Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 21, 2015

NCA စာခ်ဳပ္သည္ အျပန္အလွန္ ယံုၾကည္မႈကို အေျခခံထားသည့္ သေဘာ တူညီခ်က္ ျဖစ္ရန္ အဓိကက် ဟု ေဒၚေအာင္ဆန္းစုၾကည္ဆို


အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ ေရြးေကာက္ပြဲ ဆိုင္ရာ ေဟာေျပာခ်က္မ်ားအား ရုပ္ျမင္သံၾကားမွ ေဟာေျပာေနစဥ္ (ဓာတ္ပံု-MNA)
    ရန္ကုန္၊ စက္တင္ဘာ ၂၁ ရက္ (ဆင္ဟြာ)

    တစ္ႏိုင္ငံလံုး အပစ္အခတ္ ရပ္စဲေရး စာခ်ဳပ္ (NCA) သည္ အျပန္အလွန္ နားလည္မႈႏွင့္ ေလးစား ယံုၾကည္မႈကို အေျခခံထားၿပီး တည္တ့ံ ခိုင္ၿမဲသည့္ သေဘာတူညီခ်က္ ျဖစ္ရန္ အဓိက က်ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က ယေန႕ ေရဒီယိုႏွင့္ ရုပ္ျမင္သံၾကားမွ ေရြးေကာက္ပြဲ ဆိုင္ရာ ေဟာေျပာခ်က္တြင္ ထည့္သြင္း ေျပာၾကားသြားသည္။

အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ ေအာင္ျမင္စြာ လက္မွတ္ ေရးထိုးၿပီးေနာက္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲတြင္ ထြက္ေပၚလာမည့္ အစိုးရသစ္က ဆက္လက္ တာဝန္ယူရမည္ ျဖစ္ၿပီး ျပည္သူမ်ား လိုလား ေထာက္ခံလွ်င္ အဆိုပါ တာဝန္ကို အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနျဖင့္ ထမ္းေဆာင္ရန္ အသင့္ ျဖစ္ေနေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ျပည္တြင္းစစ္ ရပ္စဲေစရန္ အတြက္ အဆင့္ (၃) ဆင့္ႏွင့္ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း၊ ပထမ အဆင့္သည္ တစ္ႏိုင္ငံလံုး အတိုင္းအတာႏွင့္ အပစ္အခတ္ ရပ္စဲေရး၊ ဒုတိယအဆင့္ အေနျဖင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို က်င္းပၿပီး ညိႇႏိႈင္း အျဖရွာေရးႏွင့္ တတိယ အဆင့္တြင္ ပင္လံု၏ အေျခခံမူ ျဖစ္ေသာ တိုင္းရင္းသား တန္းတူညီမွ်မႈ၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ စသည္မ်ားကို ဖြဲ႔စည္းပံု အေျခခံ ဥပေဒတြင္ အာမခံ ရေရးမ်ား ျဖစ္သည္။

ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားသည္ အခ်ိန္ ၾကာျမင့္ႏိုင္ၿပီး ႏိုင္ငံ၏ အနာဂတ္ တစ္ခုလံုးအတြက္ ရည္ရြယ္ေသာ သေဘာ တူညီမႈမ်ားကို အေဆာတလ်င္ မရယူဘဲ အေသအခ်ာ တုိင္ပင္ အေျဖရွာျခင္းသည္ မွန္ကန္ေသာ လုပ္ရပ္ ျဖစ္ေၾကာင္း၊ အကန္႔အသတ္မရွိ အခ်ိန္ဆြဲႏိုင္ေသာ အေနအထား မျဖစ္ရန္ အလြန္ အေရးႀကီးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က  ေဟာေျပာခ်က္တြင္ ထည့္သြင္း ေျပာၾကားသည္။

ဖြဲ႕စည္းပံု အေျခခံ ဥပေဒ ျပင္ဆင္ေျပာင္းလဲရန္ တပ္မေတာ္၏ အခန္းက႑သည္ အေရးႀကီးေၾကာင္း၊ ျပင္ဆင္ ေျပာင္းလဲေရးမ်ားႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ႏွင့္ အဖြဲ႕ခ်ဳပ္ အျမင္မတူေသာ္လည္း ဒီမိုကေရစီ ဖယ္ဒရယ္ ျပည္ေထာင္စု၏ အနာဂတ္ တည္ၿငိမ္ ေတာက္ပေရးကို လိုလားသည့္ ေနရာတြင္ လံုးဝ ကြဲျပားမႈ မရွိေၾကာင္းကို ယံုၾကည္ေၾကာင္း ၎ကဆိုသည္။ 

(Xinhua)   
http://www.xinhuamyanmar.com/myanmar/politics-law-military/1303-nca-mm 
..................................................


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောချက်များအား ရုပ်မြင်သံကြားမှ ဟောပြောနေစဉ် (ဓာတ်ပုံ-MNA)
    ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) သည် အပြန်အလှန် နားလည်မှုနှင့် လေးစား ယုံကြည်မှုကို အခြေခံထားပြီး တည်တ့ံ ခိုင်မြဲသည့် သဘောတူညီချက် ဖြစ်ရန် အဓိက ကျကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောချက်တွင် ထည့်သွင်း ပြောကြားသွားသည်။

အပစ်အခတ် ရပ်စဲရေးစာချုပ် အောင်မြင်စွာ လက်မှတ် ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထွက်ပေါ်လာမည့် အစိုးရသစ်က ဆက်လက် တာဝန်ယူရမည် ဖြစ်ပြီး ပြည်သူများ လိုလား ထောက်ခံလျှင် အဆိုပါ တာဝန်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ထမ်းဆောင်ရန် အသင့် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်တွင်းစစ် ရပ်စဲစေရန် အတွက် အဆင့် (၃) ဆင့်နှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပထမ အဆင့်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပပြီး ညှိနှိုင်း အဖြရှာရေးနှင့် တတိယ အဆင့်တွင် ပင်လုံ၏ အခြေခံမူ ဖြစ်သော တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အာမခံ ရရေးများ ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အချိန် ကြာမြင့်နိုင်ပြီး နိုင်ငံ၏ အနာဂတ် တစ်ခုလုံးအတွက် ရည်ရွယ်သော သဘော တူညီမှုများကို အဆောတလျင် မရယူဘဲ အသေအချာ တိုင်ပင် အဖြေရှာခြင်းသည် မှန်ကန်သော လုပ်ရပ် ဖြစ်ကြောင်း၊ အကန့်အသတ်မရှိ အချိန်ဆွဲနိုင်သော အနေအထား မဖြစ်ရန် အလွန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ဟောပြောချက်တွင် ထည့်သွင်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ပြင်ဆင် ပြောင်းလဲရေးများနှင့် ပတ်သက်ပြီး တပ်မတော်နှင့် အဖွဲ့ချုပ် အမြင်မတူသော်လည်း ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု၏ အနာဂတ် တည်ငြိမ် တောက်ပရေးကို လိုလားသည့် နေရာတွင် လုံးဝ ကွဲပြားမှု မရှိကြောင်းကို ယုံကြည်ကြောင်း ၎င်းကဆိုသည်။ 

(Xinhua)   

http://www.xinhuamyanmar.com/myanmar/politics-law-military/1303-nca-mm 

No comments:

Post a Comment