Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

သတိ၊ ေဒါင္းမွားႏုိင္သည္။


|| Opinion - ရဲမင္းဦး ||

 ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ထုတ္ 7Day ေန႔စဥ္သတင္းစာမွာ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ အလံကို တျခား ပါတီေတြ ရဲ႕ အလံေတြနဲ႕ မမွားေစဖို႕ ေဆာင္းပါးတစ္ပုဒ္ေရးၿပီး သတိေပးခဲ့ပါတယ္။ သတိေပးတဲ့ အဲဒီေဆာင္းပါးမွာပဲ ေဖာ္ျပထားတဲ့ အလံက အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ အလံမဟုတ္ဘဲ တျခား အဖြဲ႕အစည္း တစ္ခုရဲ႕ အလံျဖစ္ေနခဲ့ ပါတယ္။ ဒီအတြက္လည္း 7 Day က တရားဝင္ ေတာင္းပန္မႈ ကို အြန္လိုင္းမွာ ျပဳလုပ္ထားတာေလး ဖတ္လိုုက္ရပါတယ္။

ဒီကိစၥေလးဟာ အင္မတန္အေရးႀကီးတယ္လိုု႕ ထင္မိပါတယ္။ အၾကား အျမင္ႏွံ႕စပ္တဲ့ မီဒီယာေတြေတာင္ မွားတတ္တယ္ဆိုရင္ သာမန္ျပည္သူေတြ အေနနဲ႕ ဆင္တူျဖစ္ေနတဲ့ လုိဂိုေတြ ဆင္တူျဖစ္ေနတဲ့ အလံေတြေၾကာင့္ ေရြးေကာက္ပြဲမွာ မဲေပးမႈ မွားယြင္းႏိုင္တယ္လို႕ ျမင္ မိပါတယ္။ ဒါေၾကာင့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အလံအေၾကာင္းေလး အမ်ားသိၿပီးသားဆိုေပမယ့္ ထပ္မံေျပာခ်င္မိပါတယ္။

အားလံုးသိတဲ့အတိုင္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ၁၉၈၈ခုႏွစ္ လူထုအေရးေတာ္ပံုႀကီးကေန ေပၚေပါက္လာခဲ့တဲ့ ပါတီတစ္ရပ္ျဖစ္ပါတယ္။ ဒီေန႕ဆိုရင္ နွစ္ေပါင္း ၂၇ႏွစ္ ျပည့္ပါၿပီ။ သာမန္လူေတြ ၾကားပင္မၾကားဖူး၊ ထင္ပင္မထင္ရက္၊ ယံုေတာင္မယံုႏိုင္မယ့္ ဖိႏွိပ္မႈမ်ဳိးစံု၊ ၿဖိဳးခြင္းနည္းအသြယ္သြယ္ေတြကို ၂၇ႏွစ္တိတိ ၾကံ႕ၾကံ႕ခံ ရပ္တည္ခဲ့တဲ့ ပါတီတစ္ရပ္လည္းျဖစ္ပါတယ္။

၁၉၈၈ လူထုအေရးေတာ္ပံုႀကီးဟာ တကၠသိုလ္ေက်ာင္းသားေတြက စတင္ခဲ့ၾကတာျဖစ္ပါတယ္။ ၁၉၆၂ အာဏာသိမ္းအစိုးရကေန ၁၉၆၄မွာ တစ္ပါတီစနစ္ကို အသက္သြင္းခဲ့ၿပီး မေအာင္ျမင္တဲ့ စီးပြားေရးစနစ္ေၾကာင့္ တိုင္းျပည္က အဖက္ဖက္က နိမ့္က်ရံုတင္မဟုတ္ လူထုဟာ က်ပ္တည္းတဲ့အဆင့္ထိ ေရာက္ရွိခဲ့ရာကေန ၁၉၈၇မွာ ကမာၻ႕အဆင္းရဲဆံုးႏိုင္ငံ(LDC)ျဖစ္ခဲ့တာမို႕ ေက်ာင္းသားလႈပ္ရွားမႈေနာက္ကေန လူထုအေရးေတာ္ပံုႀကီးအျဖစ္ ေျပာင္းလဲေပၚထြန္းခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို စတင္တည္ေထာင္ၾကစဥ္က ပါတီအလံကို ေရြးခ်ယ္ၾကရာမွာ အာဏာရွင္ကို ဆန္႕က်င္တဲ့အေနနဲ႕ ဒုတိယကမာၻစစ္တုန္းက အသံုးျပဳခဲ့တဲ့ ဖက္ဆစ္ေတာ္လွန္ေရးအလံ၊ ေနာက္ခံအနီမွာ ၾကယ္ျဖဴႀကီးတစ္ပြင့္ပါတဲ့ အလံကိုယူၿပီး၊ ၁၉၈၈ခုႏွစ္ လူထုအေရးေတာ္ပံုႀကီးရဲ႕ အစျပဳရာျဖစ္တဲ့ ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ားသမဂၢအလံက ခြပ္ေဒါင္းပံုတို႕ကိုပါ တြဲစပ္လို႕ အလံကို ဖန္တီးေရးဆြဲခဲ့ၾကတာျဖစ္ပါတယ္။

ပထမဆံုးအလံကို ပန္းခ်ီ (ဦး)ေမာင္ေမာင္သိုက္ က ေရးဆြဲေပးခဲ့ ပါတယ္။ ေနာက္ပိုင္းမွာ ဒီဇိုင္းနာ (ကို)မ်ဳိးျမင့္က ဒစ္ဂ်စ္တယ္ အျဖစ္ ေျပာင္း လဲေပးခဲ့ပါတယ္။ အထက္မွာေျပာ ခဲ့သလို ခက္ခဲတဲ့ ကာလေတြမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ပါတီဝင္ေတြ နယ္က ပါတီရံုးခြဲေတြ ကမာၻအရပ္ရပ္က ပါတီကို ေထာက္ခံသူေတြဟာ ၁၉၈၈ ခုႏွစ္ ပါတီတည္ေထာင္စဥ္တုန္းက ေရးဆြဲခဲ့တဲ့ မူလအလံကို ရရွိဖို႕ ခက္ခဲတဲ့ အတြက္ မိမိတို႕ မွတ္မိသလို ျပန္လည္ေရးဆြဲမႈေတြလည္း ရွိခဲ့ၾက ပါတယ္။ ဒီအတြက္ မူလပံုနဲ႕ မတူဘဲ အနည္းငယ္ကြဲလြဲတဲ့ ခြပ္ေဒါင္းပံုေတြ ကိုလည္း အမ်ားအျပားေတြ႕ရွိရပါတယ္။

တကၠသိုလ္ေက်ာင္းသားသမဂၢရဲ႕ အလံပါ ခြပ္ေဒါင္းက ဦးဘဂ်မ္းေရးဆြဲေပးခဲ့တာလို႕ မွတ္သားဖူးပါတယ္။ ဗိုလ္ခ်ဳဳပ္ေအာင္ဆန္း (အဲဒီတုနး္က ေက်ာင္းသားေခါင္းေဆာင္ ကိုေအာင္ဆန္း)က ကေဒါင္းကို မလိုခ်င္ဘူး။ ခြပ္ေဒါင္းကို လိုခ်င္တယ္လို႕ ေတာင္းဆိုခဲ့တဲ့ အတြက္ ေရးဆြဲေပး ခဲ့တာလို႕ မွတ္သားဖူးပါတယ္။ အဲဒီေဒါင္းဟာ အခုအသံုးျပဳေနၾကတဲ့ ခြပ္ေဒါင္းနဲ႕ မတူပါဘူး။

