Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ေရြးေကာက္ပြဲမွာ ဘယ္လို မဲေပးရမလဲဆိုတာ ေဒၚေအာင္ဆန္းစုၾကည္က ရွင္းျပ



ေရြးေကာက္ပြဲမွာ ဘယ္လို မဲေပးရမလဲဆိုတာ ေဒၚေအာင္ဆန္းစုၾကည္က ရွင္းျပထားပါတယ္။Daw Aung San Suu Kyi explained how to vote...
Posted by The Melting Pot 4 U on Wednesday, 30 September 2015

ကင္ဆာဆဲလ္ ၉၈% ရာခိုင္ႏႈန္းေက်ာ္ ေသေစတဲ့ ၾကက္ဟင္းခါးသီး

ၾကက္ဟင္းခါးသီးပင္ေလးဟာ အာရွတုိက္မွာဆိုရင္ သာမန္အပင္ေလး တစ္ပင္ေလာက္ပါပဲ။ ဂ်ပန္ႏုိင္ငံ ဝစ္ကီနာဝါက ႏွစ္ေပါင္းၾကာရွည္အသက္ရွင္တဲ့ လူဦးေရေတြၾကား အေတာ္ေလး လူသိမ်ားပါတယ္။

ေရပါဝင္မႈ ပမာဏ (၅%) ရာခိုင္ႏႈန္းသာရိွတဲ့ ၾကက္ဟင္းခါးသီးရည္က အစာေၾကမႈအတြက္ အေႏွာက္အယွက္ေပးတဲ့ ကင္ဆာဆဲလ္ေတြရဲ႕ လမ္းေၾကာင္းေလးခုကို ဖ်က္ဆီးေပးပါတယ္။ ၾကက္ဟင္းခါးသီးက ကင္ဆာဆဲလ္လမ္းေၾကာင္းႏွစ္ခုရဲ႕ ေဆာင္ရြက္ခ်က္ကို ၉၀% ရာခိုင္ႏႈန္းေလ်ာ့ခ်ေပးျပီး တျခားလမ္းေၾကာင္းႏွစ္ခုကိုလည္း မယုံၾကည္ႏိုင္ေလာက္ေအာင္ ၉၈%ရာခိုင္ႏႈန္းအထိ ဖ်က္ဆီးေပးပါတယ္။

ဒီကုသနည္းက ထိန္းခ်ဳပ္ရခက္တဲ့ ကင္ဆာဆဲလ္ေတြကို ေျဖရွင္းေပးတဲ့ သဘာဝနည္းလမ္းပဲျဖစ္ပါတယ္။ ပိုျပီးေကာင္းမြန္တဲ့ အခ်က္က ၾကက္ဟင္းခါးသီးက ကင္ဆာဆဲလ္ေတြရဲ႕ ကလိုးကို႔စ္ အစာေခ်ဖ်က္မႈစနစ္ကို ရပ္တန္႔ေစတဲ့ လမ္းေၾကာင္းေတြကိုလည္း ျပန္လည္အလုပ္လုပ္ေစပါတယ္။ ေနာက္တနည္းေျပာရမယ္ဆိုရင္ ဆဲလ္ေတြအတြက္ ဆက္လက္အသက္ရွင္ႏုိင္ဖုိ႔ လိုအပ္တဲ့ သိၾကားဓာတ္ရရိွမႈကို ရပ္တန္႔ေပးလုိက္ပါတယ္။ ဒီအက်ဳိးသက္ေရာက္မႈ အတိုင္းအတာဟာ အသက္အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ ကင္ဆာေရာဂါ ကုသတဲ့ တျခားဓာတုေဆးမ်ားထက္ မ်ားစြာထိေရာက္မႈရိွပါတယ္။

Source: jewsnews

Trend Myanmar
..........................................
ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။

ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။ ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။

ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့ လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။ ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။

Source: jewsnews

Trend Myanmar

သာေပါင္းၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ား ေရႀကီးနစ္ျမဳပ္ဆဲ လယ္ယာေျမႏွင့္အင္းလုပ္ငန္းမ်ား ပ်က္စီးဆုံးရႈံးမႈမ်ားျပားေန


ပုသိမ္ စက္တင္ဘာ ၃ဝ

 ဧရာဝတီတိုင္းေဒသႀကီးတစ္ခြင္ ေရႀကီးနစ္ျမဳပ္မႈမ်ားတြင္ ပုသိမ္ခ႐ိုင္ သာေပါင္းၿမိဳ႕နယ္ ငွက္ေပ်ာေတာ ေက်းရြာအုပ္စု ကုလားဝဲ၊ ရွမ္းေခ်ာင္၊ ကန္လ်ားကုန္း၊ မယ္ဝန္းေဂ်ာင္၊ တံခြန္တုိင္ ၊ ဥသွ်စ္၊ ဘုရားနီေက်းရြာ မ်ားသည္ စက္တင္ဘာ ၃ဝ ရက္ အထိ ေရႀကီးနစ္ျမဳပ္မႈဒဏ္ေၾကာင့္ လယ္ယာေျမႏွင့္ အင္းအုိင္ဆည္ေတြ ေရျပင္ေဖြးေဖြးႏွင့္ ကမ္းမျမင္ လမ္းမျမင္ ျဖစ္ေနဆဲျဖစ္သည္။ ျမစ္ေရေလ်ာ့ပါးလာသည္ ဆုိေသာ္ လည္း ေျခာက္ေပ ခုနစ္ေပခန္႔ ရွိေသး သည္။

''လယ္ယာေျမႏွင့္ အင္းအုိင္ ေတြ ေရျမဳပ္ေနလို႔ လယ္သမား၊ အင္းသမားေတြလည္း လုပ္ငန္းေတြ အဆက္ျပတ္ကုန္တယ္။ ဘဏ္ေၾကြး ေတြဆပ္ဖို႔နဲ႔ သားသမီးေတြ ပညာေရး၊ က်န္းမာေရး အခက္အခဲ ျဖစ္ေနၾကတယ္''ဟု ေတာင္သူ လယ္သမားႀကီး မန္းေရႊထိန္ဝင္းက ေျပာသည္။

အဆိုပါ ငွက္ေပ်ာေတာေက်းရြာ အုပ္စုဝင္ ေက်းရြာမ်ားသည္ သာေပါင္းၿမိဳ႕ နယ္နိမိတ္အတြင္းဟု ဆုိရေသာ္လည္း ေက်ာင္းကုန္းၿမိဳ႕ နယ္ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္စပ္ၾကား ၌တည္ရွိေသာ ေက်းရြာမ်ားျဖစ္သည္။ ကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ အလွမ္း ေဝးေသာ ရြာမ်ားျဖစ္သည္။ တာဝန္ရွိသူတို႔ပင္ ေရနက္ကြင္းျပင္ ျဖစ္ေနေသာေၾကာင့္ အႏၲရာယ္ျဖစ္ မည္စိုး၍ ေရွာင္ကြင္းခံရေသာေဒသ ျဖစ္သည္။
ငွက္ေပ်ာေတာေက်းရြာ ဆရာ ေတာ္ ဘဒၵႏၲကၠႏၵက (မဟာသဒၶမ ေဇာတိကဓဇ)ႏွင့္ တံခြန္တုိင္ ေက်းရြာ ဆရာေတာ္ ဘဒၵႏၲပညာေဇာတ အရွင္ျမတ္တို႔ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ ေရးမွဴး ဦးေအာင္စိုးေဌး၊ က႐ုဏာ ျမန္မာအဖြဲ႕ ဦးေဗဒါ (ခ)ဦးေက်ာ္ေဆြ၊ ကရင္တုိင္းရင္းသားေရးရာ ယဥ္ေက်း မႈေကာ္မတီဥကၠ႒ မန္းေရႊထိန္ဝင္း တုိ႔က ႀကီးၾကပ္ကူညီစီမံမႈျဖင့္ ေက်းရြာ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ား၌ ေရေဘးသင့္ ရြာသူ၊ ရြာသားမ်ားကို ကယ္ဆယ္ေရးစခန္း ဖြင့္လွစ္၍ က်န္းမာေရး၊ ပညာေရးေထာက္ပံ့ ကူညီေပးရသည္။

''ကြၽန္မတို႔ လယ္ေျမေတြလည္း ရက္ေပါင္း ၆ဝ ေက်ာ္ ေရနစ္ျမဳပ္ေန လို႔ ေရျပန္က်ပါေစလို႔ ဆုေတာင္းေန ရတယ္။ ဒါေပမယ့္ ေရက ေျခာက္ေပ၊ ခုနစ္ေပရွိေသးေတာ့ စပါးစိုက္ပ်ဳိးဖို႔ မ်ဳိးစပါးအခက္အခဲနဲ႔ ထြန္ယက္ဖို႔ အခက္အခဲေတြ မ်ားစြာရွိေနေသး တယ္။ စုိက္ခင္းယာေျမေတြလည္း ပ်က္စီးမႈမ်ားျပားေနတယ္။ အင္းအုိင္ ဆည္ေတြလည္း ေရျမဳပ္ပ်က္စီး ကုန္ေတာ့ လုပ္ငန္းေတြ အခက္အခဲ မ်ားစြာၾကံဳေတြ႕ေနရလုိ႔ ေရွ႕ဆက္ ဘာေတြလုပ္ရမွန္း မသိပါဘူး''ဟု လယ္သူမႀကီး ေဒၚဖြားလႈိင္က ေျပာျပ သည္။

လွၾကည္(ပုသိမ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.................................

ပုသိမ် စက်တင်ဘာ ၃ဝ

 ဧရာဝတီတိုင်းဒေသကြီးတစ်ခွင် ရေကြီးနစ်မြုပ်မှုများတွင် ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ငှက်ပျောတော ကျေးရွာအုပ်စု ကုလားဝဲ၊ ရှမ်းချောင်၊ ကန်လျားကုန်း၊ မယ်ဝန်းဂျောင်၊ တံခွန်တိုင် ၊ ဥသျှစ်၊ ဘုရားနီကျေးရွာ များသည် စက်တင်ဘာ ၃ဝ ရက် အထိ ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် လယ်ယာမြေနှင့် အင်းအိုင်ဆည်တွေ ရေပြင်ဖွေးဖွေးနှင့် ကမ်းမမြင် လမ်းမမြင် ဖြစ်နေဆဲဖြစ်သည်။ မြစ်ရေလျော့ပါးလာသည် ဆိုသော် လည်း ခြောက်ပေ ခုနစ်ပေခန့် ရှိသေး သည်။

''လယ်ယာမြေနှင့် အင်းအိုင် တွေ ရေမြုပ်နေလို့ လယ်သမား၊ အင်းသမားတွေလည်း လုပ်ငန်းတွေ အဆက်ပြတ်ကုန်တယ်။ ဘဏ်ကြွေး တွေဆပ်ဖို့နဲ့ သားသမီးတွေ ပညာရေး၊ ကျန်းမာရေး အခက်အခဲ ဖြစ်နေကြတယ်''ဟု တောင်သူ လယ်သမားကြီး မန်းရွှေထိန်ဝင်းက ပြောသည်။

အဆိုပါ ငှက်ပျောတောကျေးရွာ အုပ်စုဝင် ကျေးရွာများသည် သာပေါင်းမြို့ နယ်နိမိတ်အတွင်းဟု ဆိုရသော်လည်း ကျောင်းကုန်းမြို့ နယ် ကန်ကြီးဒေါင့်မြို့နယ်စပ်ကြား ၌တည်ရှိသော ကျေးရွာများဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များနှင့် အလှမ်း ဝေးသော ရွာများဖြစ်သည်။ တာဝန်ရှိသူတို့ပင် ရေနက်ကွင်းပြင် ဖြစ်နေသောကြောင့် အန္တရာယ်ဖြစ် မည်စိုး၍ ရှောင်ကွင်းခံရသောဒေသ ဖြစ်သည်။
ငှက်ပျောတောကျေးရွာ ဆရာ တော် ဘဒ္ဒန္တက္ကန္ဒက (မဟာသဒ္ဓမ ဇောတိကဓဇ)နှင့် တံခွန်တိုင် ကျေးရွာ ဆရာတော် ဘဒ္ဒန္တပညာဇောတ အရှင်မြတ်တို့နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်စိုးဌေး၊ ကရုဏာ မြန်မာအဖွဲ့ ဦးဗေဒါ (ခ)ဦးကျော်ဆွေ၊ ကရင်တိုင်းရင်းသားရေးရာ ယဉ်ကျေး မှုကော်မတီဥက္ကဋ္ဌ မန်းရွှေထိန်ဝင်း တို့က ကြီးကြပ်ကူညီစီမံမှုဖြင့် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများ၌ ရေဘေးသင့် ရွာသူ၊ ရွာသားများကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ကျန်းမာရေး၊ ပညာရေးထောက်ပံ့ ကူညီပေးရသည်။

''ကျွန်မတို့ လယ်မြေတွေလည်း ရက်ပေါင်း ၆ဝ ကျော် ရေနစ်မြုပ်နေ လို့ ရေပြန်ကျပါစေလို့ ဆုတောင်းနေ ရတယ်။ ဒါပေမယ့် ရေက ခြောက်ပေ၊ ခုနစ်ပေရှိသေးတော့ စပါးစိုက်ပျိုးဖို့ မျိုးစပါးအခက်အခဲနဲ့ ထွန်ယက်ဖို့ အခက်အခဲတွေ များစွာရှိနေသေး တယ်။ စိုက်ခင်းယာမြေတွေလည်း ပျက်စီးမှုများပြားနေတယ်။ အင်းအိုင် ဆည်တွေလည်း ရေမြုပ်ပျက်စီး ကုန်တော့ လုပ်ငန်းတွေ အခက်အခဲ များစွာကြုံတွေ့နေရလို့ ရှေ့ဆက် ဘာတွေလုပ်ရမှန်း မသိပါဘူး''ဟု လယ်သူမကြီး ဒေါ်ဖွားလှိုင်က ပြောပြ သည်။

လှကြည်(ပုသိမ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္ငါးဖမ္းေလွမ်ားေၾကာင့္ ေကာ့ေသာင္ၿမိဳ႕ခံ ကမ္းနီးငါးဖမ္းေလွမ်ား ျပန္လည္၀င္ေရာက္လာရ


 ေကာ့ေသာင္း စက္တင္ဘာ ၃ဝ

 တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္ဝင္ေရာက္ကာ တစ္ဖက္ႏိုင္ငံမွ က်ဴးေက်ာ္သည့္ေလွမ်ားေၾကာင့္ တရားဝင္ ငါးဖမ္း လိုင္စင္မ်ားျဖင့္ ကမ္းနီးငါးဖမ္းလုပ္ငန္း လုပ္ကိုင္ လ်က္ရွိသည့္ ေကာ့ေသာင္းၿမိဳ႕မွ ကမ္းနီးငါးဖမ္း ေလွ အစင္း ၃ဝ ေက်ာ္ခန္႔မွာ စက္တင္ဘာ ၂၈ ရက္ ညေနပိုင္းတြင္ ငါးဖမ္းလုပ္ငန္းခြင္ရပ္နားကာ ေကာ့ေသာင္းၿမိဳ႕သို႔ အစုအျပံဳလိုက္ ျပန္လည္ဝင္ ေရာက္လာရေၾကာင္း ငါးဖမ္းေလွအုပ္စုမွ အဖြဲ႕ ေခါင္းေဆာင္တစ္ဦး၏ ေျပာၾကားခ်က္အရ သိရ သည္။

ျပန္လည္ဝင္ေရာက္လာခဲ့သည့္ ငါးဖမ္းေလွ အုပ္စုမွ အဖြဲ႕ေခါင္းေဆာင္က ၄င္းတုိ႔ငါးဖမ္းေလွ အုပ္စုသည္ သတ္မွတ္ထားသည့္ ကမ္းနီးငါးဖမ္း လုပ္ကြက္ ျမန္မာ့ေရပိုင္နက္ ငွက္သိုက္ကြၽန္း၊ ဒယ္အိုးကြၽန္းႏွင့္ သံကြၽန္းအနီး စက္တင္ဘာ ၂၇ ရက္က ပိုက္မ်ားေမွ်ာ၍ ငါးဖမ္းေနစဥ္ တစ္ဖက္ ႏိုင္ငံ(ထိုင္း) မွ (အမည္မရွိ) လိုင္းနီကမ္းေဝး ငါးဖမ္းေလွ(ေဒသအေခၚ-လပ္ကူး)ေခၚ ႏွစ္စင္းတြဲ ဝါလပ္ငါးဖမ္းေလွ အစင္း၂ဝ ခန္႔သည္ ကမ္းနီးငါး ဖမ္းလုပ္ကြက္အတြင္း ဝင္ေရာက္ငါးဖမ္းေၾကာင္း၊ ေကာ့ေသာင္းငါးဖမ္းေလွအဖြဲ႕မ်ား ငါးဖမ္းရန္ေမွ်ာ ထားသည့္ ပိုက္မ်ားကို စက္အားေကာင္းမြန္သည့္ ၄င္းတို႔ေလွမ်ားျဖင့္ ဝင္ေရာက္ျဖတ္သန္းခုတ္ ေမာင္းသျဖင့္ ငါးဖမ္းပိုက္မ်ား ဆံုး႐ႈံးခဲ့ရေၾကာင္း၊ အဆိုပါ ကမ္းေဝးငါးဖမ္းေလွမ်ားမွာ ထိုင္းႏိုင္ငံ သားပိုင္ တရားမဝင္ငါးဖမ္းေလွမ်ား ျဖစ္ဟန္တူ ေၾကာင္း၊ ေဒသခံတံငါသည္မ်ား၏ ကမ္းနီးငါးဖမ္း လုပ္ကြက္အတြင္း မၾကာခဏ ဝင္ေရာက္က်ဴးေက်ာ္ ငါးဖမ္းေလ့ရွိေၾကာင္း၊ ေန႔ဘက္ႏွင့္ ညဘက္မ်ားပါ ဆက္တိုက္ငါးဖမ္းၾကေၾကာင္း ေျပာသည္။

