Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ထာ၀ရအသက္ရွည္ေဆး ေဖာ္စပ္ဖုိ ့ နီးစပ္လာျပီျဖစ္ေၾကာင္း သိပၸံပညာရွင္ေတြေျပာၾကား


ဆိုက္ေဘးရီးယားေရခဲျပင္ေျမလႊာထဲမွာ ႏွစ္ေပါင္း ၃.၅ သန္းေက်ာ္အသက္ရွင္ေနခဲ့တဲ့ ဘက္တီးရီးယားကို ရွာေဖြေတြ ့ရွိျပီးေနာက္မွာ သိပၸံပညာရွင္ေတြရဲ့ နတ္သက္ရွည္ေဆး ေဖာ္စပ္ဖုိ ့ၾကိဳးပမ္းမွဳဟာ အေရးၾကီးေျခလွမ္းတစ္ရပ္ကို လွမ္းႏိုင္လုိက္ျပီျဖစ္တယ္လုိ ့ဆုိပါတယ္။

သိပၸံပညာရွင္ေတြဟာ ဆုိက္ေဘးရီးယားေရခဲျပင္လုိ ၾကမ္းတမ္းတဲ့ေဒသအေျခအေနမွာ ဒီဘက္တီးရီးယားအေနနဲ ့ဘယ္လုိအသက္ရွင္ေနခဲ့သလဲ ဆုိတဲ့အေပၚမွာ ဘက္တီးရီးယားရဲ့ DNA ကို ေဖာ္ထုတ္ႏိုင္ျပီးတဲ့အခါ ပုိမုိနားလည္သေဘာေပါက္ႏိုင္ဖုိ ့ေမွ်ာ္မွန္းထားၾကပါတယ္။

ယခုအထိ ေတြ ့ရွိရတဲ့ အရိပ္လကၡဏာေတြကေတာ့ အလားအလာေကာင္းလ်က္ရွိပါတယ္။

“ ၾကြက္ေတြနဲ ့အသီးအႏွံေတြမွာ ကၽြန္ေတာ္တုိ ့စမ္းသပ္မွဳအမ်ားအျပားလုပ္ခဲ့ျပီးေနာက္မွာ၊ အသက္ရွည္မွဳနဲ ့သေႏၶ ေအာင္မွဳပုိင္းကို ဒီဘက္တီးရီးယားက ထိန္းထားေပးႏိုင္တဲ့ အက်ိဳးသက္ေရာက္မွဳကို ေတြ ့ရွိခဲ့ရပါတယ္” လုိ ့ အဆိုပါ ဘက္တီးရီးယားကို ရွာေဖြေတြ ့ရွိခဲ့တဲ့ ရွရွားလူမ်ိဳး Dr Anatoli Brouchkov က ေျပာၾကားပါတယ္။

“ ဒီဘက္တီးရီးယားရဲ့ မ်ိဳးဗီဇအသုံး၀င္ပုံ၊ ဂ်ီႏို(မ္) ေခၚ ဒီအင္န္ေအထဲက အခ်က္အလက္စုကို ကာကြယ္ထားတဲ့ အဂၤါအစိတ္အပုိင္းစုရဲ့ေဆာင္ရြက္ပုံေတြကို ကၽြန္ေတာ္တုိ ့နားလည္သေဘာေပါက္ဖုိ ့ လိုအပ္ပါတယ္” လုိ ့သူက ထပ္မံေျပာၾကားခဲ့ပါတယ္။

“ကမၻာၾကီးမွာ မေသဆုံးႏိုင္တဲ့ (၀ါ) ထာ၀ရအသက္ရွင္ႏိုင္တဲ့ ဘက္တီးရီးယားေတြ၊ သတၱ၀ါေတြ ရွိတယ္လုိ ့ကၽြန္ေတာ္ဆုိခ်င္ပါတယ္။ သူတုိ ့က မေသႏိုင္ဘူး။ ပုိျပီးအတိအက်ေျပာရရင္၊ ဆဲလ္ပ်က္စီးမွဳကို သူတို ့ဘာသာ ကာကြယ္ႏိုင္ပါတယ္”

“ကၽြန္ေတာ္တုိ ့ဆဲလ္ေတြကေတာ့ ပ်က္စီးမွဳကို သူတုိ ့ဘာသာ မကာကြယ္ႏိုင္ပါဘူး။ ဒီဘက္တီးရီးယားရဲ့ ပ်က္စီးမွဳနဲ ့အုိမင္းမွဳကို ကာကြယ္ေပးတဲ့ ေဆာင္ရြက္ပုံယႏၱရား ကို ရွာေတြ ့မယ္ဆုိရင္၊ ကၽြန္ေတာ္တုိ ့လူသားေတြ အုိမင္းရင့္ေရာ္မွဳအတြက္ ျပန္အသုံးခ်ႏိုင္မွာပါ။ ဒါဟာ လူသားေတြရဲ့ အဓိကပေဟဠိပုစၦာတစ္ပုဒ္ျဖစ္ျပီး ဒါကို ကၽြန္ေတာ္တုိ ့ေျဖရွင္းႏိုင္လိမ့္မယ္လုိ ့ယုံၾကည္ပါတယ္။” လုိ ့Dr.Brouchkov က ရွင္းျပခဲ့ပါတယ္။