အခု တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကို ျပန္လည္ဖြဲ႕စည္းၾကတဲ့အခါမွာ မူလ ခြပ္ေဒါင္းကို ျပန္လည္အသံုးျပဳၾကတာ ျမင္ရ ပါတယ္။ ေက်ာင္းသား သမဂၢရဲ႕ ခြပ္ေဒါင္းတံဆိပ္မွာ စက္ဝိုင္းတစ္ခုလည္း ပါဝင္ပါတယ္။ စက္ဝိုင္း ထဲကေန ေဖာက္ထြက္ေအာင္ ခြပ္ေတာ့မယ့္ပံုျဖစ္ပါတယ္။ ၾကယ္မပါပါဘူး။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ေက်ာင္းသားသမဂၢတံဆိပ္ကို ယူခဲ့တယ္ ဆိုေပမယ့္ ပံုတူယူခဲ့တာ မဟုတ္ပါဘူး။ အသစ္ျပန္ဆြဲခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အသံုးျပဳေနတဲ့ ခြပ္ေဒါင္း ဟာ ျမန္မာ့သမိုင္းမွာ အရင္က ရွိခဲ့ဖူးတဲ့ ဘယ္ခြပ္ေဒါင္းနဲ႕မွ မတူပါဘူး။ ဒါကို အဖြဲ႕ခ်ဳပ္ရဲ႕ မူပိုင္ခြပ္ေဒါင္းပံုျဖစ္ပါတယ္။ ဒါကို တျခားအဖြဲ႕အစည္းေတြက ကူးယူ အသံုးျပဳေနၾကျခင္းဟာ တကယ္ေတာ့ က်င့္ဝတ္နဲ႕ မညီပါဘူး။

ခြပ္ေဒါင္းကို သေဘာက်လို႕ သံုးခ်င္တယ္ဆိုရင္ မိမိတို႕ဖာသာ ဒီဇိုင္းနာႏွင့္ ခြပ္ေဒါင္းအသစ္ကို ေရးဆြဲ အသံုးျပဳသင့္တယ္လို႕ အၾကံျပဳလိုပါတယ္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ပါတီအလံပါ ခြပ္ေဒါင္းရဲ႕ ထူးျခားခ်က္တခ်ဳိ႕ကို ေျပာျပပါရေစ။

၁။ ခြပ္ေဒါင္းရဲ႕ သြင္ျပင္က ေၾကာ့ရွင္းသြယ္ေျပာင္းမႈကို အေျခခံၿပီး မာန္အျပည့္နဲ႕ျဖစ္ပါတယ္။ ေလးေထာင့္က်တဲ့ မာဆတ္ဆတ္ပံုစံ မဟုတ္ပါ။

၂။ ခြပ္ေဒါင္းရဲ႕ ဘယ္ညာ ေတာင္ပံေတြကို အေပၚေတာင္ပံ ေအာက္ေတာင္ပံအျဖစ္ ထင္ရွားစြာ ျမင္ရပါတယ္။

၃။ ခြပ္ေဒါင္းရဲ႕ အေပၚေတာင္ပံက ႏွစ္ဆင့္ျဖစ္ပါတယ္။

၄။ ေတာင္ပံႏွစ္ခုၾကားမွာ အနားၿပိဳင္စတုဂံေလးတစ္ခုနဲ႕ ခ်ိတ္ထားပါတယ္။ အဲဒီ အနားၿပိဳင္စတုဂံေလးက အပိတ္မဟုတ္ပါ။ အပြင့္ျဖစ္ပါတယ္။

၅။ ေတာာင္ပံႏွစ္ခုၾကားက အနားၿပိဳင္စတုဂံေလးကေန အၿမီးဖက္ကို မ်ဥ္းေၾကာင္း သံုးေၾကာင္းဆြဲထားပါတယ္။

၆။ အၿမီးက တကယ့္ကို ငွက္အေတာင္ကဲ့သို႕ သြယ္ေျပာင္းတဲ့ပံုစံျဖစ္ပါတယ္။ သံုးဆင့္ျဖစ္ပါတယ္။ တခ်ဳိ႕ပံုေတြမွာ မွားယြင္းၿပီး ေလးေထာင့္အျဖစ္ ဆြဲတာမ်ဳိးေတြ ရွိပါတယ္။

