Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

သံပုရာသီးေရေႏြးစိမ္ရည္ကို တစ္ႏွစ္ၾကာေသာက္ျပီးေနာက္ ဘာေတြျဖစ္လာမလဲ


နံနက္စာစားျပီးတိုင္း အခြံစိမ္းစိမ္း လတ္လတ္ဆတ္ဆတ္ သံပုရာသီးတစ္လံုးကို
ေလးစိပ္စိပ္၍ ေရေႏြးျဖဴစိမ္ေသာက္ေပးရမွာပါ။ သံပု ရာသီးေတြ
ႏြမ္းေပ်ာ့သြားတဲ့အထိ ေရေႏြးျဖဴအသစ္ထပ္ေလာင္းထည့္၍ ေရဆာတဲ့အခါတိုင္း
ေသာက္ေပးပါ။ ဖန္ခြက္၊ ေကာ္ခြက္၊ စတီးလ္ခြက္၊ ဖိုင္ဘာခြက္ေတြကိုမသံုးဘဲ
က်န္းမာေရးနဲ ့ညီညြတ္တဲ့ ေၾကြပန္းကန္လံုးကိုသာ သံုးစြဲဖို ့မေမ့နဲ ့ေနာ္။
ဤနည္းအ တိုင္း တစ္ေန ့ကို သံပုရာသီး
တစ္လံုးႏႈန္းျဖင့္သံပုရာသီးေရေႏြးစိမ္ရည္ကို
တစ္ႏွစ္ၾကာေသာက္ျပီးေနာက္မွာ သင့္အတြက္ဘာ ေတြထူးျခားလာမလဲ ဘာေတြျဖစ္လာမလဲ။

၁။ အဆိပ္အေတာက္မ်ား ေျပေစပါတယ္။
အိပ္ယာကနိုးထလာတဲ့အခါ ခႏၶာကိုယ္ကဆဲလ္ေတြ သန္ ့စင္ဖို ့အတြက္လည္းေကာင္း၊
ေျခာက္ေသြ ့ေနတဲ့ဆဲလ္ေတြကို သစ္ လြင္လန္းဆန္းေစဖို ့အတြက္လည္းေကာင္း၊
၄င္းဆဲလ္မ်ားက်န္းမာေစဖို ့အတြက္ ခႏၶာကိုယ္က ေရကို လိုအပ္လ်က္ရွိေနပါတယ္။
သံပုရာသီး ေရေႏြးစိမ္ေသာက္ေပးျခင္းျဖင့္ အဆိပ္အေတာက္ေတြေျပေစျပီး တစ္ေန
့တာလံုး ေပါ့ပါးသြက္လက္ေစပါမယ္။

၂။ PH ပမာဏကို မွ်တေစပါတယ္။
အယ္လ္ကာလီ ဆိုသည္မွာ အက္ဆစ္တို ့ႏွင့္ဓာတ္ျပဳကာ ဓာတုေဗဒသေဘာအရ
ဆားျဖစ္လာေသာအရာမ်ိဳးပါ။ သံပုရာသီးဟာ သဘာ၀ကရရွိေသာ အလြန္အံ့ဖြယ္ေကာင္းတဲ့
အယ္လ္ကာလီဓာတ္တို ့စုေ၀းရာ အသီးတစ္မ်ိဳးဘဲျဖစ္ပါတယ္။ သံပုရာသီး၏သ
ေဘာ၀ဘာ၀က အက္ဆစ္ဓာတ္ေတြပိုင္ဆိုင္ထားေသာ္လဲ၊ ၄င္းကိုစားသံုးျပီးေနာက္
ခႏၶာကို္ယ္ထဲေရာက္သြားတဲ့အခါမွာေတာ့ လူသားေတြက်န္းမာေရးအတြက္
ေကာင္းကိ်ဳးျပဳေစေသာ အယ္လ္ကာလိုင္းအျဖစ္ အက်ိဳးျဖစ္ေစပါတယ္။

၃။ အစာေက်ညက္ေစပါတယ္။
သံပုရာသီးထဲမွာ သဘာ၀ ဗီတာမင္ နဲ ့သတၱဳဓာတ္ေတြ ျမင့္မားစြာပါရွိေန၍
အူသိမ္အူမမ်ားကို အဆိပ္ ႏွင့္ ေရာဂါပိုးမႊားညစ္ ညမ္းျခင္းမွ
ကာကြယ္ေပးနိုင္စြမ္းရွိပါတယ္။ ၄င္းသံပုရာသီးကို ေရေႏြးနဲ
့စိမ္ေသာက္လိုက္တဲ့အခါမွာေတာ့ အစာအိမ္ႏွင့္အူလမ္း ေၾကာင္းစံနစ္ကို လွံဳ
့ေဆာ္ေပးကာ၊ အစာေၾကလမ္းေၾကာင္းအတြင္း အစာကိုလႈပ္ရွားေရြ ့လ်ားေစသည့္
အလိုအေလ်ာက္ ၾကြက္ သားလႈပ္ရွားမႈကို ေကာင္းစြာအေထာက္အပံ့ျဖစ္ေစပါတယ္။

၄။ အေရျပားသန္ ့ေစပါတယ္။
ဗီတာမင္စီရဲ ့ သေဘာသဘာ၀က အေရျပားေလ်ာ့ရဲျခင္း ႏွင့္ ၀က္ျခံမ်ားကို
ေလ်ာ့ပါးသက္သာေစျပီး၊ သံပုရာသီး နဲ ့ေရေႏြးပူတို ့
ေပါင္းစပ္ဓာတ္ျပဳလိုက္တဲ့အခါမွာေတာ့ ခႏၶာကိုယ္ထဲရွိေသြးမ်ားကို
အဆိပ္အေတာက္ေျပ သန္ ့ရွင္းေပးလိုက္တာေၾကာင့္ အေရ ျပားမ်ား ၾကည္လင္သန္
့စင္လာပါတယ္။

၅။ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားေစပါတယ္။
သံပုရာသီးထဲရွိ စြမ္းအားျပည့္ဗီတာမင္စီဓာတ္က အေအးမိျခင္းကို
အ့ံဖြယ္တြန္းလွန္းေပးျခင္း၊ စြမ္းအားျပည့္ပိုတက္စီယမ္ဓာတ္က
အာရံုေၾကာႏွင့္ ဦးေႏွာက္ေဆာင္တာေတြကို ႏိႈးဆြေပးျခင္း
ေသြးေၾကာၾကြတ္ဆတ္မႈကို ထိန္းခ်ဳပ္ေပးျခင္း၊ ပန္းနာရင္က်ပ္ ႏွင့္ အသက္ရႈ
ေလျပြန္ဆိုင္ရာေ၀ဒနာေတြကို ေကာင္းမြန္ေစျခင္း၊ ခႏၶာကို္ယ္ၾကီး
ကိုယ္ခံအားေကာင္းေစဖို ့အတြက္ မရွိမျဖစ္လိုအပ္ ေနေသာ သံဓာတ္ကို
စုပ္ယူမႈအားေကာင္းေစျခင္း ..စသျဖင့္ သံပုရာသီးက ေကာင္းက်ိဳးျပဳပါတယ္။

သံပုရာသီးေရေႏြးစိမ္ရည္ေသာက္ေပးျခင္းျဖင့္ ေအာက္ပါ
က်န္းမာေရးအက်ိဳးေက်းဇူးေတြကိ္ု ရရွိေစမွာျဖစ္ပါတယ္။

• အီလက္ထရိုလိုက္ အစြမ္းပါရွိေနတာေၾကာင့္လည္း ခႏၶကိုယ္အတြက္
သြယ္၀ိုက္ေသာနည္းျဖင့္ ေရဓာတ္အျဖစ္ ပံ့ပိုး ေပးနိုင္ပါတယ္။

