Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

လင္မယားခ်င္းစကားမ်ားစဥ္ တုတ္ျဖင့္ရိုက္၍ ေသဆုံး


 ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀

 ၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေက်ာက္ေတာေက်းရြာေန မ်က္ခ်င္းႏုေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဝင္းသည္ ေနအိမ္၌ရွိေနစဥ္ ၎ေက်းရြာေန ေဒၚႏု(၅၁)ႏွစ္ႏွင့္ ဦးညြန႔္ေမာင္(၅၈)ႏွစ္တို႔ လင္မယားခ်င္း ရန္ျဖစ္ေနေၾကာင္းသိရ၍ သြားေရာက္ၾကည့္ရႈရာ ဦးညြန႔္ေမာင္မွာ ဒဏ္ရာမ်ားျဖင့္ သတိလစ္ ေနသည္ကိုေတြ႕ရွိရသည္။

 ေမးျမန္းခ်က္အရ ဦးညြန႔္ေမာင္သည္ ေဒၚႏုထံ အရက္ဖိုးေတာင္းစဥ္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ၾကရာ ဦးညြန႔္ေမာင္ က ဖင္ထိုင္ခုံ/အရွည္(၃)ေပ၊ လုံးပတ္(၅) လက္မခန႔္ ထင္းေခ်ာင္းတို႔ျဖင့္ ရိုက္ရန္ျပင္ရာ ေဒၚႏုမွ ထင္းေခ်ာင္းအားလုယူၿပီး ျပန္လည္ရိုက္ႏွက္ ခဲ့သျဖင့္ ဦးညြန႔္ေမာင္တြင္ ဒဏ္ရာမ်ားရွိခဲ့ေၾကာင္းသိရွိရသျဖင့္ အေရးယူေပးရန္တိုင္တန္းရာ ေနာင္ခ်ိဳၿမိဳ႕မရဲစခန္း(ပ)၁၀၀/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၂၅ ျဖင့္ အမႈဖြင့္စစ္ေဆးေနစဥ္ ယင္းေန႔ မြန္းလြဲ ၁ နာရီ ၅၀ မိနစ္အခ်ိန္ ဦးညြန႔္ေမာင္မွာ ေသဆုံးသြားသျဖင့္ ျပစ္မႈပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲအေရးယူ ထားေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia
,.............................................................................


 နေပြည်တော်၊ စက်တင်ဘာ ၃၀

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ရ နာရီအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်တောကျေးရွာနေ မျက်ချင်းနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် နေအိမ်၌ရှိနေစဉ် ၎င်းကျေးရွာနေ ဒေါ်နု(၅၁)နှစ်နှင့် ဦးညွန့်မောင်(၅၈)နှစ်တို့ လင်မယားချင်း ရန်ဖြစ်နေကြောင်းသိရ၍ သွားရောက်ကြည့်ရှုရာ ဦးညွန့်မောင်မှာ ဒဏ်ရာများဖြင့် သတိလစ် နေသည်ကိုတွေ့ရှိရသည်။

 မေးမြန်းချက်အရ ဦးညွန့်မောင်သည် ဒေါ်နုထံ အရက်ဖိုးတောင်းစဉ် လင်မယားချင်းစကားများရန်ဖြစ်ကြရာ ဦးညွန့်မောင် က ဖင်ထိုင်ခုံ/အရှည်(၃)ပေ၊ လုံးပတ်(၅) လက်မခန့် ထင်းချောင်းတို့ဖြင့် ရိုက်ရန်ပြင်ရာ ဒေါ်နုမှ ထင်းချောင်းအားလုယူပြီး ပြန်လည်ရိုက်နှက် ခဲ့သဖြင့် ဦးညွန့်မောင်တွင် ဒဏ်ရာများရှိခဲ့ကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းရာ နောင်ချိုမြို့မရဲစခန်း(ပ)၁၀၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်စစ်ဆေးနေစဉ် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ဦးညွန့်မောင်မှာ သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment