Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

ရန္ကုန္ျမိဳ႕တြင္းရွိ ေပ်ာက္ဆုံးေနေသာ မင္းတုန္းမင္းတရားၾကီး၏ အႏြယ္ေတာ္၀င္မ်ား သခ်ဳႋင္း........

 " ရွင္တုန္းက ေရႊအတိ ေသဆံုးေတာ့ ဗလာနတၴိ "
ရြာထားသည့္ အရွိန္ေၾကာင့္ အုတ္ေလွကား တစ္ေလွ်ာက္ ေရညႇိမ်ားျဖင့္ ျပည့္ေနသည္။ သတိ ထားေရွာင္ရွား ရသည္ က ေရညႇိ မ်ား သာမက၊ ဟိုတစ္ေနရာ သည္ တစ္ေနရာ ရွိေနေသာ ေခြးေခ်းပံု မ်ားကို ျဖစ္သည္။ ထိုအခက္အခဲ ကို ျဖတ္ေက်ာ္ ၿပီးပါက ဘုန္း ႀကီး ေက်ာင္းတုိက္ ကို ေတြ႔ရမည္။ ထို႔ ေနာက္ ေက်ာင္း၏ အနည္းငယ္ ေခ်ာင္က်ေသာ ေနရာတစ္ခုသို႔ တိုးတိုးေဝွ႕ေဝွ႕ ျဖတ္သန္း သြား မိ သည္ႏွင့္ ဘြားခနဲ ျမင္လုိက္ ရသည္ က ျမက္ပင္ ခ်ံဳႏြယ္ မ်ားႏွင့္ အက်ႌ အဝတ္အစား မ်ား၊ ပုဆိုးမ်ား၊ ေရ ပံုးႏွင့္ ပစၥည္းပစၥယ မ်ား တင္ထား သည့္ အုတ္ဂူ မ်ားကို ျဖစ္သည္။
ေနရာ ကေတာ့ ရန္ကုန္ၿမိဳ႕ ငါးထပ္ႀကီး ဘုရား အနီးမွ ျမန္ ေအာင္ ဘုန္းေတာ္ႀကီးေက်ာင္း ပရဝဏ္ အတြင္း ျဖစ္သည္။ ငါး ထပ္ႀကီး ဘုရား သည္ ရန္ကုန္ၿမိဳ႕မွ လူသိမ်ားေသာ ဘုရား တစ္ခုျဖစ္ ေသာ္လည္း ဤသို႔ အမႈိက္ႏွင့္ျမက္ ပင္မ်ား၊ အဝတ္ လွန္းရန္ႏွင့္ လူသံုး ပစၥည္း မ်ား တင္စရာသာျဖစ္ေန ေသာ သခ်ဳႋင္းေဟာင္း တစ္ခု ရွိေန သည္ကိုေတာ့ သိသူနည္းပါလိမ့္ မည္။
အုတ္ဂူ မ်ားက ထုႏွင့္ထည္ႏွင့္ ျဖစ္သည္။ သို႔ေသာ္ ေရညႇိမ်ား ဖံုး အုပ္ေန၍ ကမၸည္း ကပ္ထားေသာ အမည္နာမ မ်ားကိုေတာ့ ႐ုတ္ တရက္ ဖတ္နုိင္မည္ မဟုတ္။ အ နားသို႔ ကပ္၍ ေလ့လာ ဖတ္႐ႈမည္ ဆိုပါက သင္ အံ့ၾသ သြားလိမ့္မည္ ျဖစ္ေၾကာင္း အတိ အက်ေျပာႏိုင္ ပါ သည္။
အဘယ့္ေၾကာင့္ ဆိုေသာ္ အုတ္ ဂူရွင္မ်ားကား သာမန္ မဟုတ္။ ကုန္းေဘာင္မင္းဆက္ ဟု သိၾကသည့္ မင္းတုန္းမင္း၏ အႏြယ္ ေတာ္ အုတ္ဂူ မ်ားျဖစ္ေနေသာ ေၾကာင့္ပင္တည္း။
(သခၤါရျပယုဂ္ သို႔မဟုတ္ ေရပြက္ပမာ တစ္သက္လ်ာတည္း)
ပၪၥမသဂၤါယနာတင္ မင္းတုန္း မင္းတရားႀကီး ၏ ေျမးေတာ္ ပင္ လယ္ ထိပ္ေခါင္တင္ႀကီး သက္ ေတာ္(၈၁)ႏွစ္ ရွိသည္ ၁၃၁၇ ခုႏွစ္ တန္ေဆာင္မုန္ လဆန္း ၁၄ ရက္ ေန႔ နတ္ရြာစံလြန္ေတာ္မူသည္္။
ပၪၥမသဂၤါယနာတင္ ဘဝရွင္ မင္းတုန္းမင္းတရားႀကီး၏ ေျမးေတာ္ သက္ေတာ္ ၈၃ ႏွစ္ရွိ သုသီရိနႏၵ ဝတီ (ေခၚ) ပင္လယ္ထိပ္ေခါင္တင္ ကေလး ၁၃၂၂ ခု ဝါဆိုလဆန္း ၅ ရက္ေန႔ နတ္ရြာစံေတာ္မူသည္။
ေညာင္အုပ္ မင္းသမီး ထိပ္ တင္ခ်ိဳ အသက္ (၅၁) ႏွစ္ နတ္ ေတာ္လဆန္း ၄ ရက္ေန႔ ၁၃ဝဝ ျပည့္ႏွစ္ နတ္ရြာစံသည္ဟု အဂၤလိပ္ ျမန္ မာႏွစ္ဘာသာျဖင့္ ေရးထိုးထား သည့္ အုတ္ဂူ။
မင္းတုန္းမင္း၏ ေျမးေတာ္ ေညာင္အုပ္ မင္းသား၏သမီးေတာ္ ေညာင္အုပ္ ထိပ္တင္စိုး သက္ေတာ္ (၄၇) ႏွစ္ ဟု ေရးထိုးထားသည့္ အုတ္ဂူ မ်ား။
ေလဒဏ္မိုး ဒဏ္ရာသီဥတု ဒဏ္ေၾကာင့္ လည္းေကာင္း၊ အခ်ိန္ ကာလေၾကာင့္ေသာ္ လည္းေကာင္း မည္သူ မည္ဝါဟု ဖတ္၍ မရေအာင္ ပ်က္ယြင္းေနသည့္ အုတ္ဂူတို႔လည္း ရွိေနပါေသးသည္။ ယင္းအုတ္ဂူ မ်ားသည္လည္း မင္းတုန္းအႏြယ္ေတာ္တို႔ျဖစ္သည္ကို ၄င္းဂူမ်ားအ နီး ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ ေနထိုင္ သူတို႔၏ ေျပာစကားမ်ားအရ သိ ရသည္။