• ၾကြက္သား နဲ ့ အရိုးဆစ္ျမစ္ေတြ နာက်င္မႈကို သက္သာေစပါတယ္။

• အင္ဇိုင္းပမာဏေတြ တိုးပြားလာေစပါတယ္။

• ေသြးတိုးေရာဂါသည္မ်ားကို ေကာင္းက်ိဳးျပဳပါတယ္။

• ကင္ဆာေရာဂါမ်ားမွ ကာကြယ္ေပးနိုင္ပါတယ္။

• ကိုယ္အေလးခ်ိန္ကို ထိန္းညွ္ိေပးနိုင္ပါတယ္။

• ကယ္လ္စီယမ္အနည္မ်ားကို ေပ်ာ္၀င္ေစနိုင္တာေၾကာင့္လည္း
ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ သည္းေျခ ေက်ာက္ တည္ျခင္း၊ မံု
့ခ်ိဳအိတ္(ပန္ကရိယ)ေက်ာက္တည္ျခင္း စတာေတြ မျဖစ္ေစေတာ့ပါဘူး။

• ရင္ပူျခင္းကို သက္သာေစပါတယ္။

• အရိုး အဆစ္အျမစ္ေတြကို ဒုကၡေပးတဲ့ ယူရစ္အက္ဆစ္ပမာဏမ်ားကို က်ေစပါတယ္။

• ကိုယ္တြင္းကိုယ္ပ ေရာင္ရမ္းနာမ်ားကို ေကာင္းက်ိဳးျပဳပါတယ္။

• အေရျပားေပၚရွိ အမာရြတ္မ်ား၊ အမည္းကြက္ စတဲ့အျပစ္အနာဆာမ်ားကို
ေျပာေလ်ာ့သက္သာေစပါတယ္။

• အရိုးႏုမ်ား၊ အရိုး ႏွင့္ တစ္ရႈးေတြကို က်န္းမာေစပါတယ္။

ေဆးေသာက္နည္းကေတာ့-
(၁) နံက္စာစားျပီးခ်ိန္မွစ၍ ေသာက္ပါ။ (၂) လတ္ဆတ္တဲ့ အစိမ္းေရာင္အခြံ
သံပုရာသီးတစ္လံုးသံံုးပါ။ (၃) အထဲကအရည္လိုက္ လာေစရန္ ႏွင့္
အခြံမွအဆီထြက္လာေစရန္တို ့အတြက္၊ ဦးစြာသံပုရာသီးကို စားပြဲသန္ ့သန္
့(သို ့)စဥ့္ႏွီတံုးသန္ ့သန္ ့ေပၚတင္၍ လက္ျဖင့္ ႏွစ္ပတ္ သံုးပတ္
အသာအယာလွိမ့္ေပးပါ။ (၄) ျပီးရင္ သံပုရာသီးကို ေလးစိပ္ စိပ္ပါ။ (၅)
ေရေႏြးျဖဴ ပူပူထဲ့ထားတဲ့ ေၾကြပန္းကန္လံုးထဲသို ့ ထိုသံပုရာသီး ေလးစိပ္ကို
လက္ျဖင့္အရည္ထြက္ေအာင္ညွစ္၍၊ သံပုရာရည္၊ သံပုရာခြံ၊ သံပုရာေစ့ အား
လံုးကို ဖန္ခြက္ထဲသို ့ထဲ့၍ ေသာက္ေပးရံုပါဘဲ။ (၆) ေရေႏြးကုန္သြားတဲ့အခါ၊
ထိုသံပုရာခြက္ထဲသို ့ ေရေႏြးပူပူထပ္ျဖည့္၍ ေသာက္ပါ။ ေရဆာတိုင္း
ေရေႏြးပူျဖည့္၍ ေသာက္ေပးပါ။ (၇) သံပုရာေစ့မ်ားကို
၀ါးစားမ်ိဳခ်နိုင္ပါတယ္။ (ေသြးတိုးေရာဂါရွိ သူမ်ား အတြက္ ထိုသံပုရာေစ့က
လြန္စြာေဆးဖက္၀င္ပါတယ္)

