Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ေဟာင္းႏြမ္းစုတ္ျပတ္တဲ့ မဂၤလာေဆာင္ အခမ္းအနားမ်ိဳးကို သေဘာက်တယ္ဆိုတဲ့ Demi Lovato


အရင္တုန္းက X Factor USA အစီအစဥ္ရဲ႕ အကဲျဖတ္ဒိုင္ တစ္ေယာက္ျဖစ္တဲ့ Demi Lovoto ဟာ Complex မဂၢဇင္းရဲ႕ မ်က္ႏွာဖံုးမွာ သူမ ကိုေတြ႔ေနၾကပံုစံ မဟုတ္တဲ့ အေဖာ္အခၽြတ္ပံုစံနဲ႔ ဓါတ္ပံုအရိုက္ခံခဲ့ပါတယ္။


အသက္ ၂၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ အဆိုေတာ္ Demi Lovato ဟာ သရုပ္ေဆာင္မင္းသား Wilmer Valderrama နဲ႔ ၅ ႏွစ္ခန္႔တြဲလာၿပီးတဲ့ေနာက္မွာ သူနဲ႔အတူ အျပင္ဘက္ အခမ္းအနားတစ္ခု က်င္းပၿပီး လက္ထပ္ခ်င္တယ္လို႔ ထို မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။

"ကၽြန္မဟာ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ မဂၤလာေဆာင္အခမ္းအနားမ်ိဳးကိုသေဘာက်ပါတယ္။ အဲဒီ အခမ္းအနားဟာ စပါးက်ီ ထဲမွာလည္း ျဖစ္ႏိုင္ပါတယ္။ ကၽြန္မ အတိအက်ေတာ့မသိပါဘူး။ ဒါေပမယ့္ ကၽြန္မဟာ သစ္ပင္ေတြမွာ မီးလံုးေတြခ်ိတ္ဆြဲထားတဲ့ အျပင္ဘက္ အခမ္းအနားမ်ိဳးနဲ႔ မဂၤလာေဆာင္ခ်င္တယ္ဆိုတာကေတာ့ ေသခ်ာပါတယ္" လို႔ Cool for the Summer သီခ်င္းနဲ႔ နာမည္ေက်ာ္ၾကားေနတဲ့ Demi Lovato ကဆိုပါတယ္။

Demi Lovato ဟာ ၂၀၁၀ ခုႏွစ္တုန္းက မူးယစ္ေဆး၀ါးျပသနာ ေတြ ၊ ကိုယ့္ကိုကိုယ္ နာက်င္ေစမႈ ေတြ ၊ ယမကာ ေသာက္သံုးမႈေတြနဲ႔ လြင့္ေျမာေနခဲ့ရာကေန အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ Wilmer က ခ်စ္ျခင္းမ်ားစြာနဲ႔ Demi Lovato ကို ခ်ဥ္းကပ္လာခဲ့တာပဲ ျဖစ္ပါတယ္။

သူမဟာ သူမရဲ႕ အနားမွာ ေကာင္းမြန္တဲ့ ေထာက္ပံ့မႈေတြရွိလာတဲ့အခါမွာ သူမရဲ႕ ငယ္သူငယ္ခ်င္းျဖစ္တဲ့ Selena Gomez နဲ႔ သူငယ္ခ်င္းအျဖစ္ ရွိေနေသးလားဆိုတဲ့ ေမးခြန္းကိုေတာ့ သူမက မျဖစ္ေနေတာ့ဘူးလုိ႔ ေျဖခဲ့သလို သူမနဲ႔ Selena တို႔ဟာ Justin Bieber ေၾကာင့္ အဆင္မေျပျဖစ္ခဲ့ရတယ္ဆိုတာကိုလည္း မဟုတ္မွန္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

Demi Lovato ဟာ လာမယ့္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ ဂရမ္မီ ဆုေပးပြဲမွာလည္း ဆန္ကာတင္ စာရင္း၀င္ေနပါေသးတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror
.......................................................................................
ဟောင်းနွမ်းစုတ်ပြတ်တဲ့ မင်္ဂလာဆောင် အခမ်းအနားမျိုးကို သဘောကျတယ်ဆိုတဲ့ Demi Lovato
အရင်တုန်းက X Factor USA အစီအစဉ်ရဲ့ အကဲဖြတ်ဒိုင် တစ်ယောက်ဖြစ်တဲ့ Demi Lovoto ဟာ Complex မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ သူမ ကိုတွေ့နေကြပုံစံ မဟုတ်တဲ့ အဖော်အချွတ်ပုံစံနဲ့ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ အဆိုတော် Demi Lovato ဟာ သရုပ်ဆောင်မင်းသား Wilmer Valderrama နဲ့ ၅ နှစ်ခန့်တွဲလာပြီးတဲ့နောက်မှာ သူနဲ့အတူ အပြင်ဘက် အခမ်းအနားတစ်ခု ကျင်းပပြီး လက်ထပ်ချင်တယ်လို့ ထို မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
"ကျွန်မဟာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ မင်္ဂလာဆောင်အခမ်းအနားမျိုးကိုသဘောကျပါတယ်။ အဲဒီ အခမ်းအနားဟာ စပါးကျီ ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မ အတိအကျတော့မသိပါဘူး။ ဒါပေမယ့် ကျွန်မဟာ သစ်ပင်တွေမှာ မီးလုံးတွေချိတ်ဆွဲထားတဲ့ အပြင်ဘက် အခမ်းအနားမျိုးနဲ့ မင်္ဂလာဆောင်ချင်တယ်ဆိုတာကတော့ သေချာပါတယ်" လို့ Cool for the Summer သီချင်းနဲ့ နာမည်ကျော်ကြားနေတဲ့ Demi Lovato ကဆိုပါတယ်။
Demi Lovato ဟာ ၂၀၁၀ ခုနှစ်တုန်းက မူးယစ်ဆေးဝါးပြသနာ တွေ ၊ ကိုယ့်ကိုကိုယ် နာကျင်စေမှု တွေ ၊ ယမကာ သောက်သုံးမှုတွေနဲ့ လွင့်မြောနေခဲ့ရာကနေ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ Wilmer က ချစ်ခြင်းများစွာနဲ့ Demi Lovato ကို ချဉ်းကပ်လာခဲ့တာပဲ ဖြစ်ပါတယ်။
သူမဟာ သူမရဲ့ အနားမှာ ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေရှိလာတဲ့အခါမှာ သူမရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Selena Gomez နဲ့ သူငယ်ချင်းအဖြစ် ရှိနေသေးလားဆိုတဲ့ မေးခွန်းကိုတော့ သူမက မဖြစ်နေတော့ဘူးလို့ ဖြေခဲ့သလို သူမနဲ့ Selena တို့ဟာ Justin Bieber ကြောင့် အဆင်မပြေဖြစ်ခဲ့ရတယ်ဆိုတာကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
Demi Lovato ဟာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဂရမ်မီ ဆုပေးပွဲမှာလည်း ဆန်ကာတင် စာရင်းဝင်နေပါသေးတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

No comments:

Post a Comment