၇။ အၿမီးမ်ားမွာ ေခြးသြားစိတ္ကဲ့သို႕ ေလးေထာင့္အခ်ိဳင့္ေလးေတြ အခ်ဳိးညီစြာ ပါဝင္ပါတယ္။ အကြာအေဝးဟာလည္း ပံုႏွင့္အခ်ဳိးက်ျဖစ္ပါတယ္။ တခ်ဳိ႕ပံုေတြမွာ ၄င္းေခြးသြားစိတ္မ်ား၏ အစိတ္အက်ဲပံုစံမမွန္ပါ။

၈။ ခြပ္ေနေသာ ေျခေထာက္မွာ ေျခေလးေျခာင္းပါပါတယ္။ တခ်ဳိ႕ပံုေတြမွာ မွားယြင္းၿပီး ေျခႏွစ္ေျခာင္းပဲ ပါပါတယ္။

၉။ ေျမႀကီးကိုေထာက္ထားေသာ ေျခေထာက္မွာ ၾကယ္ပြင့္ ပံုစံျဖစ္ ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက အဲဒီၾကယ္ပြင့္ကို သတိမထားမိပါ။ ဒီအတြက္ ေရးဆြဲၾကတဲ့အခါတိုင္း သာမန္ငွက္ေျခေထာက္လို မွားယြင္း ေရးဆြဲၾကေလ့ရွိပါတယ္။

ဒါဆိုရင္ေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အလံျဖစ္တဲ့ ေတာ္လွန္ေရးၾကယ္ျဖဴႀကီးနဲ႕ မာန္ပါတဲ့ခြပ္ေဒါင္းပံုကို ရွင္းရွင္းလင္းလင္း ခြဲျခားႏိုင္ၾကၿပီလို႕ ထင္ပါတယ္။

တျခားလူေတြ မွားၾကတာမေျပာပါနဲ႕။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွာကိုပဲ ေဒါင္းပံုစံက တစ္ခါတေလမွာ ကြဲလြဲမႈျဖစ္တတ္ပါတယ္။ မူလေဒါင္းပံု (ပန္းခ်ီေမာင္ေမာင္သိုက္)နဲ႕ မတူတဲ့ ငွက္နဲ႕ပိုတူတဲ့ ေဒါင္းေျခေဒါင္းေတာင္ေတြနဲ႕ ပံုကိုလည္း ဦးထုပ္ေတြ ရင္ထုိးေတြမွာ အသံုးျပဳထားတာေတြ႕ရေလ့ ရွိပါတယ္။ ျပကၡဒိန္မွာ ဆိုရင္လည္း မူလပံုနဲ႕ မူကြဲပံု ႏွစ္မ်ဳိးစလံုးကို အသံုးျပဳေနၾကတာကို ေတြ႕ရ ပါတယ္။ ဒါေၾကာင့္ ဒီဇိုင္းနာမ်ား ပါတီေထာက္ခံသူမ်ား ပါတီဝင္မ်ားအေနနဲ႕ မူလခြပ္ေဒါင္းပံုကို သတိျပဳ အသံုးျပဳၾကပါလိုု႕ တိုက္တြန္းလိုက္ရပါတယ္။

ရဲမင္းဦး
The Ladies News Journal
https://www.facebook.com/News.TheLadies
..........................................

|| Opinion - ရဲမင်းဦး ||

 ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ထုတ် 7Day နေ့စဉ်သတင်းစာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံကို တခြား ပါတီတွေ ရဲ့ အလံတွေနဲ့ မမှားစေဖို့ ဆောင်းပါးတစ်ပုဒ်ရေးပြီး သတိပေးခဲ့ပါတယ်။ သတိပေးတဲ့ အဲဒီဆောင်းပါးမှာပဲ ဖော်ပြထားတဲ့ အလံက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံမဟုတ်ဘဲ တခြား အဖွဲ့အစည်း တစ်ခုရဲ့ အလံဖြစ်နေခဲ့ ပါတယ်။ ဒီအတွက်လည်း 7 Day က တရားဝင် တောင်းပန်မှု ကို အွန်လိုင်းမှာ ပြုလုပ်ထားတာလေး ဖတ်လိုုက်ရပါတယ်။