၄င္းတို႔ ငါးဖမ္းေလွမ်ားတြင္ လက္နက္မ်ားပါရွိ ႏိုင္ေၾကာင္း၊ ေကာ့ေသာင္းငါးဖမ္းေလွအဖြဲ႕မ်ားက ငါးဖမ္းပိုက္မ်ားခ်ထားေၾကာင္း အသိေပးအေၾကာင္း ၾကားေသာ္လည္း ဂ႐ုမစိုက္သည့္အျပင္ ႏိုင္ထက္ စီးနင္းျပဳမႈ မၾကာခဏႀကံဳရေၾကာင္း၊ ယခုအႀကိမ္ တြင္ မိမိတို႔၏ ေခြၽးႏွဲစာမ်ားျဖင့္ စုေဆာင္းလုပ္ ကိုင္ရသည့္ လုပ္ငန္းသံုးပစၥည္းမ်ား ဆံုး႐ႈံးမႈျဖစ္ပြား သျဖင့္ ေကာ့ေသာင္းခ႐ိုင္ ကမ္းနီးငါးလုပ္ငန္းရွင္ မ်ားအသင္းမွတစ္ဆင့္ ေဒသတာဝန္ရွိအဖြဲ႕အစည္း မ်ား သိရွိႏိုင္ေရးအတြက္ သတင္းပို႔ရန္ ငါးဖမ္းလုပ္ ငန္းကိုရပ္နားကာ အုပ္စုဖြဲ႕ျပန္လည္ဝင္ေရာက္လာ ၾကျခင္းျဖစ္ေၾကာင္း ျပန္လည္ဝင္ေရာက္လာခဲ့သည့္ ငါးဖမ္းေလွအုပ္စု အဖြဲ႕ေခါင္းေဆာင္၏ ေျပာၾကား ခ်က္အရ သိရသည္။

 ေက်ာ္စိုး(ေကာ့ေသာင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
............................

