Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

အစိုးရအဖြဲ႔ကုိ အက်ပ္အတည္းျဖစ္ေအာင္ ေတာက္ေလ်ာက္လုပ္ခဲ့သည့္ NLD ပါတီကို မဲမေပးသင့္ေၾကာင္း ဧရာ၀တီတုိင္း၀န္ႀကီးခ်ဳပ္ ဦးသိန္းေအာင္ ျပည္ခိုိင္ၿဖိဳးပါတီ မဲဆြယ္စည္းရံုးပြဲတြင္ေျပာၾကား


  အစိုးရအဖြဲ႔ကို ေတာက္ေလွ်ာက္ နည္းမ်ိဳးစံု အက်ပ္အတည္းေတြ႔ေအာင္ ျပဳလုပ္ခဲ့သည့္ NLD ပါတီကို မဲမေပးသင့္ေၾကာင္း၊ အေနာက္အုပ္စုဘက္သို႔ ယိမ္းသည့္ ပါတီျဖစ္၍ ၎ပါတီအႏုိင္ရရွိပါက စစ္ပြဲမ်ား ျဖစ္ေပၚလာႏုိင္ေၾကာင္း၊ အျခားႏုိင္ငံသားမ်ားႏွင့္ ေသြးသားေတာ္စပ္မႈရွိေသာ ေခါင္းေဆာင္ျဖစ္သျဖင့္ မဲမေပးသင့္ေၾကာင္း ေျပာဆုိခဲ့သည္ဟု သိရသည္။

စက္တင္ဘာလ ၁၉ ရက္ေန႔က ပုသိမ္ၿမိဳ႕၊ ဧရာေရႊ၀ါခန္းမတြင္ ျပဳလုပ္ေသာ ေရြးေကာက္ပြဲ လံုျခံဳေရးအတြက္ ေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ အရပ္ဖက္ လူမႈအဖြဲ႔ အစည္းမ်ား ေတြ႔ဆံုပြဲတြင္ ၀န္ႀကီးခ်ဳပ္ဦးသိန္းေအာင္က ဧရာ၀တီတိုင္းေဒသႀကီး အတြင္းရွိ ဌာနအသီးသီးမွ အရာရွိႀကီးမ်ားကို မဲဆြယ္စည္းရုံးရာတြင္ ထုိသုိ႔ေျပာဆုိ ခဲ့ျခင္းျဖစ္သည္။

ကြ်န္ေတာ္ အဲ့ဒီအဖြဲ႔အစည္းက ပုဂၢိဳလ္ ကိုယ္စားလွယ္တစ္ေယာက္ကို ေမးၾကည့္ပါတယ္။ ခင္ဗ်ားတို႔ အႏုိင္ရရင္ ဘယ္သူ႔ကို သမၼတခန္႔မလဲေပါ့။ သူမေျဖႏုိင္ပါဘူး။ ” ဟု ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးသိန္းေအာင္က အဆိုပါပြဲတြင္ ေျပာသည္။

၀န္ထမ္းမ်ားအေနျဖင့္လည္း ပါတီတစ္ခုမွ ကိုယ္စားလွယ္ေလာင္းတစ္ဦး ေအာင္ႏုိင္ေရး ကိစၥ ကို လိုက္မလုပ္သင့္ေၾကာင္း သို႔ေသာ္ မိမိ၏မိသားစု၀င္မ်ား ၊ ရင္းႏွီးသူမ်ားႏွင့္ တပည့္သားခ်င္းမ်ား ကို ဘယ္ပါတီအား မဲထည့္ပါဟု တိုက္တြန္းႏုိင္ေၾကာင္း ေျပာဆို ခဲ့သည္ဟု တက္ေရာက္ခဲ့သည့္ ဌာနဆိုင္ရာအရာရွိမ်ားထံမွ သိရသည္။

ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ဦးသိန္းေအာင္သည္ ယခုရက္ပိုင္းအတြင္ ပုသိမ္ၿမိဳ႕ေပၚေစ်း အသီးသီးမွ ေစ်းသည္မ်ား၊ ဆန္လုပ္ငန္းရွင္မ်ား၊ ဟိုတယ္လုပ္ငန္းရွင္မ်ား၊ ပညာေရးဌာနမွ ၀န္ထမ္းမ်ား၊ ေတာင္သူမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ားႏွင့္ ေတြ႔ဆံုပြဲမ်ား ဆက္တုိက္ျပဳလုပ္ေနေၾကာင္း သိရသည္။