ဒီကိစ္စလေးဟာ အင်မတန်အရေးကြီးတယ်လိုု့ ထင်မိပါတယ်။ အကြား အမြင်နှံ့စပ်တဲ့ မီဒီယာတွေတောင် မှားတတ်တယ်ဆိုရင် သာမန်ပြည်သူတွေ အနေနဲ့ ဆင်တူဖြစ်နေတဲ့ လိုဂိုတွေ ဆင်တူဖြစ်နေတဲ့ အလံတွေကြောင့် ရွေးကောက်ပွဲမှာ မဲပေးမှု မှားယွင်းနိုင်တယ်လို့ မြင် မိပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံအကြောင်းလေး အများသိပြီးသားဆိုပေမယ့် ထပ်မံပြောချင်မိပါတယ်။

အားလုံးသိတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးကနေ ပေါ်ပေါက်လာခဲ့တဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် နှစ်ပေါင်း ၂၇နှစ် ပြည့်ပါပြီ။ သာမန်လူတွေ ကြားပင်မကြားဖူး၊ ထင်ပင်မထင်ရက်၊ ယုံတောင်မယုံနိုင်မယ့် ဖိနှိပ်မှုမျိုးစုံ၊ ဖြိုးခွင်းနည်းအသွယ်သွယ်တွေကို ၂၇နှစ်တိတိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ ပါတီတစ်ရပ်လည်းဖြစ်ပါတယ်။

၁၉၈၈ လူထုအရေးတော်ပုံကြီးဟာ တက္ကသိုလ်ကျောင်းသားတွေက စတင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းအစိုးရကနေ ၁၉၆၄မှာ တစ်ပါတီစနစ်ကို အသက်သွင်းခဲ့ပြီး မအောင်မြင်တဲ့ စီးပွားရေးစနစ်ကြောင့် တိုင်းပြည်က အဖက်ဖက်က နိမ့်ကျရုံတင်မဟုတ် လူထုဟာ ကျပ်တည်းတဲ့အဆင့်ထိ ရောက်ရှိခဲ့ရာကနေ ၁၉၈၇မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ(LDC)ဖြစ်ခဲ့တာမို့ ကျောင်းသားလှုပ်ရှားမှုနောက်ကနေ လူထုအရေးတော်ပုံကြီးအဖြစ် ပြောင်းလဲပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ကြစဉ်က ပါတီအလံကို ရွေးချယ်ကြရာမှာ အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးအလံ၊ နောက်ခံအနီမှာ ကြယ်ဖြူကြီးတစ်ပွင့်ပါတဲ့ အလံကိုယူပြီး၊ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးရဲ့ အစပြုရာဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအလံက ခွပ်ဒေါင်းပုံတို့ကိုပါ တွဲစပ်လို့ အလံကို ဖန်တီးရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုံးအလံကို ပန်းချီ (ဦး)မောင်မောင်သိုက် က ရေးဆွဲပေးခဲ့ ပါတယ်။ နောက်ပိုင်းမှာ ဒီဇိုင်းနာ (ကို)မျိုးမြင့်က ဒစ်ဂျစ်တယ် အဖြစ် ပြောင်း လဲပေးခဲ့ပါတယ်။ အထက်မှာပြော ခဲ့သလို ခက်ခဲတဲ့ ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်တွေ နယ်က ပါတီရုံးခွဲတွေ ကမ္ဘာအရပ်ရပ်က ပါတီကို ထောက်ခံသူတွေဟာ ၁၉၈၈ ခုနှစ် ပါတီတည်ထောင်စဉ်တုန်းက ရေးဆွဲခဲ့တဲ့ မူလအလံကို ရရှိဖို့ ခက်ခဲတဲ့ အတွက် မိမိတို့ မှတ်မိသလို ပြန်လည်ရေးဆွဲမှုတွေလည်း ရှိခဲ့ကြ ပါတယ်။ ဒီအတွက် မူလပုံနဲ့ မတူဘဲ အနည်းငယ်ကွဲလွဲတဲ့ ခွပ်ဒေါင်းပုံတွေ ကိုလည်း အများအပြားတွေ့ရှိရပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အလံပါ ခွပ်ဒေါင်းက ဦးဘဂျမ်းရေးဆွဲပေးခဲ့တာလို့ မှတ်သားဖူးပါတယ်။ ဗိုလ်ချုုပ်အောင်ဆန်း (အဲဒီတုနး်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း)က ကဒေါင်းကို မလိုချင်ဘူး။ ခွပ်ဒေါင်းကို လိုချင်တယ်လို့ တောင်းဆိုခဲ့တဲ့ အတွက် ရေးဆွဲပေး ခဲ့တာလို့ မှတ်သားဖူးပါတယ်။ အဲဒီဒေါင်းဟာ အခုအသုံးပြုနေကြတဲ့ ခွပ်ဒေါင်းနဲ့ မတူပါဘူး။