မွတ္ခ်က္။
(က) လတ္ဆတ္တဲ့ အစိမ္းေရာင္အခြံ သံပုရာသီးကိုသာသံုးပါ။
ထိုအစိမ္းေရာင္အသီးက ပထမဆံုးေရေႏြးခြက္မွာသာ အရသာ ခ်ဥ္ေသာ္လည္း၊ ဒုတိယ
တတိယခြက္ေတြမွာေတာ့ အရသာမခ်ဥ္ေတာ့ပါဘူး။ ေနာက္ျပီး ေရေႏြးပူနဲ ့ထိေတြ
့တဲ့အခါ လတ္ဆတ္ တဲ့ အခြံကထြက္လာတဲ့ အဆီက၊ အ၀လြန္အဆီပိုေတြကို
ေကာင္းက်ိဳးျပဳပါတယ္။ (ခ) အခြံအေရာင္၀ါတဲ့ အသီးကို မသံုးပါႏွင့္။
၄င္းအခြံ၀ါက ေရေႏြးပူနဲ ့ေတြ ့တဲ့အခါ အတန္ငယ္ခြ်ဲထြက္လာျပီး အရသာမွာလည္း
ခါးသက္လွပါတယ္။ (ဂ) အထက္ပါနည္း အတိုင္း သံပုရာသီး တေန ့တလံုး
မွန္မွန္ေသာက္ေပးျခင္းျဖင့္ သံုးလအတြင္းမွာပင္ စာေရးသူ၏
၀မ္းဗိုက္ႏွင့္ခါးမွ အဆီမ်ားက်၍ ႏွစ္လကၡခန္ ့ သိသိသသာသာ
ကိုယ္ေရစစ္က်သြားတာကို လက္ေတြ ့ခံစားသိရွိရပါတယ္။ (ဃ) အစာအိမ္ေရာဂါ
ရွိသူမ်ား၊ အစာအိမ္အက္ဆစ္ အထြက္မ်ားသူမ်ား၊ ေသြးေပါင္က်တတ္သူမ်ား ႏွင့္
ထို သံပုရာသီး ေရေႏြးစိမ္ေသာက္ျပီးေနာက္ ဗိုက္ေအာင့္ လာသူမ်ား
မေသာက္သံုးသင့္ပါဘူး။ (င) တေနကုန္ သံပုရာစိမ္ရည္ ေသာက္ထားတာေၾကာင့္
ညအိပ္ခါနီး ႏွင့္ နံက္အိပ္ယာထ သြားတိုက္ခါနီးတိုင္းမွာ
ဦးစြာေရမ်ားမ်ားျဖင့္ ပလုပ္နာနာက်င္းေပးပါ။ ျပီးမွ သြားတိုက္ပါ။

(ေဆာင္းပါး႐ွင္.....ေပါက္ေပါက္…ေရးသားမွ်ေ၀သည္)
...............................


နံနက်စာစားပြီးတိုင်း အခွံစိမ်းစိမ်း လတ်လတ်ဆတ်ဆတ် သံပုရာသီးတစ်လုံးကို
လေးစိပ်စိပ်၍ ရေနွေးဖြူစိမ်သောက်ပေးရမှာပါ။ သံပု ရာသီးတွေ
နွမ်းပျော့သွားတဲ့အထိ ရေနွေးဖြူအသစ်ထပ်လောင်းထည့်၍ ရေဆာတဲ့အခါတိုင်း
သောက်ပေးပါ။ ဖန်ခွက်၊ ကော်ခွက်၊ စတီးလ်ခွက်၊ ဖိုင်ဘာခွက်တွေကိုမသုံးဘဲ
ကျန်းမာရေးနဲ ့ညီညွတ်တဲ့ ကြွေပန်းကန်လုံးကိုသာ သုံးစွဲဖို ့မမေ့နဲ ့နော်။
ဤနည်းအ တိုင်း တစ်နေ ့ကို သံပုရာသီး
တစ်လုံးနှုန်းဖြင့်သံပုရာသီးရေနွေးစိမ်ရည်ကို
တစ်နှစ်ကြာသောက်ပြီးနောက်မှာ သင့်အတွက်ဘာ တွေထူးခြားလာမလဲ ဘာတွေဖြစ်လာမလဲ။

၁။ အဆိပ်အတောက်များ ပြေစေပါတယ်။
အိပ်ယာကနိုးထလာတဲ့အခါ ခန္ဓာကိုယ်ကဆဲလ်တွေ သန် ့စင်ဖို ့အတွက်လည်းကောင်း၊
ခြောက်သွေ ့နေတဲ့ဆဲလ်တွေကို သစ် လွင်လန်းဆန်းစေဖို ့အတွက်လည်းကောင်း၊
၄င်းဆဲလ်များကျန်းမာစေဖို ့အတွက် ခန္ဓာကိုယ်က ရေကို လိုအပ်လျက်ရှိနေပါတယ်။
သံပုရာသီး ရေနွေးစိမ်သောက်ပေးခြင်းဖြင့် အဆိပ်အတောက်တွေပြေစေပြီး တစ်နေ
့တာလုံး ပေါ့ပါးသွက်လက်စေပါမယ်။

၂။ PH ပမာဏကို မျှတစေပါတယ်။
အယ်လ်ကာလီ ဆိုသည်မှာ အက်ဆစ်တို ့နှင့်ဓာတ်ပြုကာ ဓာတုဗေဒသဘောအရ
ဆားဖြစ်လာသောအရာမျိုးပါ။ သံပုရာသီးဟာ သဘာဝကရရှိသော အလွန်အံ့ဖွယ်ကောင်းတဲ့
အယ်လ်ကာလီဓာတ်တို ့စုဝေးရာ အသီးတစ်မျိုးဘဲဖြစ်ပါတယ်။ သံပုရာသီး၏သ
ဘောဝဘာဝက အက်ဆစ်ဓာတ်တွေပိုင်ဆိုင်ထားသော်လဲ၊ ၄င်းကိုစားသုံးပြီးနောက်
ခန္ဓာကို်ယ်ထဲရောက်သွားတဲ့အခါမှာတော့ လူသားတွေကျန်းမာရေးအတွက်
ကောင်းကျိုးပြုစေသော အယ်လ်ကာလိုင်းအဖြစ် အကျိုးဖြစ်စေပါတယ်။

၃။ အစာကျေညက်စေပါတယ်။
သံပုရာသီးထဲမှာ သဘာဝ ဗီတာမင် နဲ ့သတ္တုဓာတ်တွေ မြင့်မားစွာပါရှိနေ၍
အူသိမ်အူမများကို အဆိပ် နှင့် ရောဂါပိုးမွှားညစ် ညမ်းခြင်းမှ
ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ၄င်းသံပုရာသီးကို ရေနွေးနဲ
့စိမ်သောက်လိုက်တဲ့အခါမှာတော့ အစာအိမ်နှင့်အူလမ်း ကြောင်းစံနစ်ကို လှုံ
့ဆော်ပေးကာ၊ အစာကြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ ့လျားစေသည့်
အလိုအလျောက် ကြွက် သားလှုပ်ရှားမှုကို ကောင်းစွာအထောက်အပံ့ဖြစ်စေပါတယ်။