 ကော့သောင်း စက်တင်ဘာ ၃ဝ

 တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ကာ တစ်ဖက်နိုင်ငံမှ ကျူးကျော်သည့်လှေများကြောင့် တရားဝင် ငါးဖမ်း လိုင်စင်များဖြင့် ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင် လျက်ရှိသည့် ကော့သောင်းမြို့မှ ကမ်းနီးငါးဖမ်း လှေ အစင်း ၃ဝ ကျော်ခန့်မှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ငါးဖမ်းလုပ်ငန်းခွင်ရပ်နားကာ ကော့သောင်းမြို့သို့ အစုအပြုံလိုက် ပြန်လည်ဝင် ရောက်လာရကြောင်း ငါးဖမ်းလှေအုပ်စုမှ အဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေ အုပ်စုမှ အဖွဲ့ခေါင်းဆောင်က ၄င်းတို့ငါးဖမ်းလှေ အုပ်စုသည် သတ်မှတ်ထားသည့် ကမ်းနီးငါးဖမ်း လုပ်ကွက် မြန်မာ့ရေပိုင်နက် ငှက်သိုက်ကျွန်း၊ ဒယ်အိုးကျွန်းနှင့် သံကျွန်းအနီး စက်တင်ဘာ ၂၇ ရက်က ပိုက်များမျှော၍ ငါးဖမ်းနေစဉ် တစ်ဖက် နိုင်ငံ(ထိုင်း) မှ (အမည်မရှိ) လိုင်းနီကမ်းဝေး ငါးဖမ်းလှေ(ဒေသအခေါ်-လပ်ကူး)ခေါ် နှစ်စင်းတွဲ ဝါလပ်ငါးဖမ်းလှေ အစင်း၂ဝ ခန့်သည် ကမ်းနီးငါး ဖမ်းလုပ်ကွက်အတွင်း ဝင်ရောက်ငါးဖမ်းကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များ ငါးဖမ်းရန်မျှော ထားသည့် ပိုက်များကို စက်အားကောင်းမွန်သည့် ၄င်းတို့လှေများဖြင့် ဝင်ရောက်ဖြတ်သန်းခုတ် မောင်းသဖြင့် ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ကမ်းဝေးငါးဖမ်းလှေများမှာ ထိုင်းနိုင်ငံ သားပိုင် တရားမဝင်ငါးဖမ်းလှေများ ဖြစ်ဟန်တူ ကြောင်း၊ ဒေသခံတံငါသည်များ၏ ကမ်းနီးငါးဖမ်း လုပ်ကွက်အတွင်း မကြာခဏ ဝင်ရောက်ကျူးကျော် ငါးဖမ်းလေ့ရှိကြောင်း၊ နေ့ဘက်နှင့် ညဘက်များပါ ဆက်တိုက်ငါးဖမ်းကြကြောင်း ပြောသည်။

၄င်းတို့ ငါးဖမ်းလှေများတွင် လက်နက်များပါရှိ နိုင်ကြောင်း၊ ကော့သောင်းငါးဖမ်းလှေအဖွဲ့များက ငါးဖမ်းပိုက်များချထားကြောင်း အသိပေးအကြောင်း ကြားသော်လည်း ဂရုမစိုက်သည့်အပြင် နိုင်ထက် စီးနင်းပြုမှု မကြာခဏကြံုရကြောင်း၊ ယခုအကြိမ် တွင် မိမိတို့၏ ချွေးနှဲစာများဖြင့် စုဆောင်းလုပ် ကိုင်ရသည့် လုပ်ငန်းသုံးပစ္စည်းများ ဆုံးရှုံးမှုဖြစ်ပွား သဖြင့် ကော့သောင်းခရိုင် ကမ်းနီးငါးလုပ်ငန်းရှင် များအသင်းမှတစ်ဆင့် ဒေသတာဝန်ရှိအဖွဲ့အစည်း များ သိရှိနိုင်ရေးအတွက် သတင်းပို့ရန် ငါးဖမ်းလုပ် ငန်းကိုရပ်နားကာ အုပ်စုဖွဲ့ပြန်လည်ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် ငါးဖမ်းလှေအုပ်စု အဖွဲ့ခေါင်းဆောင်၏ ပြောကြား ချက်အရ သိရသည်။

 ကျော်စိုး(ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ျမန္မာလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအဆုံးသတ္ဖုိ႔ Fortify Rights အဖြဲ႔ တုိက္တြန္း


 ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ လာမယ့္ ႏုိ၀င္ဘာလ ၉ ရက္ေန႔မွာ က်င္းပဖုိ႔ရွိတဲ့ ျမန္မာ့ႏုိင္ငံေရးနဲ႔ ပတ္သက္လို႔ ဒုတိယအႀကိမ္ UPR လို႔ေခၚတဲ့ ႏုိင္ငံတကာ လူ႔အခြင့္အေရး ပံုမွန္ ျပန္လည္ သံုးသပ္ စိစစ္မႈမွာ ျမန္မာအစိုးရအေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနမႈေတြ အဆံုးသတ္ေစေရးအတြက္ ခိုင္မာတဲ့ ေျခလွမ္းေတြ ယူမယ္ဆုိတာကို ကတိေပးသင့္တယ္ဆိုၿပီးေတာ့ ထုိင္းအေျခစိုက္ Fortify Rights အဖြဲ႔ႀကီးက စက္တင္ဘာလ ၂၉ ရက္ေန႔မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ တုိက္တြန္းလိုက္ပါတယ္။ အေသးစိတ္ကို ကို၀င္းမင္းက ဆက္ေျပာျပပါမယ္။