အခု တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ပြန်လည်ဖွဲ့စည်းကြတဲ့အခါမှာ မူလ ခွပ်ဒေါင်းကို ပြန်လည်အသုံးပြုကြတာ မြင်ရ ပါတယ်။ ကျောင်းသား သမဂ္ဂရဲ့ ခွပ်ဒေါင်းတံဆိပ်မှာ စက်ဝိုင်းတစ်ခုလည်း ပါဝင်ပါတယ်။ စက်ဝိုင်း ထဲကနေ ဖောက်ထွက်အောင် ခွပ်တော့မယ့်ပုံဖြစ်ပါတယ်။ ကြယ်မပါပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကျောင်းသားသမဂ္ဂတံဆိပ်ကို ယူခဲ့တယ် ဆိုပေမယ့် ပုံတူယူခဲ့တာ မဟုတ်ပါဘူး။ အသစ်ပြန်ဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသုံးပြုနေတဲ့ ခွပ်ဒေါင်း ဟာ မြန်မာ့သမိုင်းမှာ အရင်က ရှိခဲ့ဖူးတဲ့ ဘယ်ခွပ်ဒေါင်းနဲ့မှ မတူပါဘူး။ ဒါကို အဖွဲ့ချုပ်ရဲ့ မူပိုင်ခွပ်ဒေါင်းပုံဖြစ်ပါတယ်။ ဒါကို တခြားအဖွဲ့အစည်းတွေက ကူးယူ အသုံးပြုနေကြခြင်းဟာ တကယ်တော့ ကျင့်ဝတ်နဲ့ မညီပါဘူး။

ခွပ်ဒေါင်းကို သဘောကျလို့ သုံးချင်တယ်ဆိုရင် မိမိတို့ဖာသာ ဒီဇိုင်းနာနှင့် ခွပ်ဒေါင်းအသစ်ကို ရေးဆွဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီအလံပါ ခွပ်ဒေါင်းရဲ့ ထူးခြားချက်တချို့ကို ပြောပြပါရစေ။

၁။ ခွပ်ဒေါင်းရဲ့ သွင်ပြင်က ကြော့ရှင်းသွယ်ပြောင်းမှုကို အခြေခံပြီး မာန်အပြည့်နဲ့ဖြစ်ပါတယ်။ လေးထောင့်ကျတဲ့ မာဆတ်ဆတ်ပုံစံ မဟုတ်ပါ။

၂။ ခွပ်ဒေါင်းရဲ့ ဘယ်ညာ တောင်ပံတွေကို အပေါ်တောင်ပံ အောက်တောင်ပံအဖြစ် ထင်ရှားစွာ မြင်ရပါတယ်။

