်ား ရွိခဲ့ေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

"အဲ့ဒီ့အခ်ိန္တုန္းကလည္း NLD နဲ႔ ႏုိင္ငံနဲ႔၊ ႏုိင္ငံသား အက်ဳိးစီးပြားအတြက္ ပူးေပါင္းေဆာင္ရြက္မယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ တူတာေတြ ေဆာင္ရြက္မယ္။ မတူတာေတြ ခ်န္ထားမယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲက်ရင္ အႏုိင္ရေအာင္ ေဆာင္ရြက္မယ္။ ေရြးေကာက္ပြဲ အလြန္က်ရင္လည္း ႏုိင္ငံနဲ႔ ႏုိင္ငံသားအက်ဳိးကို ညိႇႏိႈင္းေဆာင္ရြက္ၾကမယ္ဆုိတဲ့ မူလထဲက Geltaman agreement ေပါ့။ ႏိုင္ငံႏွင့္ ႏိုင္ငံသားအက်ဳိးကို ေဆာင္ရြက္ႏုိင္ရဲ႕သားနဲ႔ မေဆာင္ရြက္ရင္ အဲ့ဒီ့အဖြဲ႕အစည္းက ဘာျဖစ္သြားမလဲ ႏုိင္ငံကို တကယ္ခ်စ္တာလား။ တုိင္းျပည္ကို တကယ္ခ်စ္တာလား"ဟု ၎က ေမးခြန္းထုတ္လိုက္သည္။

သူရဦးေရႊမန္းသည္ လာမည့္ ႏုိဝင္ဘာ ၈ရက္တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲအတြက္ ေအာက္တုိဘာ ၃၁ရက္က ၎၏ မဲဆႏၵနယ္ျဖစ္ေသာ ျဖဴးၿမိဳ႕နယ္ ကညြတ္ကြင္း၌ မဲဆႏၵရွင္ျပည္သူမ်ား ႏွင့္ ေတြ႕ဆံုေတြ႕ဆံု စည္း႐ံုးခဲ့အၿပီး မီဒီယာမ်ား ႏွင့္ ေတြ႕ဆံုကာ သတင္းစာရွင္းလင္းပြဲပံုစံ ျပဳလုပ္ကာ မီဒီယာမ်ား၏ ေမးခြန္းမ်ားကို ေျဖၾကားခဲ့သည္။

လာမည့္ ႏုိဝင္ဘာ ၅ရက္တြင္လည္း အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေရြးေကာက္ပြဲ ႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရန္ ရွိေနသည္။
- See more at: http://mizzimaburmese.com/article/6793#sthash.ORavSZsd.f46VdNvb.dpuf
......................
ပြုပြင်​​ပြောင်​းလဲ​ရေးကို အတိုက်​အခံ​ခေါင်​း​ဆောင်​နှင်​့ ပူး​ပေါင်​း​လုပ်​​ဆောင်​​ရေး သမ္မတ နှင့် ဦးရွှေမန်း သဘောထားကွဲဟုဆို

    သတင်း မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ

ဟိန်းကိုစိုး
7 minutes 31 seconds ago Sat, 10/31/2015 - 21:03
Hits: 34 times

ဓာတ်ပုံ- H.E Thura U Shwe Mann facebook

ကညွတ်ကွင်း၊ အောက်တိုဘာ ၃၁ ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲကာလတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒရှိသည့်အတွက် သူရဦးရွှေမန်း နှင့် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီနှင့် သဘောထားကွဲလွဲမှုရှိကြောင်း သူရဦးရွှေမန်းက အောက်တိုဘာ ၃၁ရက်က ကညွတ်ကွင်းမြို့နယ်တွင် မီဒီယာများကို ပြောသည်။

