Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

Paul Walker ရဲ့ သမီးျဖစ္သူက Paul Walker ေသဆုံးမွဳအတြက္ Porsche ကို အမွဳဖြင့္




ကြယ္လြန္သူ ရုပ္ရွင္မင္းသား Paul Walker ရဲ့ ဆယ္ေက်ာ္သက္အရြယ္သမီးျဖစ္သူဟာ Porsche AG ကားကုမၸဏီကို Paul ေသဆုံးမွဳမွာတာ၀န္ရွိမွဳနဲ ့အမွဳဖြင့္လုိက္ပါတယ္။
အသက္ ၄၀ ႏွစ္အရြယ္ ‘The Fast and the Furious’ ရုပ္ရွင္ကားၾကယ္ပြင့္ Paul Walker လုိက္ပါလာတဲ့ Porsche Carrera GT ကားမွာ အျပစ္အနာအဆာေတြ ရွိတယ္လုိ ့စြပ္စြဲျပီး Porsche ကားကုမၸဏီကို အမွဳဖြင့္ဆုိ လုိက္တာျဖစ္ပါတယ္။အသက္ ၁၆ ႏွစ္အရြယ္ Meadow Walker က ဂ်ာမန္ကားထုတ္လုပ္သူကုမၸဏီဟာ တစ္နာရီ ၂၀၅ မိုင္ႏွဳန္း ေျပးႏိုင္တဲ့ ျမင္းေကာင္ေရ ၆၀၅ အင္ဂ်င္ကို Porsche Carrera GT မွာ ထည့္သြင္းတပ္ဆင္ခ်ိန္မွာ စီးနင္းသူ ေဘးကင္းလုံျခဳံေရးအတြက္ ျပီးစလြယ္နည္းလမ္းေတြ လုိက္ခဲ့တယ္လုိ ့စြပ္စြဲေျပာဆုိလုိက္ပါတယ္။
အဆုိပါတုိင္ၾကားခ်က္အရ Porsche AG ဟာ Carrera GT ကားေတြဟာ ယာဥ္ထိန္းရာမွာ တည္ျငိမ္မွဳမရွိတဲ့ သမုိင္းေၾကာင္းေတြရွိေပမယ့္ အဆုိပါျပႆနာကို ေျဖရွင္းႏိုင္မယ့္ ထိန္းခ်ဳပ္စနစ္ေတြ ထည့္သြင္းဖုိ ့ကုမၸဏီအေနနဲ ့ပ်က္ကြက္ခဲ့တယ္လုိ ့သိရပါတယ္။ ဒီ့အျပင္ ကားထုိင္ခုံခါးပတ္ေတြဟာ ယာဥ္မေတာ္တဆထိခုိက္မွဳကို မကာကြယ္ႏိုင္တဲ့ ဒီဇိုင္းျဖစ္ျပီး Walker ရဲ့ ကိုယ္အထက္ပုိင္းဟာ အားေပါင္ခ်ိန္ေထာင္ေပါင္းမ်ားစြာကို ခံခဲ့ရျပီး နံရိုးနဲ ့တင္ပါးဆုံရိုးေတြ က်ိဳးခဲ့ရတာ ျဖစ္တယ္လုိ ့ဆုိပါတယ္။
ယာဥ္တုိက္မွဳျဖစ္ျပီး တစ္မိနစ္နဲ ့စကၠန္ ့ႏွစ္ဆယ္ၾကာျပီးေနာက္ ကားကို မီးစြဲေလာင္ခဲ့ခ်ိန္မွာ Paul Walker ဟာ ပက္လက္အေနအထားနဲ ့ကားထဲမွာ ပိတ္မိေနခဲ့တာျဖစ္တယ္လုိ ့ေျပာၾကားထားပါတယ္။  
Ref: LA Times 
http://www.trendmyanmar.com/2015/09/29/news-7751
............................................................................................

Paul Walker ရဲ့ သမီးဖြစ်သူက Paul Walker သေဆုံးမှုအတွက် Porsche ကို အမှုဖွင့်
ye wint
ကွယ်လွန်သူ ရုပ်ရှင်မင်းသား Paul Walker ရဲ့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူဟာ Porsche AG ကားကုမ္ပဏီကို Paul သေဆုံးမှုမှာတာဝန်ရှိမှုနဲ ့အမှုဖွင့်လိုက်ပါတယ်။
အသက် ၄၀ နှစ်အရွယ် ‘The Fast and the Furious’ ရုပ်ရှင်ကားကြယ်ပွင့် Paul Walker လိုက်ပါလာတဲ့ Porsche Carrera GT ကားမှာ အပြစ်အနာအဆာတွေ ရှိတယ်လို ့စွပ်စွဲပြီး Porsche ကားကုမ္ပဏီကို အမှုဖွင့်ဆို လိုက်တာဖြစ်ပါတယ်။အသက် ၁၆ နှစ်အရွယ် Meadow Walker က ဂျာမန်ကားထုတ်လုပ်သူကုမ္ပဏီဟာ တစ်နာရီ ၂၀၅ မိုင်နှုန်း ပြေးနိုင်တဲ့ မြင်းကောင်ရေ ၆၀၅ အင်ဂျင်ကို Porsche Carrera GT မှာ ထည့်သွင်းတပ်ဆင်ချိန်မှာ စီးနင်းသူ ဘေးကင်းလုံခြုံရေးအတွက် ပြီးစလွယ်နည်းလမ်းတွေ လိုက်ခဲ့တယ်လို ့စွပ်စွဲပြောဆိုလိုက်ပါတယ်။
အဆိုပါတိုင်ကြားချက်အရ Porsche AG ဟာ Carrera GT ကားတွေဟာ ယာဉ်ထိန်းရာမှာ တည်ငြိမ်မှုမရှိတဲ့ သမိုင်းကြောင်းတွေရှိပေမယ့် အဆိုပါပြဿနာကို ဖြေရှင်းနိုင်မယ့် ထိန်းချုပ်စနစ်တွေ ထည့်သွင်းဖို ့ကုမ္ပဏီအနေနဲ ့ပျက်ကွက်ခဲ့တယ်လို ့သိရပါတယ်။ ဒီ့အပြင် ကားထိုင်ခုံခါးပတ်တွေဟာ ယာဉ်မတော်တဆထိခိုက်မှုကို မကာကွယ်နိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး Walker ရဲ့ ကိုယ်အထက်ပိုင်းဟာ အားပေါင်ချိန်ထောင်ပေါင်းများစွာကို ခံခဲ့ရပြီး နံရိုးနဲ ့တင်ပါးဆုံရိုးတွေ ကျိုးခဲ့ရတာ ဖြစ်တယ်လို ့ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီး တစ်မိနစ်နဲ ့စက္ကန် ့နှစ်ဆယ်ကြာပြီးနောက် ကားကို မီးစွဲလောင်ခဲ့ချိန်မှာ Paul Walker ဟာ ပက်လက်အနေအထားနဲ ့ကားထဲမှာ ပိတ်မိနေခဲ့တာဖြစ်တယ်လို ့ပြောကြားထားပါတယ်။  

Ref: LA Times 
http://www.trendmyanmar.com/2015/09/29/news-7751

No comments:

Post a Comment