Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 7, 2015

ဂျင်းဘောင်းဘီကုမ္ပဏီတွေအတွက် မရှိမဖြစ် ဖြစ်လာတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီး
ယားပြည်နယ်မှာ နေထိုင်နေတဲ့
နာတာရှာဝက်ဂနာဟာ အခုဆိုရင်
နာမည်ကြီး ဂျင်းဘောင်းဘီကုမ္ပဏီ
အတော်များများရဲ့ မရှိမဖြစ်
လက်ကိုင်ပြုရတဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်လာနေပါတယ်။
အကြောင်းကတော့ နာတာရှာရဲ့
ခါးနံပါတ် ၂၈ နဲ့ သူမရဲ့ အချိုးကျလှတဲ့ တင်သားကောက်ကြောင်းတွေက
အမျိုးသမီးဝတ်ဂျင်းဘောင်းဘီတွေ
အတွက် ပုံစံကိုက်နမူနာ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် နာတာရှာဟာ သူမရဲ့ ခါးဆိုက်၊ တင်သားအချိုးအစားတွေနဲ့ ဂျင်းဘောင်းဘီ
ကုမ္ပဏီတွေကို အကူအညီပေးလာတာ ၁၄ နှစ် ရှိခဲ့ပြီဖြစ်ပြီး သူမရဲ့အကူအညီကို ရယူနေရတဲ့ ဂျင်းဘောင်းဘီကုမ္ပဏီတွေထဲ မှာ Proenza Schouler, Gap, Lucky Brand, Old Navy,Levi’s တို့လို နာမည်ကြီး
အမှတ်တံဆိပ်တွေ ပါဝင်နေပါတယ်။ နာတာရှာဟာ သူကိုယ်တိုင်လည်း In Demand ဆိုတဲ့
 မော်ဒယ်အေဂျင်စီတစ်ခု ဖွင့်လှစ်ထားပါ တယ်။

နာတာရှာက သူမ ကောလိပ်ကျောင်းသူဘ၀မှာ သူငယ်ချင်းတစ်ယောက်ရဲ့မော်ဒယ်အေဂျင်စီတစ်ခုက သူမရဲ့ ကိုယ်အတိုင်းအတာကို ရယူခဲ့ရာက အမျိုးသမီးဂျင်းဘောင်းဘီ ထုတ်လုပ်မှုတွေအတွက် စံနမူနာမော်
ဒယ်တစ်ယောက် ဖြစ်လာခဲ့တာလို့ Vogue မဂ္ဂဇင်းကို ဖွင့်ဟခဲ့ပါတယ်။
PlanetMyanmar

No comments:

Post a Comment