၃။ ခွပ်ဒေါင်းရဲ့ အပေါ်တောင်ပံက နှစ်ဆင့်ဖြစ်ပါတယ်။

၄။ တောင်ပံနှစ်ခုကြားမှာ အနားပြိုင်စတုဂံလေးတစ်ခုနဲ့ ချိတ်ထားပါတယ်။ အဲဒီ အနားပြိုင်စတုဂံလေးက အပိတ်မဟုတ်ပါ။ အပွင့်ဖြစ်ပါတယ်။

၅။ တောာင်ပံနှစ်ခုကြားက အနားပြိုင်စတုဂံလေးကနေ အမြီးဖက်ကို မျဉ်းကြောင်း သုံးကြောင်းဆွဲထားပါတယ်။

၆။ အမြီးက တကယ့်ကို ငှက်အတောင်ကဲ့သို့ သွယ်ပြောင်းတဲ့ပုံစံဖြစ်ပါတယ်။ သုံးဆင့်ဖြစ်ပါတယ်။ တချို့ပုံတွေမှာ မှားယွင်းပြီး လေးထောင့်အဖြစ် ဆွဲတာမျိုးတွေ ရှိပါတယ်။

၇။ အမြီးများမှာ ခွေးသွားစိတ်ကဲ့သို့ လေးထောင့်အချိုင့်လေးတွေ အချိုးညီစွာ ပါဝင်ပါတယ်။ အကွာအဝေးဟာလည်း ပုံနှင့်အချိုးကျဖြစ်ပါတယ်။ တချို့ပုံတွေမှာ ၄င်းခွေးသွားစိတ်များ၏ အစိတ်အကျဲပုံစံမမှန်ပါ။

၈။ ခွပ်နေသော ခြေထောက်မှာ ခြေလေးခြောင်းပါပါတယ်။ တချို့ပုံတွေမှာ မှားယွင်းပြီး ခြေနှစ်ခြောင်းပဲ ပါပါတယ်။

၉။ မြေကြီးကိုထောက်ထားသော ခြေထောက်မှာ ကြယ်ပွင့် ပုံစံဖြစ် ပါတယ်။ တော်တော်များများက အဲဒီကြယ်ပွင့်ကို သတိမထားမိပါ။ ဒီအတွက် ရေးဆွဲကြတဲ့အခါတိုင်း သာမန်ငှက်ခြေထောက်လို မှားယွင်း ရေးဆွဲကြလေ့ရှိပါတယ်။

ဒါဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံဖြစ်တဲ့ တော်လှန်ရေးကြယ်ဖြူကြီးနဲ့ မာန်ပါတဲ့ခွပ်ဒေါင်းပုံကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ကြပြီလို့ ထင်ပါတယ်။

တခြားလူတွေ မှားကြတာမပြောပါနဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကိုပဲ ဒေါင်းပုံစံက တစ်ခါတလေမှာ ကွဲလွဲမှုဖြစ်တတ်ပါတယ်။ မူလဒေါင်းပုံ (ပန်းချီမောင်မောင်သိုက်)နဲ့ မတူတဲ့ ငှက်နဲ့ပိုတူတဲ့ ဒေါင်းခြေဒေါင်းတောင်တွေနဲ့ ပုံကိုလည်း ဦးထုပ်တွေ ရင်ထိုးတွေမှာ အသုံးပြုထားတာတွေ့ရလေ့ ရှိပါတယ်။ ပြက္ခဒိန်မှာ ဆိုရင်လည်း မူလပုံနဲ့ မူကွဲပုံ နှစ်မျိုးစလုံးကို အသုံးပြုနေကြတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ဒီဇိုင်းနာများ ပါတီထောက်ခံသူများ ပါတီဝင်များအနေနဲ့ မူလခွပ်ဒေါင်းပုံကို သတိပြု အသုံးပြုကြပါလိုု့ တိုက်တွန်းလိုက်ရပါတယ်။

ရဲမင်းဦး
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment