Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 30, 2015

ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ ဆေးခြောက်ထုပ်ကြောင့် ခွေးအိမ်တစ်လုံး ပျက်စီး







( Mario )


Ref : Metro
.................................................................................................................

တရားမဝင် မူးယစ်ဆေးဝါ သယ်ယူပို့ဆောင်သူ တွေဟာ လေယာဉ်ပေါ်ကနေ သူတို့ ပစ်ချပေးရမယ့် မူးယစ်ဆေးဝါး အထုပ် ကို သတ်မှတ်ချိန်ထက်စောပြီး ပစ်ချမိတဲ့အတွက် ခွေးအိမ်လေးတစ်လုံး ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

Maya Donnelly ဆိုသူ အမျိုးသမီးက ပြောပြခဲ့တာကတော့ သူအသံကြားလိုက်တဲ့အချိန်မှာ မိုးကြိုးပစ်တယ်လို့ ထင်လိုက်ပြီး အချိန်အနည်းငယ် အကြာမှာ သိလိုက်တာက ထိုအသံဟာ ၂၆ ပေါင် အလေးချိန်ရှိတဲ့ ဆေးခြောက် အထုပ်ကြီး ကောင်းကင်ပေါ်က ကျလာတယ်ဆိုတာပါပဲ။

သူမဟာ အမေရိကန်ပြည်ထောင်စု နဲ့ မက္ကဆီကန် နိုင်ငံ နယ်စပ်မှာတည်ရှိတဲ့ Nogales မြို့က သူမရဲ့ နေအိမ်မှာ ထို မူးယစ်ဆေးဝါး တွေကိုတွေ့ရှိခဲ့တာဖြစ်ပြီး သူမအိမ်ဘေးက အဖီ ခေါင်မိုးမှာလည်း အပေါက်တစ်ခုဖြစ်နေတာကိုတွေ့ရပြီး သူမ ခွေးလေးရဲ့ နေအိမ်ကိုပါ ပျက်စီးသွားစေခဲ့တာဖြစ်ပါတယ်။

ထို ဆေးခြောက်အထုပ်ဟာ မြောက်ဘက် အပိုင်းမှာ ပစ်ချဖို့ စီစဉ်ထားတာ ဖြစ်နိုင်ပြီး Donnelly ရဲ့ နေအိမ်ပေါ်ကို မတော်တဆ ပစ်ချလိုက်မိတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကယူဆပြီး ထိုဆေးခြောက်ထုပ် ဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၀၀၀ တန်တယ်လို့လည်း သိရပါတယ်။

Maya ဟာ ထို အဖြစ်အပျက်တွေကို 911 သို့ဖုန်းဆက်ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တဲ့အတွက် အိမ်နီးနားချင်းတွေနဲ့ မိသားစုတွေကတော့ သူမကို မှားယွင်းတဲ့လုပ်ဆောင်မှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ အပြစ်တင်နေကြပါတယ်။

သူမကိုယ်တိုင်ကလည်း ထိုဆေးခြောက်ထုပ်ကို တစ်စုံတစ်ယောက် ပြန်လည်လာရောက် ရှာဖွေမယ်လို့ မထင်ထားတဲ့အတွက် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ထို Donnelly ကို အိမ်ပြုပြင်ဖို့အတွက် ဒေါ်လာ ၅၀၀ နဲ့ သူမရဲ့ ခွေးလေးအတွက် အိမ်အသစ်တစ်လုံးတို့ကို ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metroတရားမဝင် မူးယစ်ဆေးဝါ သယ်ယူပို့ဆောင်သူ တွေဟာ လေယာဉ်ပေါ်ကနေ သူတို့ ပစ်ချပေးရမယ့် မူးယစ်ဆေးဝါး အထုပ် ကို သတ်မှတ်ချိန်ထက်စောပြီး ပစ်ချမိတဲ့အတွက် ခွေးအိမ်လေးတစ်လုံး ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

No comments:

Post a Comment