ကြံ့ခိုင်ရေးပါတီတွင်း၌ သမ္မတဦးသိန်းစိန် နှင့် သူရဦးရွှေမန်းတို့အကြား ပြုပြင်​​ပြောင်​းလဲ​ရေး လုပ်ရာမှာ အတိုက်​အခံ​ခေါင်​း​ဆောင်​နှင်​့ ပူး​ပေါင်​း​လုပ်​​ဆောင်​​ရေး ဆိုတဲ့ကိစ္စတွင် သဘောထားကွဲလွဲမှု ရှိသလားဆိုပြီး မဇ္ဈိမ၏ အမေးကို သူရဦးရွှေမန်းက "ဖြစ်နိုင်ပါတယ်လို့ပဲ ပြောပါရစေ။ တချို့နေရာတွေမှာ လုပ်ငန်းချင်းတူရင် ပူးပေါင်းဆောင်ရွက်ရမယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မအောင်မြင်နိုင်ဘူး။ ဒီကာလမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပူးပေါင်းသင့်တဲ့သူတွေကို ပူးပေါင်းမှ ဖြစ်မယ်ဆိုတာကို ကိုယ်တို့မြင်တယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တစ်ယောက်တည်းလုပ်လို့မရဘူး။ ပါတီအားလုံးလည်း ပါရမယ်။ အဲ့ဒါမှ မဟုတ်ဘဲ ကိုယ်တစ်ယောက်တည်း ပြုပြင်ပြောင်းလဲမယ်။ ကိုယ်တစ်ယောက်တည်း အာဏာရနေမယ်ဆိုတဲ့ကိစ္စဟာ အင်မတန်ခက်ခဲတယ်"ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့လျှင်သော်လည်းကောင်း၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတစွာဖြင့် အောင်နိုင်ရေး မလုပ်နိုင်ခဲ့လျှင်သော်လည်းကောင်း ၎င်းအနေဖြင့် တာဝန်ရှိတော့မည်မဟုတ်ဟု ပူးတွဲ ဥက္ကဋ္ဌတာဝန် နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌတာဝန်မှ ရပ်ဆိုင်းခံလိုက်ရသည့် သူရဦးရွှေမန်းက ပြောသည်။

"ဒါဟာထင်ထင်ရှားရှားပဲ။ ဟိုတုန်းက ကိုယ့်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ အဲ့ဒီ့ထဲမှာ ခေါင်းဆောင်လည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ့်မှာတာဝန်ရှိတယ်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာဖြင့် အောင်နိုင်ရေးအတွက် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ဒီအခွင့်ကိုယ့်မှာမရှိတော့ဘူး။ မရှိတော့တဲ့အတွက် ကိုယ့်ဆီမှာ တာဝန်မရှိတော့ဘူး။ "ဟု ပြောကြားလိုက်သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရွေးကောက်ပွဲ မတိုင်မီ နှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီချက်များ ရှိခဲ့ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အဲ့ဒီ့အချိန်တုန်းကလည်း NLD နဲ့ နိုင်ငံနဲ့၊ နိုင်ငံသား အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မယ်။ တစ်နည်းအားဖြင့် ပြောရရင် တူတာတွေ ဆောင်ရွက်မယ်။ မတူတာတွေ ချန်ထားမယ်။ ဒါပေမယ့် ရွေးကောက်ပွဲကျရင် အနိုင်ရအောင် ဆောင်ရွက်မယ်။ ရွေးကောက်ပွဲ အလွန်ကျရင်လည်း နိုင်ငံနဲ့ နိုင်ငံသားအကျိုးကို ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုတဲ့ မူလထဲက Geltaman agreement ပေါ့။ နိုင်ငံနှင့် နိုင်ငံသားအကျိုးကို ဆောင်ရွက်နိုင်ရဲ့သားနဲ့ မဆောင်ရွက်ရင် အဲ့ဒီ့အဖွဲ့အစည်းက ဘာဖြစ်သွားမလဲ နိုင်ငံကို တကယ်ချစ်တာလား။ တိုင်းပြည်ကို တကယ်ချစ်တာလား"ဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။

သူရဦးရွှေမန်းသည် လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာ ၃၁ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ဖြူးမြို့နယ် ကညွတ်ကွင်း၌ မဲဆန္ဒရှင်ပြည်သူများ နှင့် တွေ့ဆုံတွေ့ဆုံ စည်းရုံးခဲ့အပြီး မီဒီယာများ နှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပုံစံ ပြုလုပ်ကာ မီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

လာမည့် နိုဝင်ဘာ ၅ရက်တွင်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိနေသည်။
- See more at: http://mizzimaburmese.com/article/6793#sthash.ORavSZsd.f46VdNvb.dpuf

No comments:

Post a Comment