အုတ္ဂူမ်ားႏွင့္ တစ္ေပခန္႔ သာကြာသည့္ ေနရာတြင္ အိမ္ ေဆာက္ေန ျဖစ္သည့္ အေၾကာင္း ျခင္းရာကို အသက္ ၄ဝ နီးပါး အ ရြယ္ရွိ ကိုေက်ာ္ဆန္း က ”ကြၽန္ ေတာ္တို႔ ဒီမွာေနတာက ျမန္ ေအာင္ေက်ာင္းထိုင္ ဆရာေတာ္ကို ခြင့္ျပဳခ်က္ ယူၿပီး ေနတာပါ။အမွန္ ေတာ့ ဒီိလို အုတ္ဂူေတြ ၾကားမွာဆို ဘယ္သူမွ မေနခ်င္ၾကပါဘူး။ ရန္ ကုန္မွာက အိမ္ပိုင္ မရွိရင္ အိမ္ငွား ေနဖို႔ ဆိုတာ မလြယ္လို႔ ေနရတာပါ” ဟု ေျပာျပသည္။
ကိုေက်ာ္ဆန္း တို႔အိမ္ႏွင့္ ကပ္ လ်က္အိမ္သည္ သူ၏ မိဘမ်ားေန ထိုင္သည့္ အိမ္ျဖစ္ၿပီး အိမ္ေထာင္ က်သည့္ အခါတြင္ ထိုသို႔ မ်က္ႏွာ ခ်င္းဆိုင္တြင္ အိမ္ခြဲကာ ဇနီး၊ လ သားအရြယ္ သမီးတို႔ႏွင့္ ၄င္းအုတ္ ဂူမ်ားေနရာတြင္ပင္ ေနထိုင္သည္ ဟု ျမန္ေအာင္မွ ရန္ကုန္တြင္ လာ ေရာက္ ေနထိုင္ျဖစ္ခဲ့ပံုကို ရွင္းျပ သည္။
တစ္နယ္သား ကိုေက်ာ္ဆန္း သည္လက္ရွိတြင္ တာေမြေစ်းတြင္ ၾကက္သားေရာင္းၿပီး မိသားစုစား ဝတ္ ေနေရး ကိုေျဖရွင္းေနသူ ျဖစ္ သည္။ အေျခအေန အရ အုတ္ဂူ မ်ားအၾကားေန ရေသာ္လည္း မင္း မ်ိဳးႏြယ္တို႔၏ အုတ္ဂူမ်ားေပၚ တြင္ အဝတ္လွန္းျခင္း ျဖတ္သြားျဖတ္ လာျပဳရျခင္း တို႔အတြက္ ထိုအုတ္ဂူ ရွင္ မ်ားကို ခြင့္ေတာင္းကာ လုပ္ ေဆာင္သည္ ဟု ဆိုပါသည္။
ကိုေက်ာ္ဆန္း၏ မိခင္ အသက္ခုနစ္ဆယ္ေက်ာ္ အရြယ္ရွိ ေဒၚအၾကည္ က ”အေဒၚတို႔က ျမန္ေအာင္ ဇာတိပါ။ ဒီကိုေရာက္ တာ အႏွစ္ ၂ဝ ရွိၿပီ။ ရြာမျပန္ဘဲ ဒီမွာ လုပ္ကိုင္စားေသာက္ေနၾက တာပါ။ ေနရာထိုင္ခင္းအခက္အခဲ ေၾကာင့္ ျမန္ေအာင္ေက်ာင္းက ဘုန္းဘုန္း ကိုေလွ်ာက္ ၿပီး ဒီမွာေန တာပါ။ ပထမေတာ့ ေၾကာက္ တယ္။ ၾကာလာေတာ့ ေနသားတ က်ျဖစ္သြားတယ္။ ဘုရား ဝတ္ျပဳရင္ လည္း အမွ် အတမ္းေတြ ေဝေပး တယ္။ ဒီမွာေနတာၾကာၿပီ အရိပ္ အေရာင္ျပတာလည္း မေတြ႕ဖူးပါ ဘူး။ သူတို႔ဟာ သူတို႔ေန တာ ေဒၚ ေလး တို႔လည္း ကိုယ့္ဟာ ကိုယ္ေန တာေလ”ဟု ေျပာသည္။
(ေသရင္ၿပီးၿပီလား)
အဆိုပါ အုတ္ဂူမ်ားဆီသို႔ အႏြယ္ေတာ္မ်ား တစ္ခါတစ္ရံတြင္ လာေရာက္ ရွင္းလင္းေလ့ရွိၿပီး ကို ေက်ာ္ဆန္း တို႔ႏွင့္ေတာ့ တစ္ခါမွ် စ ကားေျပာဆိုဖူးျခင္း မရွိေၾကာင္း ႏွင့္ အမ်ားဆံုး လာေရာက္ေလ့ရွိသူ မ်ားမွာ ႏိုင္ငံျခားသား မ်ားျဖစ္သည္ ဟုလည္း ၄င္းတို႔ မိသားစုႏွင့္ ပတ္ ဝန္းက်င္ မွ ပုဂၢိဳလ္မ်ား၏ ေျပာ စကားအရ သိရသည္။
ျပည္ပမွ သူငယ္ခ်င္းတစ္ဦး အား အဆိုပါဂူသို႔ လိုက္ျပခဲ့ဖူးသည့္ မသႏၲာေအာင္ က ”အႏြယ္ေတာ္ဟာ မင္းမ်ိဳးမင္းႏြယ္ေတြပဲ။ ဒီလိုမလုပ္ သင့္ဘူး။ ဘယ္သူမွ မထိန္းသိမ္းရင္ အမ်ိဳးေတာ္ေတြမွာ တာဝန္ရွိတယ္။ သူငယ္ခ်င္း ႏိုင္ငံျခားသူက ေမးတယ္။ ဘာျဖစ္လို႔ ဒီလို ပစ္ပယ္ တာ လဲ၊ သူတို႔ေတြက မင္းသား မင္းသမီး ေတြ မဟုတ္ဘူးလား၊ မဟာမ်ိဳးႏြယ္ ေတြ မဟုတ္ဘူးလား၊ ေမးတယ္။ ဘာျပန္ေျဖရမွန္းေတာင္ မသိဘူး” ဟု ဆုိသည္။
