Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

အင်္ဂါဂြိုဟ်ပေါ်တွင် တွေ့ကြုံရမည့် အခြေအနေများကို သဏ္ဍာန်တူ ပြုလုပ်၍ စူးစမ်းလေ့လာမှု စတင်

Six scientists began their 365-day stay in a solar-powered dome atop dormant volcano Mauna Loa in Hawaii (the crew pictured above before entering the dome)


'The longer each mission becomes, the better we can understand the risks of space travel,' Kim Binsted, HI-SEAS principal investigator, said

The fourth and longest mission by the Hawaii Space Exploration Analog Simulation (HI-SEAS) began on Friday to help researchers learn what space travelers would encounter while on the way to Mars

ဟာဝိုင်ယီ ၊ ၃၁-၈-၂၀၁၅

အင်္ဂါဂြိုဟ် ပေါ်တွင် လူသားများ သွားရောက် နေထိုင်ပါက ကြုံတွေ့ရမည့် အခြေအနေ များနှင့် ဖြတ်သန်းရမည့် ပုံစံကို သိရှိနိုင်ရန် ဟာဝိုင်ယီ ကျွန်းပေါ်ရှိ မီးတောင်ဟောင်း တစ်ခုအနီးရှိ သုတေသန အဆောက်အအုံ တွင် တစ်နှစ်ကြာ နေထိုင်ကာ စူးစမ်း လေ့လာမှု ပြုလုပ်သွားရန် နာဆာက သုတေသီ ခြောက်ဦးပါ အဖွဲ့တစ်ဖွဲ့ ကို ရွေး ချယ် လိုက်ပြီး သြဂုတ် ၂၈ ရက်က ၄င်းတို့ ၏ ၃၆၅ ရက်ကြာ အင်္ဂါဂြိုဟ်ပေါ် နေထိုင်မှု သဏ္ဌာန်တူ ပြုလုပ်သော စူးစမ်း လေ့လာမှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၈ ရက်က စတင် လိုက်သော သီးခြားနယ် တစ်ခုတွင် ၃၆၅ ရက်ကြာ နေထိုင်ကာ စူးစမ်း လေ့လာမှု ပြုလုပ်ခြင်းသည် သိပ္ပံ စူးစမ်း လေ့လာမှု သမိုင်းတွင် အရှည်လျားဆုံး သီးခြားနေထိုင် လေ့လာမှု ဖြစ်ပြီး ၄င်းတို့၏ တွေ့ရှိချက် များကို အခြေခံကာ နောင်တစ်ချိန် လူသားများကို အင်္ဂါဂြိုဟ် ပေါ်သို့ စေလွှတ်သော အခါ လိုအပ်သည်များ ပြင်ဆင်သွား နိုင်ရန် ရည်ရွယ်ကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ခြောက်ဦးပါ အဖွဲ့သည် ဖော်ပြပါ သုတေသန အဆောက်အအုံ တွင် နီးကပ်စွာ နေထိုင်သွားမည် ဖြစ်ပြီး ၄င်းတို့ အတွက် လေကောင်း လေသန့်၊ လတ်ဆတ်သော အစာအာဟာရ နှင့် အနှောင့်အယှက် ကင်းမဲ့မှုတို့ ကို ရရှိမည် မဟုတ်ဘဲ ၃၆၅ ရက်ကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရမည် ဖြစ်ကြောင်း၊ ဗြိတိသျှ စံတော်ချိန် စနေနေ့ နံနက် ၁ နာရီ က ၄င်းတို့ သည် သုတေသန အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ကာ တံခါးကို  ပိတ်ထားလိုက်ပြီ ဖြစ်ပြီး ၃၆၅ ရက်ပြည့်မှ အဆိုပါ တံခါးကို ပြန်ဖွင့်တော့မည် ဖြစ်ကြောင်း ၄င်း က ဆက်လက် ပြောပြသည်။

''သူတို့ ဒီသုတေသန အဆောက်အအုံ အပြင်ကို ထွက်မယ်ဆိုရင် အကျယ် ၁၁ မီတာ၊ အမြင့် ခြောက်မီတာ အထိပဲ ထွက်လို့ရမယ်။ အဲဒါကလဲ အာကာသ ဝတ်စုံဝတ်မှ ထွက်လို့ရမယ်။ သူတို့ တစ်ယောက် ချင်းစီ အတွက် ကိုယ်ပိုင်အခန်း တစ်ခန်းစီရှိပြီး အခန်းထဲမှာ အိပ်ပုခက်တစ်လုံးနဲ့ စာရေးစားပွဲ တစ်လုံးပဲ ရှိမယ်။ သူတို့ကို ပုံမှန် ကျွေးသွားမယ့် အစားအစာတွေထဲ မှာ ဒိန်ခဲအမှုန့်နဲ့ တူနာငါး သံဘူး တွေပါမယ် '' ဟု ၄င်းက ဖြည့်စွက် ပြောပြသည်။

အဆိုပါ သုတေသီ ခြောက်ဦး တွင် ပြင်သစ်လူမျိုး သိပ္ပံပညာရှင် တစ်ဦး၊ ဂျာမန်လူမျိုး သိပ္ပံပညာရှင် တစ်ဦး၊ အမေရိကန် လူမျိုးများ ဖြစ်ကြသော လေယာဉ်မှူး တစ်ဦး၊ ဗိသုကာ ပညာရှင် တစ်ဦး၊ သတင်းထောက် တစ်ဦး၊ မြေဆီလွှာ ပညာရှင် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

Would you spend a year of your life in this tiny DOME? Six scientists enter solar-powered hut which will simulate conditions for man on Mars

#PyiChitThar

No comments:

Post a Comment