Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ထိုင်းရဲတပ်ဖွဲ့ က ဗုံးပေါက်ကွဲမှု သံသယတရားခံများအား ဆက်လက်ရှာဖွေ

Thai police seek 2 more suspects in Bangkok bombing that killed 20

Bangkok bomb blast suspect not cooperating with Thai police

ဗန်ကောက် ၊ ၁-၉-၂၀၁၅

ထိုင်းရဲတပ်ဖွဲ့ သည် ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုမှ သံသယ တရားခံများ နေထိုင်ခဲ့သော တိုက်ခန်းသို့ ဝင်ရောက်စီးနင်း ပြီးနောက် သြဂုတ် ၃၁ ရက်တွင် တရားခံများအား ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

မင်ဘူရီခရိုင်ရှိ အဆိုပါ တရားခံနှစ်ဦး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာတွင် ဓာတ်မြေသြဇာများ၊ ဒစ်ဂျစ်တယ် နာရီများ နှင့် ဖောက်ခွဲရေး ကိရိယာများကို တွေ့ရှိခဲ့သည်။ အမျိုးသား တရားခံ၏ ပုံပန်းမှာ ဆံပင်စည်းထားပြီး နှုတ်ခမ်းမွေး ရှိကြောင်း၊ အမျိုးသမီး တရားခံမှာ မူဆလင် အမျိုးသမီးများ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ဆင်ထားကြောင်း၊ ၄င်းတို့ ငှားရမ်း နေထိုင်သော အိမ်ပိုင်ရှင် ကိုလည်း ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ပရာရွတ် သာဗွန်ဆရီ က ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင် များက မူဆလင် အမျိုးသမီး၏ နေအိမ်သို့ သွားရောက် စစ်ဆေးရာတွင် တူရကီတွင် သူ၏ ရည်းစား ၊ ကလေးတို့နှင့် အတူ နေထိုင်သည်ကို သိရှိခဲ့ရကြောင်း ပြည်နယ် ဒုတိယရဲမှူးချုပ် တာရာချာသွန်ပက် က ရိုက်တာ သို့ ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စနေနေ့က နန်ချော့ခရိုင်ရှိ အဆောက်အအုံ ဟောင်း တစ်ခုအား ဝင်ရောက် စီးနင်းရာတွင် နိုင်ငံခြားသား တစ်ဦးအား ဖောက်ခွဲရေး ကိရိယာ မျိုးစုံ၊ ပတ်စ်ပို့ ၂ဝဝ ကျော်နှင့် အတူ ဖမ်းဆီးရမိ သည်။ ဗန်ကောက် မြို့လယ်ရှိ ဟိန္ဒူ နတ်ကွန်းအား သြဂုတ် ၁၇ ရက်က ဗုံးခွဲတိုက်ခိုက် သဖြင့် လူ ၂ဝ သေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရရှိ ခဲ့သည်။

#PyiChitThar

No comments:

Post a Comment