မသႏၲာေအာင္ သည္ အဆိုပါ အုတ္ဂူမ်ား သို႔ႏွစ္ႀကိမ္ ေရာက္ဖူး သူျဖစ္သည္။ ပထမ တစ္ေခါက္ သည္ ၂ဝဝဝ ခုႏွစ္ျဖစ္ၿပီး ဒုတိယ တစ္ေခါက္ မွာ ယခုဇြန္လပိုင္းတြင္ ျဖစ္သည္ဟု ဆိုပါသည္။
”ဒုတိယ တစ္ႀကိမ္ ေရာက္ ေတာ့ မိုးတြင္းလည္းျဖစ္ေတာ့ ေန ရာကလည္း တအား ညစ္ပတ္ၿပီး လမ္းမွာ ေခြးေခ်းေတြ၊ ေရညႇိေတြ။ ၿပီးေတာ့ ဂူေတြနားမွာ ညစ္ပတ္ ေနတာပဲ”ဟု မသႏၲာေအာင္က သူေတြ႕ျမင္ခဲ့ရသည့္ အုတ္ဂူ မ်ား၏ ျမင္ကြင္းကို ေျပာျပသည္။
မသႏၲာေအာင္၏ အကူအညီ ျဖင့္ အဆိုပါ အုတ္ဂူသို႔ လာေရာက္ ခဲ့သည့္ အေမရိကန္သူ အက္စတာ ကေတာ့ သူ၏ ျမန္မာျပည္ ပထမ ဆံုး ခရီးစဥ္တြင္ ပုဂံ အပါအဝင္ ျမန္မာ ႏိုင္ငံ၏ အထင္ကရ ေနရာ မ်ားစြာတြင္ သြားေရာက္ ေလ့လာခဲ့သူျဖစ္သည္။
သူငယ္ခ်င္း လိုက္ပို႔သျဖင့္ ေရာက္ခြင့္ ရခဲ့သည့္ အႏြယ္ေတာ္ မ်ား၏ အုတ္ဂူ ခရီးစဥ္သည္ အက္ စတာ အတြက္ စိတ္လႈပ္ရွား အံ့ၾသ ရေစသည္ဟု ဆိုပါသည္။
”ကြၽန္မ သူငယ္ခ်င္း ‘ေအာင္’ ရဲ႕ ေက်းဇူးေၾကာင့္ လြန္ခဲ့တဲ့ေလး ငါးရက္က မင္းတုန္းမင္းရဲ႕အမ်ိဳး ေတာ္ေတြ အုတ္ဂူေနရာ ေရာက္ခဲ့ပါ တယ္။ ေရာက္ေရာက္ျခင္း ကြၽန္မ အံ့ႀသလို႔ ဒူးေတာင္တုန္ၿပီး လွဲထိုင္ ရတဲ့အထိပါပဲ။ ကြၽန္မထင္ခဲ့ တာ ေတာ့ ေတာ္ဝင္ မ်ိဳးႏြယ္ေတြ ရဲ႕ဂူဟာ မဟာဆန္ၿပီး တခမ္းတနားရွိမယ္ ထင္ခဲ့တာ”ဟု သူ၏ အထင္ႏွင့္ အျမင္ ကြာျခားမႈကို ပြင့္လင္းစြာပင္ ေျပာျပပါသည္။
အက္စတာ ကပင္ အုတ္ဂူမ်ား ႏွင့္ ပတ္သက္ၿပီး သူ၏ ခံစားခ်က္ ေျပာျပသည္မွာ ”သီေပါေလာက္ပဲ ေလ့လာခဲ့တာ။ ကြၽန္မျပန္ရင္ မင္း တုန္းမင္း နဲ႔ ပတ္သက္ၿပီး ထပ္ေလ့လာမယ္” ဟု အုတ္ဂူူမ်ား မွတစ္ဆင့္ ျမန္မာမင္း မ်ား အေၾကာင္းကို ေလ့လာလို စိတ္ ပိုေစေၾကာင္း ေျပာ သည္။
(သမိုင္းတန္ဖိုး)
မင္းတုန္းမင္းသည္ ခရစ္ႏွစ္ ၁၈၁၄ တြင္ ေမြးဖြားကာ ခရစ္ႏွစ္ ၁၈၅၃ ၌ နန္းတက္သူခဲ့ၿပီး ခရစ္ ႏွစ္ ၁၈၇၈ တြင္ နတ္ရြာစံ ခဲ့ေသာ ေၾကာင့္ မႏၲေလး ျမနန္းစံေက်ာ္ ေရႊ နန္းေတာ္ႀကီး၏ အေရွ႕ဘက္ ေပ ၁ဝဝ ေက်ာ္တြင္ မင္းတုန္းမင္း ၏ ဂူဗိမာန္ႏွင့္ ကမၸည္းတုိင္ကို စိုက္ထူ ခဲ့ သည္။
မင္းတုန္းမင္း ဘုရင္မင္းျမတ္ ဂူဗိမာန္ အနီးတြင္ မိဖုရားျဖစ္ေသာ ဆင္ျဖဴမရွင္ မိဖုရား၏ ဂူဗိမာန္ႏွင့္ ကမၸည္းတုိင္ ကုိလည္း စုိက္ထူ ထား ေၾကာင္း သမိုင္း မွတ္တမ္းမ်ား အရ သိရသည္။
”မင္းတုန္းမင္းရဲ႕ သားေတာ္ ေတြထဲမွာ ေညာင္ရမ္း ဆိုတဲ့ ၿမိဳ႕နဲ႔ ေညာင္အုပ္ ဆိုတဲ့ၿမိဳ႕ကို စားရတဲ့ သားေတာ္ႏွစ္ပါး ရွိတယ္တယ္။ ဒါေၾကာင့္ ေညာင္ရမ္း မင္းသား၊ ေညာင္အုပ္ မင္းသားလို႔ ေခၚၾက တယ္။ ဒီဂူေတြက အဲဒီ အစုထဲက ျဖစ္မွာပါ”ဟု သမိုင္းပါေမာကၡေဒါက္ တာ ေက်ာ္ဝင္းက သံုးသပ္သည္။
ယင္းအုတ္ဂူမ်ား၏ လက္ရွိအ ေနအထားႏွင့္ ပတ္သက္၍ သမိုင္း စာေရးဆရာ ဘုန္းတင့္ေက်ာ္ က ရရွိသည့္ ဘတ္ဂ်တ္ထက္ သမိုင္း ဆိုင္ရာ ထိန္းသိမ္းရသည့္ အေဆာက္ အအံုမ်ားမွာ တစ္ျပည္လံုးအေန ျဖင့္ ဆိုပါက ၆၅ဝဝ ေက်ာ္ရွိေသာ ေၾကာင့္ ယင္း အုတ္ဂူမ်ားသည္ ထိန္းသိမ္းခြင့္ ရထားသည့္စာရင္း တြင္ မပါဝင္ႏိုင္ေၾကာင္း အႏြယ္ေတာ္ ဂူမ်ား ကိုထိန္းသိမ္းရန္ အခက္အခဲ ကို ရွင္းျပပါသည္။
