Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

လူနေအိမ်တစ်လုံးပေါ်သို့ ဒုံးပျံ အစိတ်အပိုင်းတစ်ခု ကျရောက်




Rocket Part Falls on House During Satellite Launch


ပေကျင်း ၊ ၃၁-၈-၂၀၁၅

တရုတ်နိုင်ငံ ရှန်းရှီးပြည်နယ် ရွှမ်ယန်းခရိုင် ဟုန်ကျွမ်းမြို့ရှိ လူ နေအိမ်တစ်လုံးပေါ်သို့ ဒုံးပျံ အစိတ်အပိုင်း တစ်ခု ကျရောက်ခဲ့ရာ နေအိမ်ပျက်စီး သွားသော်လည်း လူ တစ်ဦး တစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက သြ ဂုတ် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

ဖြစ်စဉ်မှာ ဒုံးပျံ လွှတ်တင်ရာတွင် ပါဝင်သည့် အဟုန်မြင့် အစိတ်အပိုင်းမှာ ရွှမ်ယန်းခရိုင် အတွင်းရှိ လူနေအိမ် တစ်လုံးပေါ်သို့ ပြုတ်ကျ ခဲ့ခြင်းဖြစ်ကြောင်း၊ ခရိုင်ပြည်သူ့ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ အဟုန်မြင့် အစိတ်အပိုင်း သည် သြဂုတ် ၂၇ ရက်က Ling March 4C  ဒုံးပျံကို အသုံး ပြု၍ တိုင်ယွမ်ဒုံးပျံ လွှတ်တင်ရေး စခန်းမှ လွှတ်တင် လိုက်သည့် ဒုံးပျံ မှ ပြုတ်ကျ လာသည့် အစိတ်အပိုင်း ဖြစ်ကြောင်း၊ ယင်းဒုံးပျံသည် လွှတ်တင် လိုက်သည့် အဝေးထိန်း စနစ်သုံး ဂြိုဟ်တု တစ်စင်းကို အောင်မြင်စွာ လွှတ်တင် ခဲ့ပြီးနောက် ယင်း အစိတ်အပိုင်းမှာ မြေပြင်သို့ ပြန်လည် ကျရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒုံးပျံ အစိတ်အပိုင်း ကျရောက်မှုကြောင့် ပျက်စီးသွားခဲ့ သည့် ပမာဏကို အစိုးရက နစ်နာကြေး အဖြစ် ပြန်လည်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment