Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

နာရီပတ္ထားသူရဲ့ပွ်မ္းမွ်သက္တမ္းကိုတြက္ခ်က္ေပးျပီး လက္က်န္အခ်ိန္ကို ေရတြက္ေပးေနမယ့္ Tikker လက္ပတ္နာရီ

သင့္ရဲ့ က်န္းမာေရးနဲ ့မညီတဲ့ ေနထုိင္မွဳပုံစံကို သင့္ကို ေစာေစာေသေစႏိုင္တယ္ဆိုျပီး ပူပန္ေသာက ေရာက္ေနမိလား။ ဒါဆုိရင္ေတာ့ ဒီနာရီက သင္ေသမယ့္အခ်ိန္ကို ကူတြက္ေပးပါလိမ့္မယ္။

ဆြီဒင္လူမ်ိဳးတီထြင္သူ Fredrik Colting ရဲ့ တီထြင္မွဳျဖစ္တဲ့ Tikker လက္ပတ္နာရီဟာ ၀တ္ထားသူရဲ့ လူေနမွဳပုံစံ အခ်က္အလက္ေတြကို မူတည္တြက္ခ်က္ျပီး သင့္ရဲ့ ေသဆုံးမယ့္အခ်ိန္ကို ေနာက္ျပန္ ေရတြက္ မွတ္ေနေပးမွာျဖစ္ပါတယ္။

၀တ္ဆင္ထားသူရဲ့ လူေနမွဳပုံစံ၊ ေဆးမွတ္တမ္း၊ ေဆးလိပ္နဲ ့အရက္ေသာက္လား၊ နဲ ့ကင္ဆာနဲ ့ဆီးခ်ိဳ တုိ ့လို ေရာဂါမ်ိဳးေတြ မိသားစုမ်ိဳးရိုးမွာ မွတ္တမ္းရွိလားဆုိတာကို ၀တ္ဆင္သူက ေျဖေပးရမွာျဖစ္ပါတယ္။ ေနာက္မွာေတာ့ သင္ေလ့က်င့္ခန္းတစ္ေန ့ဘယ္ေလာက္ေလာက္လဲ၊ ကိုယ္အေလးခ်ိန္တုိ ့ကို ျဖည့္ေပးျပီး နာရီက သင့္ရဲ့ပွ်မ္းမွ်သက္တမ္းကို တြက္ခ်က္ေပးမွာပါ။ ေနာက္မွာေတာ့ ဒီပွ်မ္းမွ်သက္တမ္းထဲက သင့္ လက္ရွိ သက္တမ္းကို ႏွဳတ္ျပီး သင့္ရဲ့ လက္က်န္အခ်ိန္ကို တြက္ခ်က္ေပးမွာျဖစ္ပါတယ္။

Tikker ဟာ သာမန္နာရီတစ္လုံးလုိလည္း အခ်ိန္ေဖာ္ျပေပးေနမွာျဖစ္ျပီး လက္က်န္အခ်ိန္ကိုပါ ဒိုင္ခြက္ပါ တစ္ပါတည္းေဖာ္ျပေပးေနမွာပါ။
ယခုနာရီကို ေစ်းကြက္၀င္ထုတ္ဖုိ ့အတြက္ Kickstarter မွာ ရန္ပုံေငြ ေဒၚလာ ကိုးေသာင္းရွစ္ေထာင္ေက်ာ္ ရရွိစုေဆာင္းျပီးေနာက္မွာ နာရီတစ္လုံးကို Firefox ကေနတဆင့္ ၄၉.၉၉ ေပါင္နဲ ့၀ယ္ယူႏိုင္ျပီျဖစ္ပါတယ္။

ဒီနာရီရဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ လူေတြကို စကၠန္ ့တုိင္းကို တန္ဖုိးထားတတ္ေအာင္လုိ ့ျဖစ္ျပီး အခ်ိန္ ဘယ္ေလာက္ပဲက်န္ေတာ့တယ္ဆုိတာ စိုးရိမ္ပူပန္ေနဖုိ ့မဟုတ္ဘူးလုိ ့တီထြင္သူ Fredrik Colting က ေျပာျပပါတယ္။

( Ye Wint )
................................................
နာရီပတ်ထားသူရဲ့ပျှမ်းမျှသက်တမ်းကိုတွက်ချက်ပေးပြီး လက်ကျန်အချိန်ကို ရေတွက်ပေးနေမယ့် Tikker လက်ပတ်နာရီ


သင့်ရဲ့ ကျန်းမာရေးနဲ ့မညီတဲ့ နေထိုင်မှုပုံစံကို သင့်ကို စောစောသေစေနိုင်တယ်ဆိုပြီး ပူပန်သောက ရောက်နေမိလား။ ဒါဆိုရင်တော့ ဒီနာရီက သင်သေမယ့်အချိန်ကို ကူတွက်ပေးပါလိမ့်မယ်။

ဆွီဒင်လူမျိုးတီထွင်သူ Fredrik Colting ရဲ့ တီထွင်မှုဖြစ်တဲ့ Tikker လက်ပတ်နာရီဟာ ၀တ်ထားသူရဲ့ လူနေမှုပုံစံ အချက်အလက်တွေကို မူတည်တွက်ချက်ပြီး သင့်ရဲ့ သေဆုံးမယ့်အချိန်ကို နောက်ပြန် ရေတွက် မှတ်နေပေးမှာဖြစ်ပါတယ်။

၀တ်ဆင်ထားသူရဲ့ လူနေမှုပုံစံ၊ ဆေးမှတ်တမ်း၊ ဆေးလိပ်နဲ ့အရက်သောက်လား၊ နဲ ့ကင်ဆာနဲ ့ဆီးချို တို ့လို ရောဂါမျိုးတွေ မိသားစုမျိုးရိုးမှာ မှတ်တမ်းရှိလားဆိုတာကို ၀တ်ဆင်သူက ဖြေပေးရမှာဖြစ်ပါတယ်။ နောက်မှာတော့ သင်လေ့ကျင့်ခန်းတစ်နေ ့ဘယ်လောက်လောက်လဲ၊ ကိုယ်အလေးချိန်တို ့ကို ဖြည့်ပေးပြီး နာရီက သင့်ရဲ့ပျှမ်းမျှသက်တမ်းကို တွက်ချက်ပေးမှာပါ။ နောက်မှာတော့ ဒီပျှမ်းမျှသက်တမ်းထဲက သင့် လက်ရှိ သက်တမ်းကို နှုတ်ပြီး သင့်ရဲ့ လက်ကျန်အချိန်ကို တွက်ချက်ပေးမှာဖြစ်ပါတယ်။

Tikker ဟာ သာမန်နာရီတစ်လုံးလိုလည်း အချိန်ဖော်ပြပေးနေမှာဖြစ်ပြီး လက်ကျန်အချိန်ကိုပါ ဒိုင်ခွက်ပါ တစ်ပါတည်းဖော်ပြပေးနေမှာပါ။
ယခုနာရီကို စျေးကွက်ဝင်ထုတ်ဖို ့အတွက် Kickstarter မှာ ရန်ပုံငွေ ဒေါ်လာ ကိုးသောင်းရှစ်ထောင်ကျော် ရရှိစုဆောင်းပြီးနောက်မှာ နာရီတစ်လုံးကို Firefox ကနေတဆင့် ၄၉.၉၉ ပေါင်နဲ ့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

ဒီနာရီရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေကို စက္ကန် ့တိုင်းကို တန်ဖိုးထားတတ်အောင်လို ့ဖြစ်ပြီး အချိန် ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာ စိုးရိမ်ပူပန်နေဖို ့မဟုတ်ဘူးလို ့တီထွင်သူ Fredrik Colting က ပြောပြပါတယ်။

( Ye Wint )

No comments:

Post a Comment