”တစ္ခုေတာ့ ရွိတယ္၊ သူတို႔က မင္းတုန္းမင္း လည္း မဟုတ္၊ သီ ေပါမင္းလည္း မဟုတ္ ဆိုေတာ့ ထိန္းသိမ္း ေစာင့္ေရွာက္တဲ့ အထဲ မွာ မပါဘူး ျဖစ္ေနပံုရတယ္။ တ ကယ္ေတာ့ ႏွစ္တစ္ရာ ျပည့္ၿပီးရင္ သမိုင္းဝင္တယ္။ ေရွးေဟာင္း သမိုင္းဝင္ အျဖစ္နဲ႔ေတာ့ ထိန္း သိမ္း ေပးႏိုင္ ရင္ေတာ့ ေကာင္းတာေပါ့။ သူတို႔က ျမန္မာ့ သမိုင္းထဲမွာ အ ေရးပါတဲ့ ပုဂၢိဳလ္စာရင္း ထဲမွာ မဝင္ ျပန္ဘူး ျဖစ္ေနတယ္။ တိုင္းျပည္ က ဆင္းရဲတဲ့ တိုင္းျပည္ျဖစ္ေနေတာ့ ရတဲ့ဘတ္ဂ်က္ နဲ႔ အေရးႀကီး ပထမ တန္းစား ပုဂၢိဳလ္ နဲ႔ေနရာကို ထိန္း သိမ္းေန ရတယ္” ဟု ဆရာဘုန္း တင့္ေက်ာ္က ဆိုသည္။
တစ္ခ်ိန္ ကေတာ့ျဖင့္ မင္းမ်ိဳး မင္းႏြယ္ ဟူသည္ ေမာ္ဖူးေစ ဆိုသည့္ အမိန္႔ေတာ္ မရရွိပါက ေမာ္၍ ပင္ၾကည့္ခြင့္ ရသူမ်ား မဟုတ္ ပါ။သို႔ေသာ္ အေျခအေနႏွင့္ အခ်ိန္အ ခါ၏ အဆံုးအျဖတ္ ေအာက္ေရာက္ ရွိရသည့္ အခါတြင္ ကံတရားဆို သည့္ တရားသူႀကီး၏ အမိန္႔ ကို မည္သူက လြန္ဆန္ခြင့္ရရွိမည္ နည္း။ ယခုအခ်ိန္တြင္ အုတ္ဂူ ရွင္တို႔သည့္ ပတ္ဝန္းက်င္တြင္ ေန ထိုင္သူတို႔၏ နင္းလိုရာနင္း၊ သံုး လိုရာ သံုးဆိုသည့္ အေနအထား ျဖစ္သည္။
ေခ်ာင္က်သည့္ ေနရာတစ္ခု တြင္ ထာဝရ အိပ္စက္ေနရသည့္ လက္ရွိ အေျခအေနမွာ တစ္ခ်ိန္က ေရႊထီးေဆာင္း ဘုရားထူးခံ ဘဝ ဆိုေသာ္လည္း မတည္ၿမဲသည့္ သခၤါ ရသေဘာကို တရားျပေနသည့္ႏွယ္။ တစ္ခ်ိန္က အေျခအေန မ်ားကို အုတ္ဂူ တို႕တြင္ ေရးထိုး ထားေသာ္ လည္း ယင္းတို႔သည္လည္း ပ်က္တ ခ်ိဳ႕၊ ညစ္ပတ္ျခင္း တခ်ိဳ႕ႏွင့္။ အ ႏြယ္ေတာ္ တို႔၏ ေနဝင္ခ်ိန္သည္ အျပင္က သဲသဲမဲမဲ ရြာသြန္းေနသည့္ မိုးေၾကာင့္ပင္ ပို၍ေမွာင္မည္းေန သည္ဟု ထင္ရသည္။
အုတ္ဂူရွင္မ်ားကား သာမန္ လူမ်ားမဟုတ္ အႏြယ္ေတာ္မ်ား ျဖစ္သည္။ ျမန္မာ့ သမိုင္းတြင္ သူ တို႔သည္လည္း ေနရာ တစ္ခုရွိခဲ့ သည္ပင္။ သို႔ေသာ္ ယေန႕တြင္ ထို အုတ္ဂူရွင္ မ်ားကား ျမန္မာျပည္သူ မ်ားထက္ ျပည္ပ ခရီးသြားမ်ား၏ စိတ္အစဥ္ကို ဖမ္းစားႏိုင္သည့္ အေျခ အေန တြင္ ရွိေနသည္။
ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ ျပတိုက္ အတိုင္ပင္ခံ ပညာရွင္ ေဒၚႏုျမဇံ ကေတာ့ ”ကိုယ့္ဘိုးဘြား ေတြ အမ်ိဳးႏြယ္ေတြရဲ႕ အုတ္ဂူဆို တာ ကိုယ္မိသားစု က ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ လိုမယ္။ ဒီလိုပဲ ဘိုး ဘြားေတြရဲ႕ အုတ္ဂူကို က်န္ရစ္တဲ့ သားသမီး ေျမးျမစ္ေတြက ထိန္း သိမ္း ရမွာပဲေလ”ဟု ဆိုသည္။
မည္သို႔ပင္ဆိုေစ ဘုန္းတန္ခိုး ႀကီးမားခဲ့ေသာ ျမန္မာဘုရင္ မင္း တုန္းမင္းႀကီး ၏ ေျမးျမစ္ အႏြယ္ ေတာ္တို႔ႏွင့္ သူတို႔၏ သမိုင္းတန္ဖိုး မ်ားကေတာ့ ညစ္ေထး ယိုယြင္းေန ေသာ လူမသိသူမသိ အုတ္ဂူမ်ားႏွင့္ အတူအေမ့ေလ်ာ့ခံ အျဖစ္တိတ္ဆိတ္ အထီးက်န္စြာ ရွိေနဆဲျဖစ္ သည္။
‪#‎PopularNews‬





.........................................................................
