Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 30, 2015
ကောင်လေးတွေကို လိုသလိုကျီစားတဲ့ ရာသီခွင်
Chelmo Team
Credit. cocoloni
Credit Photo.cocoloni
..........................................................................................
မိန်းကလေးတွေရဲ့ အားသာချက်ကတော့ ကောင်လေးတွေကို ကျီစားတတ်တဲ့၊ ချစ်စရာကောင်းသော အနိုင်ကျင့်ခြင်းပါပဲ။
ရာသီခွင်အလိုက် ဘယ်သူက ကောင်လေးတွေကို ဒုက္ခရောက်စေလဲဆိုတာကို ကြည့်ရအောင်။
၀၁. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ ဘာကိုပဲလုပ်လုပ် ခေါင်းထဲမှာ အားလုံးကို အစီအစဉ်တကျ စဉ်းစား ဆုံးဖြတ်ပြီးသားဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလည်း စဉ်းစားပြီးသားဖြစ်လိမ့်မယ်။ သူ့ရည်စားနဲ့တွေ့ပြီး ၁၀ ကြိမ်လောက်မှ လက်လေးကို ထိခံမယ် စသည်ဖြင့်။ တကြိမ်စဉ်းစားဆုံးဖြတ်ပြီးသား ကိစ္စကို ဘယ်တော့မှ မပြောင်းလဲချင်ပါ။
၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ လယ်ကွင်းထဲမှာရှိတဲ့ နွားလေးလိုပါပဲ။ အချိန်တိုင်းလိုလို အေးအေးဆေးဆေးပါ။ နောက်ပြီး ယောကျင်္ားလေးတွေကို အနိုင်ကျင့်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါ။ မွေးရာပါ ထူးခြားချက်လေးဖြစ်ပါလိမ့်မယ်။
၀၃. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း 
သူကတော့ ကျီစားတဲ့နေရာမှာတော့ အတော်ဆုံးလို့ ပြောရမှာပါ။ လှချောတဲ့မိန်းကလေးတွေများတဲ့အတွက် ယောကျင်္ားလေးတွေကို လိုသလို အသုံးချသွားတတ်သူပါ။ ရည်စားဖြစ်တာတောင် တော်တော်နဲ့ အခွင့်အရေးကို မပေးတာက သူပါပဲ။
၀၄.သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုကို အလေးထားသူပါ။ ဒါတွေမရှိရင်တော့ သူလည်း အနိုင်ကျင့်တတ်သူပါ။ သတိထားပါ။
၀၅. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ရည်းစားဖြစ်ချင်သူ၊ ရည်စားကို တကယ်ပြန်စဉ်းစားကြည့်ရင် အားလုံးက ထင်တာထက်မြန်နေလားမသိပါလို့ဆိုပြီး ကျီစားချင်သောသူပါ။
၀၆. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
Line၊ Viber တို့ကိုသုံးပြီး Msg တွေနဲ့ စစ်ဆင်ရေးလုုပ်နေသောသူဖြစ်ပါလိမ့်မယ်။ ချက်ချင်းဘာလုပ်၊ဒါလုပ်ဆိုပြီး အနိုင်ကျင့်ပြီး ပျော်နေတတ်သူပါ။
၀၇. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူ့ကြည့်ရင်တော့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပင်မဲ့လည်း အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ တံခါးမကြီးက ပွင့်ရန် ခက်ပါသည်။
၀၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
ကျီစားရမယ်၊ အနိုင်ကျင့်ရမဲ့ကိစ္စတွေက အလုပ်ရှုပ်လွန်းလို့ ဘာမှကို မလုပ်ပါ။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
အားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်တာကို သဘောကျသူပါ။
၁၀. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူ့ကိုကြည့်လိုက်ရင်တော့ အေးအေးဆေးဆေးနေတာတခုတည်းမဟုတ်၊ အချစ်ရေးမှာလည်း ရှုပ်တာတွေဆိုရင် ဘာမှမလုပ်ချင်ပါ။
၁၁. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း 
သူက ကျီစားဖို့နေနေ၊ သူ့ကို ပြန်ပြီး ကျီစားတာကို သဘောကျသူပါ။
၁၂. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
အချိန်တွေ ကုန်ခံပြီး စဉ်းစားမနေတတ်သူပါ။ Msg တွေလာရင်လည်း ချက်ချင်းဆိုသလို ပြန်ဖြေတတ်သူဖြစ်တဲ့အတွက် အချစ်ရေးမှာလည်း လွတ်လွတ်လပ်လပ်ပါပဲ။
Chelmo Team
Credit. cocoloni
Credit Photo.cocoloni
No comments:
Post a Comment