( Ye Wint )
....................................................
ဆိုက်ဘေးရီးယားရေခဲပြင်မြေလွှာထဲမှာ နှစ်ပေါင်း ၃.၅ သန်းကျော်အသက်ရှင်နေခဲ့တဲ့ ဘက်တီးရီးယားကို ရှာဖွေတွေ ့ရှိပြီးနောက်မှာ သိပ္ပံပညာရှင်တွေရဲ့ နတ်သက်ရှည်ဆေး ဖော်စပ်ဖို ့ကြိုးပမ်းမှုဟာ အရေးကြီးခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်လိုက်ပြီဖြစ်တယ်လို ့ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆိုက်ဘေးရီးယားရေခဲပြင်လို ကြမ်းတမ်းတဲ့ဒေသအခြေအနေမှာ ဒီဘက်တီးရီးယားအနေနဲ ့ဘယ်လိုအသက်ရှင်နေခဲ့သလဲ ဆိုတဲ့အပေါ်မှာ ဘက်တီးရီးယားရဲ့ DNA ကို ဖော်ထုတ်နိုင်ပြီးတဲ့အခါ ပိုမိုနားလည်သဘောပေါက်နိုင်ဖို ့မျှော်မှန်းထားကြပါတယ်။

ယခုအထိ တွေ ့ရှိရတဲ့ အရိပ်လက္ခဏာတွေကတော့ အလားအလာကောင်းလျက်ရှိပါတယ်။

“ ကြွက်တွေနဲ ့အသီးအနှံတွေမှာ ကျွန်တော်တို ့စမ်းသပ်မှုအများအပြားလုပ်ခဲ့ပြီးနောက်မှာ၊ အသက်ရှည်မှုနဲ ့သန္ဓေ အောင်မှုပိုင်းကို ဒီဘက်တီးရီးယားက ထိန်းထားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုကို တွေ ့ရှိခဲ့ရပါတယ်” လို ့ အဆိုပါ ဘက်တီးရီးယားကို ရှာဖွေတွေ ့ရှိခဲ့တဲ့ ရှရှားလူမျိုး Dr Anatoli Brouchkov က ပြောကြားပါတယ်။

“ ဒီဘက်တီးရီးယားရဲ့ မျိုးဗီဇအသုံးဝင်ပုံ၊ ဂျီနို(မ်) ခေါ် ဒီအင်န်အေထဲက အချက်အလက်စုကို ကာကွယ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းစုရဲ့ဆောင်ရွက်ပုံတွေကို ကျွန်တော်တို ့နားလည်သဘောပေါက်ဖို ့ လိုအပ်ပါတယ်” လို ့သူက ထပ်မံပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ မသေဆုံးနိုင်တဲ့ (၀ါ) ထာဝရအသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ သတ္တဝါတွေ ရှိတယ်လို ့ကျွန်တော်ဆိုချင်ပါတယ်။ သူတို ့က မသေနိုင်ဘူး။ ပိုပြီးအတိအကျပြောရရင်၊ ဆဲလ်ပျက်စီးမှုကို သူတို ့ဘာသာ ကာကွယ်နိုင်ပါတယ်”

“ကျွန်တော်တို ့ဆဲလ်တွေကတော့ ပျက်စီးမှုကို သူတို ့ဘာသာ မကာကွယ်နိုင်ပါဘူး။ ဒီဘက်တီးရီးယားရဲ့ ပျက်စီးမှုနဲ ့အိုမင်းမှုကို ကာကွယ်ပေးတဲ့ ဆောင်ရွက်ပုံယန္တရား ကို ရှာတွေ ့မယ်ဆိုရင်၊ ကျွန်တော်တို ့လူသားတွေ အိုမင်းရင့်ရော်မှုအတွက် ပြန်အသုံးချနိုင်မှာပါ။ ဒါဟာ လူသားတွေရဲ့ အဓိကပဟေဠိပုစ္ဆာတစ်ပုဒ်ဖြစ်ပြီး ဒါကို ကျွန်တော်တို ့ဖြေရှင်းနိုင်လိမ့်မယ်လို ့ယုံကြည်ပါတယ်။” လို ့Dr.Brouchkov က ရှင်းပြခဲ့ပါတယ်။

( Ye Wint )

No comments:

Post a Comment