ရန်ကုန်မြို့တွင်းရှိ ပျောက်ဆုံးနေသော မင်းတုန်းမင်းတရားကြီး၏ အနွယ်တော်ဝင်များ သချုႋင်း........

" ရှင်တုန်းက ရွှေအတိ သေဆုံးတော့ ဗလာနတ္ထိ "
ရွာထားသည့် အရှိန်ကြောင့် အုတ်လှေကား တစ်လျှောက် ရေညှိများဖြင့် ပြည့်နေသည်။ သတိ ထားရှောင်ရှား ရသည် က ရေညှိ များ သာမက၊ ဟိုတစ်နေရာ သည် တစ်နေရာ ရှိနေသော ခွေးချေးပုံ များကို ဖြစ်သည်။ ထိုအခက်အခဲ ကို ဖြတ်ကျော် ပြီးပါက ဘုန်း ကြီး ကျောင်းတိုက် ကို တွေ့ရမည်။ ထို့ နောက် ကျောင်း၏ အနည်းငယ် ချောင်ကျသော နေရာတစ်ခုသို့ တိုးတိုးဝှေ့ဝှေ့ ဖြတ်သန်း သွား မိ သည်နှင့် ဘွားခနဲ မြင်လိုက် ရသည် က မြက်ပင် ချုံနွယ် များနှင့် အကျႌ အဝတ်အစား များ၊ ပုဆိုးများ၊ ရေ ပုံးနှင့် ပစ္စည်းပစ္စယ များ တင်ထား သည့် အုတ်ဂူ များကို ဖြစ်သည်။
နေရာ ကတော့ ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရား အနီးမှ မြန် အောင် ဘုန်းတော်ကြီးကျောင်း ပရဝဏ် အတွင်း ဖြစ်သည်။ ငါး ထပ်ကြီး ဘုရား သည် ရန်ကုန်မြို့မှ လူသိများသော ဘုရား တစ်ခုဖြစ် သော်လည်း ဤသို့ အမှိုက်နှင့်မြက် ပင်များ၊ အဝတ် လှန်းရန်နှင့် လူသုံး ပစ္စည်း များ တင်စရာသာဖြစ်နေ သော သချုႋင်းဟောင်း တစ်ခု ရှိနေ သည်ကိုတော့ သိသူနည်းပါလိမ့် မည်။
အုတ်ဂူ များက ထုနှင့်ထည်နှင့် ဖြစ်သည်။ သို့သော် ရေညှိများ ဖုံး အုပ်နေ၍ ကမ္ပည်း ကပ်ထားသော အမည်နာမ များကိုတော့ ရုတ် တရက် ဖတ်နိုင်မည် မဟုတ်။ အ နားသို့ ကပ်၍ လေ့လာ ဖတ်ရှုမည် ဆိုပါက သင် အံ့သြ သွားလိမ့်မည် ဖြစ်ကြောင်း အတိ အကျပြောနိုင် ပါ သည်။
အဘယ့်ကြောင့် ဆိုသော် အုတ် ဂူရှင်များကား သာမန် မဟုတ်။ ကုန်းဘောင်မင်းဆက် ဟု သိကြသည့် မင်းတုန်းမင်း၏ အနွယ် တော် အုတ်ဂူ များဖြစ်နေသော ကြောင့်ပင်တည်း။
(သင်္ခါရပြယုဂ် သို့မဟုတ် ရေပွက်ပမာ တစ်သက်လျာတည်း)
ပ ဉ္စမသင်္ဂါယနာတင် မင်းတုန်း မင်းတရားကြီး ၏ မြေးတော် ပင် လယ် ထိပ်ခေါင်တင်ကြီး သက် တော်(၈၁)နှစ် ရှိသည် ၁၃၁၇ ခုနှစ် တန်ဆောင်မုန် လဆန်း ၁၄ ရက် နေ့ နတ်ရွာစံလွန်တော်မူသည််။
ပ ဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ မြေးတော် သက်တော် ၈၃ နှစ်ရှိ သုသီရိနန္ဒ ဝတီ (ခေါ်) ပင်လယ်ထိပ်ခေါင်တင် ကလေး ၁၃၂၂ ခု ဝါဆိုလဆန်း ၅ ရက်နေ့ နတ်ရွာစံတော်မူသည်။
ညောင်အုပ် မင်းသမီး ထိပ် တင်ချို အသက် (၅၁) နှစ် နတ် တော်လဆန်း ၄ ရက်နေ့ ၁၃ဝဝ ပြည့်နှစ် နတ်ရွာစံသည်ဟု အင်္ဂလိပ် မြန် မာနှစ်ဘာသာဖြင့် ရေးထိုးထား သည့် အုတ်ဂူ။
မင်းတုန်းမင်း၏ မြေးတော် ညောင်အုပ် မင်းသား၏သမီးတော် ညောင်အုပ် ထိပ်တင်စိုး သက်တော် (၄၇) နှစ် ဟု ရေးထိုးထားသည့် အုတ်ဂူ များ။
လေဒဏ်မိုး ဒဏ်ရာသီဥတု ဒဏ်ကြောင့် လည်းကောင်း၊ အချိန် ကာလကြောင့်သော် လည်းကောင်း မည်သူ မည်ဝါဟု ဖတ်၍ မရအောင် ပျက်ယွင်းနေသည့် အုတ်ဂူတို့လည်း ရှိနေပါသေးသည်။ ယင်းအုတ်ဂူ များသည်လည်း မင်းတုန်းအနွယ်တော်တို့ဖြစ်သည်ကို ၄င်းဂူများအ နီး နှစ်ပေါင်း နှစ်ဆယ်ကျော် နေထိုင် သူတို့၏ ပြောစကားများအရ သိ ရသည်။
အုတ်ဂူများနှင့် တစ်ပေခန့် သာကွာသည့် နေရာတွင် အိမ် ဆောက်နေ ဖြစ်သည့် အကြောင်း ခြင်းရာကို အသက် ၄ဝ နီးပါး အ ရွယ်ရှိ ကိုကျော်ဆန်း က ”ကျွန် တော်တို့ ဒီမှာနေတာက မြန် အောင်ကျောင်းထိုင် ဆရာတော်ကို ခွင့်ပြုချက် ယူပြီး နေတာပါ။အမှန် တော့ ဒီိလို အုတ်ဂူတွေ ကြားမှာဆို ဘယ်သူမှ မနေချင်ကြပါဘူး။ ရန် ကုန်မှာက အိမ်ပိုင် မရှိရင် အိမ်ငှား နေဖို့ ဆိုတာ မလွယ်လို့ နေရတာပါ” ဟု ပြောပြသည်။
ကိုကျော်ဆန်း တို့အိမ်နှင့် ကပ် လျက်အိမ်သည် သူ၏ မိဘများနေ ထိုင်သည့် အိမ်ဖြစ်ပြီး အိမ်ထောင် ကျသည့် အခါတွင် ထိုသို့ မျက်နှာ ချင်းဆိုင်တွင် အိမ်ခွဲကာ ဇနီး၊ လ သားအရွယ် သမီးတို့နှင့် ၄င်းအုတ် ဂူများနေရာတွင်ပင် နေထိုင်သည် ဟု မြန်အောင်မှ ရန်ကုန်တွင် လာ ရောက် နေထိုင်ဖြစ်ခဲ့ပုံကို ရှင်းပြ သည်။
တစ်နယ်သား ကိုကျော်ဆန်း သည်လက်ရှိတွင် တာမွေစျေးတွင် ကြက်သားရောင်းပြီး မိသားစုစား ဝတ် နေရေး ကိုဖြေရှင်းနေသူ ဖြစ် သည်။ အခြေအနေ အရ အုတ်ဂူ များအကြားနေ ရသော်လည်း မင်း မျိုးနွယ်တို့၏ အုတ်ဂူများပေါ် တွင် အဝတ်လှန်းခြင်း ဖြတ်သွားဖြတ် လာပြုရခြင်း တို့အတွက် ထိုအုတ်ဂူ ရှင် များကို ခွင့်တောင်းကာ လုပ် ဆောင်သည် ဟု ဆိုပါသည်။
ကိုကျော်ဆန်း၏ မိခင် အသက်ခုနစ်ဆယ်ကျော် အရွယ်ရှိ ဒေါ်အကြည် က ”အဒေါ်တို့က မြန်အောင် ဇာတိပါ။ ဒီကိုရောက် တာ အနှစ် ၂ဝ ရှိပြီ။ ရွာမပြန်ဘဲ ဒီမှာ လုပ်ကိုင်စားသောက်နေကြ တာပါ။ နေရာထိုင်ခင်းအခက်အခဲ ကြောင့် မြန်အောင်ကျောင်းက ဘုန်းဘုန်း ကိုလျှောက် ပြီး ဒီမှာနေ တာပါ။ ပထမတော့ ကြောက် တယ်။ ကြာလာတော့ နေသားတ ကျဖြစ်သွားတယ်။ ဘုရား ဝတ်ပြုရင် လည်း အမျှ အတမ်းတွေ ဝေပေး တယ်။ ဒီမှာနေတာကြာပြီ အရိပ် အရောင်ပြတာလည်း မတွေ့ဖူးပါ ဘူး။ သူတို့ဟာ သူတို့နေ တာ ဒေါ် လေး တို့လည်း ကိုယ့်ဟာ ကိုယ်နေ တာလေ”ဟု ပြောသည်။
(သေရင်ပြီးပြီလား)
အဆိုပါ အုတ်ဂူများဆီသို့ အနွယ်တော်များ တစ်ခါတစ်ရံတွင် လာရောက် ရှင်းလင်းလေ့ရှိပြီး ကို ကျော်ဆန်း တို့နှင့်တော့ တစ်ခါမျှ စ ကားပြောဆိုဖူးခြင်း မရှိကြောင်း နှင့် အများဆုံး လာရောက်လေ့ရှိသူ များမှာ နိုင်ငံခြားသား များဖြစ်သည် ဟုလည်း ၄င်းတို့ မိသားစုနှင့် ပတ် ဝန်းကျင် မှ ပုဂ္ဂိုလ်များ၏ ပြော စကားအရ သိရသည်။
ပြည်ပမှ သူငယ်ချင်းတစ်ဦး အား အဆိုပါဂူသို့ လိုက်ပြခဲ့ဖူးသည့် မသန္တာအောင် က ”အနွယ်တော်ဟာ မင်းမျိုးမင်းနွယ်တွေပဲ။ ဒီလိုမလုပ် သင့်ဘူး။ ဘယ်သူမှ မထိန်းသိမ်းရင် အမျိုးတော်တွေမှာ တာဝန်ရှိတယ်။ သူငယ်ချင်း နိုင်ငံခြားသူက မေးတယ်။ ဘာဖြစ်လို့ ဒီလို ပစ်ပယ် တာ လဲ၊ သူတို့တွေက မင်းသား မင်းသမီး တွေ မဟုတ်ဘူးလား၊ မဟာမျိုးနွယ် တွေ မဟုတ်ဘူးလား၊ မေးတယ်။ ဘာပြန်ဖြေရမှန်းတောင် မသိဘူး” ဟု ဆိုသည်။
မသန္တာအောင် သည် အဆိုပါ အုတ်ဂူများ သို့နှစ်ကြိမ် ရောက်ဖူး သူဖြစ်သည်။ ပထမ တစ်ခေါက် သည် ၂ဝဝဝ ခုနှစ်ဖြစ်ပြီး ဒုတိယ တစ်ခေါက် မှာ ယခုဇွန်လပိုင်းတွင် ဖြစ်သည်ဟု ဆိုပါသည်။
”ဒုတိယ တစ်ကြိမ် ရောက် တော့ မိုးတွင်းလည်းဖြစ်တော့ နေ ရာကလည်း တအား ညစ်ပတ်ပြီး လမ်းမှာ ခွေးချေးတွေ၊ ရေညှိတွေ။ ပြီးတော့ ဂူတွေနားမှာ ညစ်ပတ် နေတာပဲ”ဟု မသန္တာအောင်က သူတွေ့မြင်ခဲ့ရသည့် အုတ်ဂူ များ၏ မြင်ကွင်းကို ပြောပြသည်။
မသန္တာအောင်၏ အကူအညီ ဖြင့် အဆိုပါ အုတ်ဂူသို့ လာရောက် ခဲ့သည့် အမေရိကန်သူ အက်စတာ ကတော့ သူ၏ မြန်မာပြည် ပထမ ဆုံး ခရီးစဉ်တွင် ပုဂံ အပါအဝင် မြန်မာ နိုင်ငံ၏ အထင်ကရ နေရာ များစွာတွင် သွားရောက် လေ့လာခဲ့သူဖြစ်သည်။
သူငယ်ချင်း လိုက်ပို့သဖြင့် ရောက်ခွင့် ရခဲ့သည့် အနွယ်တော် များ၏ အုတ်ဂူ ခရီးစဉ်သည် အက် စတာ အတွက် စိတ်လှုပ်ရှား အံ့သြ ရစေသည်ဟု ဆိုပါသည်။
”ကျွန်မ သူငယ်ချင်း ‘အောင်’ ရဲ့ ကျေးဇူးကြောင့် လွန်ခဲ့တဲ့လေး ငါးရက်က မင်းတုန်းမင်းရဲ့အမျိုး တော်တွေ အုတ်ဂူနေရာ ရောက်ခဲ့ပါ တယ်။ ရောက်ရောက်ခြင်း ကျွန်မ အံ့သြလို့ ဒူးတောင်တုန်ပြီး လှဲထိုင် ရတဲ့အထိပါပဲ။ ကျွန်မထင်ခဲ့ တာ တော့ တော်ဝင် မျိုးနွယ်တွေ ရဲ့ဂူဟာ မဟာဆန်ပြီး တခမ်းတနားရှိမယ် ထင်ခဲ့တာ”ဟု သူ၏ အထင်နှင့် အမြင် ကွာခြားမှုကို ပွင့်လင်းစွာပင် ပြောပြပါသည်။
အက်စတာ ကပင် အုတ်ဂူများ နှင့် ပတ်သက်ပြီး သူ၏ ခံစားချက် ပြောပြသည်မှာ ”သီပေါလောက်ပဲ လေ့လာခဲ့တာ။ ကျွန်မပြန်ရင် မင်း တုန်းမင်း နဲ့ ပတ်သက်ပြီး ထပ်လေ့လာမယ်” ဟု အုတ်ဂူူများ မှတစ်ဆင့် မြန်မာမင်း များ အကြောင်းကို လေ့လာလို စိတ် ပိုစေကြောင်း ပြော သည်။
(သမိုင်းတန်ဖိုး)
မင်းတုန်းမင်းသည် ခရစ်နှစ် ၁၈၁၄ တွင် မွေးဖွားကာ ခရစ်နှစ် ၁၈၅၃ ၌ နန်းတက်သူခဲ့ပြီး ခရစ် နှစ် ၁၈၇၈ တွင် နတ်ရွာစံ ခဲ့သော ကြောင့် မန္တလေး မြနန်းစံကျော် ရွှေ နန်းတော်ကြီး၏ အရှေ့ဘက် ပေ ၁ဝဝ ကျော်တွင် မင်းတုန်းမင်း ၏ ဂူဗိမာန်နှင့် ကမ္ပည်းတိုင်ကို စိုက်ထူ ခဲ့ သည်။
မင်းတုန်းမင်း ဘုရင်မင်းမြတ် ဂူဗိမာန် အနီးတွင် မိဖုရားဖြစ်သော ဆင်ဖြူမရှင် မိဖုရား၏ ဂူဗိမာန်နှင့် ကမ္ပည်းတိုင် ကိုလည်း စိုက်ထူ ထား ကြောင်း သမိုင်း မှတ်တမ်းများ အရ သိရသည်။
”မင်းတုန်းမင်းရဲ့ သားတော် တွေထဲမှာ ညောင်ရမ်း ဆိုတဲ့ မြို့နဲ့ ညောင်အုပ် ဆိုတဲ့မြို့ကို စားရတဲ့ သားတော်နှစ်ပါး ရှိတယ်တယ်။ ဒါကြောင့် ညောင်ရမ်း မင်းသား၊ ညောင်အုပ် မင်းသားလို့ ခေါ်ကြ တယ်။ ဒီဂူတွေက အဲဒီ အစုထဲက ဖြစ်မှာပါ”ဟု သမိုင်းပါမောက္ခဒေါက် တာ ကျော်ဝင်းက သုံးသပ်သည်။
ယင်းအုတ်ဂူများ၏ လက်ရှိအ နေအထားနှင့် ပတ်သက်၍ သမိုင်း စာရေးဆရာ ဘုန်းတင့်ကျော် က ရရှိသည့် ဘတ်ဂျတ်ထက် သမိုင်း ဆိုင်ရာ ထိန်းသိမ်းရသည့် အဆောက် အအုံများမှာ တစ်ပြည်လုံးအနေ ဖြင့် ဆိုပါက ၆၅ဝဝ ကျော်ရှိသော ကြောင့် ယင်း အုတ်ဂူများသည် ထိန်းသိမ်းခွင့် ရထားသည့်စာရင်း တွင် မပါဝင်နိုင်ကြောင်း အနွယ်တော် ဂူများ ကိုထိန်းသိမ်းရန် အခက်အခဲ ကို ရှင်းပြပါသည်။
”တစ်ခုတော့ ရှိတယ်၊ သူတို့က မင်းတုန်းမင်း လည်း မဟုတ်၊ သီ ပေါမင်းလည်း မဟုတ် ဆိုတော့ ထိန်းသိမ်း စောင့်ရှောက်တဲ့ အထဲ မှာ မပါဘူး ဖြစ်နေပုံရတယ်။ တ ကယ်တော့ နှစ်တစ်ရာ ပြည့်ပြီးရင် သမိုင်းဝင်တယ်။ ရှေးဟောင်း သမိုင်းဝင် အဖြစ်နဲ့တော့ ထိန်း သိမ်း ပေးနိုင် ရင်တော့ ကောင်းတာပေါ့။ သူတို့က မြန်မာ့ သမိုင်းထဲမှာ အ ရေးပါတဲ့ ပုဂ္ဂိုလ်စာရင်း ထဲမှာ မဝင် ပြန်ဘူး ဖြစ်နေတယ်။ တိုင်းပြည် က ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်နေတော့ ရတဲ့ဘတ်ဂျက် နဲ့ အရေးကြီး ပထမ တန်းစား ပုဂ္ဂိုလ် နဲ့နေရာကို ထိန်း သိမ်းနေ ရတယ်” ဟု ဆရာဘုန်း တင့်ကျော်က ဆိုသည်။
တစ်ချိန် ကတော့ဖြင့် မင်းမျိုး မင်းနွယ် ဟူသည် မော်ဖူးစေ ဆိုသည့် အမိန့်တော် မရရှိပါက မော်၍ ပင်ကြည့်ခွင့် ရသူများ မဟုတ် ပါ။သို့သော် အခြေအနေနှင့် အချိန်အ ခါ၏ အဆုံးအဖြတ် အောက်ရောက် ရှိရသည့် အခါတွင် ကံတရားဆို သည့် တရားသူကြီး၏ အမိန့် ကို မည်သူက လွန်ဆန်ခွင့်ရရှိမည် နည်း။ ယခုအချိန်တွင် အုတ်ဂူ ရှင်တို့သည့် ပတ်ဝန်းကျင်တွင် နေ ထိုင်သူတို့၏ နင်းလိုရာနင်း၊ သုံး လိုရာ သုံးဆိုသည့် အနေအထား ဖြစ်သည်။
ချောင်ကျသည့် နေရာတစ်ခု တွင် ထာဝရ အိပ်စက်နေရသည့် လက်ရှိ အခြေအနေမှာ တစ်ချိန်က ရွှေထီးဆောင်း ဘုရားထူးခံ ဘဝ ဆိုသော်လည်း မတည်မြဲသည့် သင်္ခါ ရသဘောကို တရားပြနေသည့်နှယ်။ တစ်ချိန်က အခြေအနေ များကို အုတ်ဂူ တို့တွင် ရေးထိုး ထားသော် လည်း ယင်းတို့သည်လည်း ပျက်တ ချို့၊ ညစ်ပတ်ခြင်း တချို့နှင့်။ အ နွယ်တော် တို့၏ နေဝင်ချိန်သည် အပြင်က သဲသဲမဲမဲ ရွာသွန်းနေသည့် မိုးကြောင့်ပင် ပို၍မှောင်မည်းနေ သည်ဟု ထင်ရသည်။
အုတ်ဂူရှင်များကား သာမန် လူများမဟုတ် အနွယ်တော်များ ဖြစ်သည်။ မြန်မာ့ သမိုင်းတွင် သူ တို့သည်လည်း နေရာ တစ်ခုရှိခဲ့ သည်ပင်။ သို့သော် ယနေ့တွင် ထို အုတ်ဂူရှင် များကား မြန်မာပြည်သူ များထက် ပြည်ပ ခရီးသွားများ၏ စိတ်အစဉ်ကို ဖမ်းစားနိုင်သည့် အခြေ အနေ တွင် ရှိနေသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြတိုက် အတိုင်ပင်ခံ ပညာရှင် ဒေါ်နုမြဇံ ကတော့ ”ကိုယ့်ဘိုးဘွား တွေ အမျိုးနွယ်တွေရဲ့ အုတ်ဂူဆို တာ ကိုယ်မိသားစု က ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုမယ်။ ဒီလိုပဲ ဘိုး ဘွားတွေရဲ့ အုတ်ဂူကို ကျန်ရစ်တဲ့ သားသမီး မြေးမြစ်တွေက ထိန်း သိမ်း ရမှာပဲလေ”ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ ဘုန်းတန်ခိုး ကြီးမားခဲ့သော မြန်မာဘုရင် မင်း တုန်းမင်းကြီး ၏ မြေးမြစ် အနွယ် တော်တို့နှင့် သူတို့၏ သမိုင်းတန်ဖိုး များကတော့ ညစ်ထေး ယိုယွင်းနေ သော လူမသိသူမသိ အုတ်ဂူများနှင့် အတူအမေ့လျော့ခံ အဖြစ်တိတ်ဆိတ် အထီးကျန်စွာ ရှိနေဆဲဖြစ် သည်။
‪#‎PopularNews‬

No comments:

Post a Comment