၀န္ၾကီးခ်ဳပ္ ဦးသိန္းေအာင္သည္ "ကြ်န္ေတာ္သာ ဆိုကၠားနင္းရရင္ေတာင္ ခ်မ္းသာေအာင္ လုပ္ႏိုင္ေၾကာင္း ေျပာခဲ့ဖူးသကဲ့သို႔ ဧရာ၀တီတိုင္း ေဒသႀကီးသည္ သယံဇာတမ်ား စားမကုန္ ေသာက္မကုန္ေလာက္ေအာင္ မ်ားျပားသျဖင့္ ၄င္းအေနျဖင့္ တာ၀န္ဆက္လက္ ယူရမည္ဆိုပါက စင္ကာပူႏုိင္ငံကဲ့သို႔ တိုးတက္လာေအာင္လည္း လုပ္ႏိုင္သည္ ဟုလည္း ေျပာခဲ့ဖူးသူျဖစ္သည္။

ဧရာ၀တီတုိင္းေဒသႀကီး အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ဦးသိန္းေအာင္သည္ လာမည့္ ေရြးေကာက္ပြဲ တြင္ ၄င္း၏ ေမြးရပ္ေျမျဖစ္သည့္ အဂၤပူၿမိဳ႕ မဲဆႏၵနယ္မွ ျပည္ခုိင္ၿဖိဳး ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
......................................

  အစိုးရအဖွဲ့ကို တောက်လျှောက် နည်းမျိုးစုံ အကျပ်အတည်းတွေ့အောင် ပြုလုပ်ခဲ့သည့် NLD ပါတီကို မဲမပေးသင့်ကြောင်း၊ အနောက်အုပ်စုဘက်သို့ ယိမ်းသည့် ပါတီဖြစ်၍ ၎င်းပါတီအနိုင်ရရှိပါက စစ်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အခြားနိုင်ငံသားများနှင့် သွေးသားတော်စပ်မှုရှိသော ခေါင်းဆောင်ဖြစ်သဖြင့် မဲမပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော ရွေးကောက်ပွဲ လုံခြုံရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်ဦးသိန်းအောင်က ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဌာနအသီးသီးမှ အရာရှိကြီးများကို မဲဆွယ်စည်းရုံးရာတွင် ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။

ကျွန်တော် အဲ့ဒီအဖွဲ့အစည်းက ပုဂ္ဂိုလ် ကိုယ်စားလှယ်တစ်ယောက်ကို မေးကြည့်ပါတယ်။ ခင်ဗျားတို့ အနိုင်ရရင် ဘယ်သူ့ကို သမ္မတခန့်မလဲပေါ့။ သူမဖြေနိုင်ပါဘူး။ ” ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က အဆိုပါပွဲတွင် ပြောသည်။

၀န်ထမ်းများအနေဖြင့်လည်း ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်းတစ်ဦး အောင်နိုင်ရေး ကိစ္စ ကို လိုက်မလုပ်သင့်ကြောင်း သို့သော် မိမိ၏မိသားစုဝင်များ ၊ ရင်းနှီးသူများနှင့် တပည့်သားချင်းများ ကို ဘယ်ပါတီအား မဲထည့်ပါဟု တိုက်တွန်းနိုင်ကြောင်း ပြောဆို ခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာအရာရှိများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်သည် ယခုရက်ပိုင်းအတွင် ပုသိမ်မြို့ပေါ်စျေး အသီးသီးမှ စျေးသည်များ၊ ဆန်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ တောင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

၀န်ကြီးချုပ် ဦးသိန်းအောင်သည် "ကျွန်တော်သာ ဆိုက္ကားနင်းရရင်တောင် ချမ်းသာအောင် လုပ်နိုင်ကြောင်း ပြောခဲ့ဖူးသကဲ့သို့ ဧရာဝတီတိုင်း ဒေသကြီးသည် သယံဇာတများ စားမကုန် သောက်မကုန်လောက်အောင် များပြားသဖြင့် ၄င်းအနေဖြင့် တာဝန်ဆက်လက် ယူရမည်ဆိုပါက စင်ကာပူနိုင်ငံကဲ့သို့ တိုးတက်လာအောင်လည်း လုပ်နိုင်သည် ဟုလည်း ပြောခဲ့ဖူးသူဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်သည် လာမည့် ရွေးကောက်ပွဲ တွင် ၄င်း၏ မွေးရပ်မြေဖြစ်သည့် အင်္ဂပူမြို့ မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment