Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 30, 2015





Ref: Indiatimes
...........................................................................................

ကမ္ဘာ့ အထူးခြားဆုံး မျက်နှာအလှပြင်နည်းများ

Victor.PaaTung 
အခုခေတ်မှာ အမျိုးသမီးတွေရဲ့အလှအပမက်မောမှု အမြင့်ဆုံးရောက်ရှိနေပြီး ကြည့်ကောင်းရှုကောင်းဖြစ်ဖို့ လိုအပ်တာမှန်သမျှ လုပ်ဖို့ကိုလည်း ၀န်မလေးကြတော့ပါဘူး။ ဆွဲဆောင်မှုရှိနေအောင် အမျိုးသမီးတွေအနေနဲ့ ဆန်းပြားတဲ့ အလှပြင်ဆင်နည်းများ အသုံးပြုကြပါတယ်။
အရင်နဲ့မတူ ထူးခြားစွာ ဆွဲဆောင်မှုရှိနေစေဖို့ အမျိုးသမီးတွေ ရွေးချယ်အသုံးပြုတဲ့ ထူးခြားဆန်းပြားတဲ့ အလှပြင်နည်း တချို့မှာ -  သွေးဖြင့် မျက်နှာအလှပြင်နည်း
သွေးဖြင့် မျက်နှာအလှပြင်နည်းဆိုတာ ခွဲစိတ်မှုမပါတဲ့ အလှပြင် ကုထုံးတစ်မျိုးဖြစ်ပါတယ်။ မျက်နှမှာ ကိုယ့်သွေးမှရတဲ့ ဂျဲလ်တစ်မျိုး ဖြည့်သွင်းပေးခြင်းဖြစ်ပါတယ်။ မျက်နှာကို အရွယ်တင်နုပျိုစေခြင်းနဲ့ အရေပြား တွန့်တွမှုမရှိအောင် ကာကွယ်ရာမှာ တကယ်ထိရောက်ကြောင်း ဆိုပါတယ်။
သိုးအချင်း မျက်နှာအလှပြင်နည်း
အံ့ဖွယ်နုပျိုစိုပြည်စေကြောင်း လူသိများပါတယ်။ အရေပြားရောဂါ အထူးကုဆရာများက သိုးအချင်းမှ ရတဲ့ chemical တွေကို အနံ့အသက်မွှေးအောင် သစ်သီးခွံတွေနဲ့ ပေါင်းစပ်ပြီး မျက်နှာမှာ လိမ်းပေးကာ အာဟာရပြည့်ဝစေပါတယ်။
ရှားစောင်းမျက်နှာအလှပြင်ဆေးနည်း
ဝက်ခြံကင်းဝေးစေတဲ့ အာနိသင်အဖြစ် လူသိများပါတယ်။ ရှားစောင်းမှာ အရေပြား ယားယံကျိန်းစပ်မှုကို ပြေပျောက်စေတဲ့ သစ်စေးနဲ့ ချွေးတွေထုတ်ပေးတဲ့ mucilage တွေ ပါဝင်တယ်။
ငှက်ချေးသုံး မျက်နှာအလှပြင်နည်း
ဒါကို စစသိချင်း ရွံစရာလို ယူဆကြပေမယ့် ငှက်ချေးမျက်နှာအလှပြင်နည်းက ဂျပန်တစ်နိုင်ငံလုံးကို အုံးအုံးထစေပါတယ်။ ဒီမျက်နှာအလှပြင်နည်းမှာ အသားရေ နူးညံ့ပျော့ပျောင်းစေဖို့ ဂျပန်ရိုးရာ အလှကုန်ပစ္စည်းများ အသုံးပြုထားပြီး အဲဒါက ဂျပန်ညတေးသီငှက် (nightingale) မစင်ထက်မပိုပါဘူး။ 

Ref: Indiatimes
http://www.trendmyanmar.com/2015/09/30/beauty-7762

No comments:

Post a Comment