၄။ အရေပြားသန် ့စေပါတယ်။
ဗီတာမင်စီရဲ ့ သဘောသဘာဝက အရေပြားလျော့ရဲခြင်း နှင့် ၀က်ခြံများကို
လျော့ပါးသက်သာစေပြီး၊ သံပုရာသီး နဲ ့ရေနွေးပူတို ့
ပေါင်းစပ်ဓာတ်ပြုလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲရှိသွေးများကို
အဆိပ်အတောက်ပြေ သန် ့ရှင်းပေးလိုက်တာကြောင့် အရေ ပြားများ ကြည်လင်သန်
့စင်လာပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။
သံပုရာသီးထဲရှိ စွမ်းအားပြည့်ဗီတာမင်စီဓာတ်က အအေးမိခြင်းကို
အ့ံဖွယ်တွန်းလှန်းပေးခြင်း၊ စွမ်းအားပြည့်ပိုတက်စီယမ်ဓာတ်က
အာရုံကြောနှင့် ဦးနှောက်ဆောင်တာတွေကို နှိုးဆွပေးခြင်း
သွေးကြောကြွတ်ဆတ်မှုကို ထိန်းချုပ်ပေးခြင်း၊ ပန်းနာရင်ကျပ် နှင့် အသက်ရှု
လေပြွန်ဆိုင်ရာဝေဒနာတွေကို ကောင်းမွန်စေခြင်း၊ ခန္ဓာကို်ယ်ကြီး
ကိုယ်ခံအားကောင်းစေဖို ့အတွက် မရှိမဖြစ်လိုအပ် နေသော သံဓာတ်ကို
စုပ်ယူမှုအားကောင်းစေခြင်း ..စသဖြင့် သံပုရာသီးက ကောင်းကျိုးပြုပါတယ်။

သံပုရာသီးရေနွေးစိမ်ရည်သောက်ပေးခြင်းဖြင့် အောက်ပါ
ကျန်းမာရေးအကျိုးကျေးဇူးတွေကိ်ု ရရှိစေမှာဖြစ်ပါတယ်။

• အီလက်ထရိုလိုက် အစွမ်းပါရှိနေတာကြောင့်လည်း ခန္ဓကိုယ်အတွက်
သွယ်ဝိုက်သောနည်းဖြင့် ရေဓာတ်အဖြစ် ပံ့ပိုး ပေးနိုင်ပါတယ်။

• ကြွက်သား နဲ ့ အရိုးဆစ်မြစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။

• အင်ဇိုင်းပမာဏတွေ တိုးပွားလာစေပါတယ်။

• သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။

• ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

• ကိုယ်အလေးချိန်ကို ထိန်းညှ်ိပေးနိုင်ပါတယ်။

• ကယ်လ်စီယမ်အနည်များကို ပျော်ဝင်စေနိုင်တာကြောင့်လည်း
ကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေ ကျောက် တည်ခြင်း၊ မုံ
့ချိုအိတ်(ပန်ကရိယ)ကျောက်တည်ခြင်း စတာတွေ မဖြစ်စေတော့ပါဘူး။

• ရင်ပူခြင်းကို သက်သာစေပါတယ်။

• အရိုး အဆစ်အမြစ်တွေကို ဒုက္ခပေးတဲ့ ယူရစ်အက်ဆစ်ပမာဏများကို ကျစေပါတယ်။

• ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို ကောင်းကျိုးပြုပါတယ်။

• အရေပြားပေါ်ရှိ အမာရွတ်များ၊ အမည်းကွက် စတဲ့အပြစ်အနာဆာများကို
ပြောလျော့သက်သာစေပါတယ်။

• အရိုးနုများ၊ အရိုး နှင့် တစ်ရှုးတွေကို ကျန်းမာစေပါတယ်။

ဆေးသောက်နည်းကတော့-
(၁) နံက်စာစားပြီးချိန်မှစ၍ သောက်ပါ။ (၂) လတ်ဆတ်တဲ့ အစိမ်းရောင်အခွံ
သံပုရာသီးတစ်လုံးသုံံးပါ။ (၃) အထဲကအရည်လိုက် လာစေရန် နှင့်
အခွံမှအဆီထွက်လာစေရန်တို ့အတွက်၊ ဦးစွာသံပုရာသီးကို စားပွဲသန် ့သန်
့(သို ့)စဉ့်နှီတုံးသန် ့သန် ့ပေါ်တင်၍ လက်ဖြင့် နှစ်ပတ် သုံးပတ်
အသာအယာလှိမ့်ပေးပါ။ (၄) ပြီးရင် သံပုရာသီးကို လေးစိပ် စိပ်ပါ။ (၅)
ရေနွေးဖြူ ပူပူထဲ့ထားတဲ့ ကြွေပန်းကန်လုံးထဲသို ့ ထိုသံပုရာသီး လေးစိပ်ကို
လက်ဖြင့်အရည်ထွက်အောင်ညှစ်၍၊ သံပုရာရည်၊ သံပုရာခွံ၊ သံပုရာစေ့ အား
လုံးကို ဖန်ခွက်ထဲသို ့ထဲ့၍ သောက်ပေးရုံပါဘဲ။ (၆) ရေနွေးကုန်သွားတဲ့အခါ၊
ထိုသံပုရာခွက်ထဲသို ့ ရေနွေးပူပူထပ်ဖြည့်၍ သောက်ပါ။ ရေဆာတိုင်း
ရေနွေးပူဖြည့်၍ သောက်ပေးပါ။ (၇) သံပုရာစေ့များကို
၀ါးစားမျိုချနိုင်ပါတယ်။ (သွေးတိုးရောဂါရှိ သူများ အတွက် ထိုသံပုရာစေ့က
လွန်စွာဆေးဖက်ဝင်ပါတယ်)

မှတ်ချက်။
(က) လတ်ဆတ်တဲ့ အစိမ်းရောင်အခွံ သံပုရာသီးကိုသာသုံးပါ။
ထိုအစိမ်းရောင်အသီးက ပထမဆုံးရေနွေးခွက်မှာသာ အရသာ ချဉ်သော်လည်း၊ ဒုတိယ
တတိယခွက်တွေမှာတော့ အရသာမချဉ်တော့ပါဘူး။ နောက်ပြီး ရေနွေးပူနဲ ့ထိတွေ
့တဲ့အခါ လတ်ဆတ် တဲ့ အခွံကထွက်လာတဲ့ အဆီက၊ အဝလွန်အဆီပိုတွေကို
ကောင်းကျိုးပြုပါတယ်။ (ခ) အခွံအရောင်ဝါတဲ့ အသီးကို မသုံးပါနှင့်။
၄င်းအခွံဝါက ရေနွေးပူနဲ ့တွေ ့တဲ့အခါ အတန်ငယ်ချွဲထွက်လာပြီး အရသာမှာလည်း
ခါးသက်လှပါတယ်။ (ဂ) အထက်ပါနည်း အတိုင်း သံပုရာသီး တနေ ့တလုံး
မှန်မှန်သောက်ပေးခြင်းဖြင့် သုံးလအတွင်းမှာပင် စာရေးသူ၏
၀မ်းဗိုက်နှင့်ခါးမှ အဆီများကျ၍ နှစ်လက္ခခန် ့ သိသိသသာသာ
ကိုယ်ရေစစ်ကျသွားတာကို လက်တွေ ့ခံစားသိရှိရပါတယ်။ (ဃ) အစာအိမ်ရောဂါ
ရှိသူများ၊ အစာအိမ်အက်ဆစ် အထွက်များသူများ၊ သွေးပေါင်ကျတတ်သူများ နှင့်
ထို သံပုရာသီး ရေနွေးစိမ်သောက်ပြီးနောက် ဗိုက်အောင့် လာသူများ
မသောက်သုံးသင့်ပါဘူး။ (င) တနေကုန် သံပုရာစိမ်ရည် သောက်ထားတာကြောင့်
ညအိပ်ခါနီး နှင့် နံက်အိပ်ယာထ သွားတိုက်ခါနီးတိုင်းမှာ
ဦးစွာရေများများဖြင့် ပလုပ်နာနာကျင်းပေးပါ။ ပြီးမှ သွားတိုက်ပါ။

(ဆောင်းပါးရှင်.....ပေါက်ပေါက်…ရေးသားမျှဝေသည်)

No comments:

Post a Comment