ဒီ Fortify Rights အဖြဲ႔ေခါင္းေဆာင္ Matthew Smith က ႏို၀င္ဘာလဆန္းမွာလုပ္မယ့္ ကုလသမဂၢရဲ႕ UPR ေခၚ ပံုမွန္လူ႔အခြင့္အေရးသံုးသပ္တဲ့ ေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံဘက္ကလည္း ျပည္ထဲေရး၀န္ႀကီး ဗိုလ္ခ်ဳပ္ႀကီးကိုကို ဦးေဆာင္တက္ေရာက္ၿပီး အစိုးရလူ႔အခြင့္အေရး အစီရင္ခံစာ ဦးေဆာင္တင္သြင္းမယ္လို႔ ၾကားတာမို႔ အခုလို အခ်ိန္မီ ထုတ္ျပန္လိုက္တာလို႔ ဆိုပါတယ္။ မစၥတာ Smith ကပဲ လက္ရွိ ေရြးေကာက္ပြဲနည္းလာခ်ိန္မွာ သူ အခု အထူးစိုးရိမ္မိတာကို

“က်ေနာ္ထင္ပါတယ္။ ေရြးေကာက္ပြဲနဲ႔ ဆက္ႏြယ္ၿပီး တင္းမာ အၾကမ္းဖက္မႈေတြျဖစ္လာဖို႔ အႏၱရာယ္ ႀကီးႀကီးမားမားကို ရွိေနပါတယ္။ အဲဒီအတြက္ တခ်ိဳ႕ ေဒသခံအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး က်ေနာ္တုိ႔ ေဆာင္ရြက္ေနတာေတြ ရွိပါတယ္။ ကံဆုိးစြာပဲ အခု ေရြးေကာက္ပြဲလုပ္ငန္းစဥ္ထဲမွာ ျပႆနာေတြ အမ်ားႀကီးနဲ႔ မသမာမႈေတြ ရွိေနပါတယ္။”

ဒါ့အျပင္ ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ျပႆနာေတြအေၾကာင္း သူက အခုလို ဆက္ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ စိုးရိမ္ပါတယ္။ သက္ဆိုင္ရာ လူစုတခ်ိဳ႕အေပၚ ႏုိင္ငံေရးအရ အခြင့္အလမ္းေတြ လံုး၀ ဆံုး႐ံႈးသြားေစႏုိင္ပါတယ္။ ဒီထဲမွာ မူဆလင္ဘာသာ၀င္ေတြ မဲေပးခြင့္ဆံုး႐ံႈးတာ၊ အေရြးခ်ယ္ခံပိုင္ခြင့္ ဆံုး႐ံႈးမွာေတြ ပါပါတယ္။ ဒါ့အျပင္ တုိင္းရင္းသားေဒသတခ်ိဳ႕က ေဒသခံေတြအေနနဲ႔ အထူးသျဖင့္ေတာ့ တုိက္ပြဲေတြျဖစ္ေနတဲ့ ေနရာေတြကေပါ့ေနာ္။ သူတုိ႔အတြက္ ဒီေရြးေကာက္ပြဲ ႏုိင္ငံေရးလုပ္ငန္းစဥ္မွာ ဖယ္ထားခံရတာမ်ိဳးလည္း ပါပါတယ္။”

တကယ္ေတာ့ အခုလာမယ့္ ေရြးေကာက္ပြဲမွာ အရင္ အစိုးရပါတီ ျပည္ခိုင္ၿဖိဳးကေန အႏုိင္ရခဲ့တဲ့ မူဆလင္ကိုယ္စားလွယ္ ဦးေရႊေမာင္လည္း ကိုယ္စားလွယ္အျဖစ္ကေန အပယ္ခံခဲ့ရပါတယ္။ ဒါ့အျပင္ မူဆလင္ဘာသာ၀င္ ၅ သိန္းေက်ာ္လည္း မဲေပးခြင့္ ဆံုး႐ံႈးသြားတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ထုတ္ေျပာေနပါတယ္။ ဒီစိုးရိမ္ခ်က္ေတြအေပၚ မစၥတာ Smith က ဆက္ၿပီး

“က်ေနာ္တုိ႔အေနနဲ႔ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြအေပၚ အထူးကို စိုးရိမ္ပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာေတြနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရးကို တုိးတက္လာေအာင္ လုပ္ေပးတာ မရွိေသးတဲ့အတြက္ အထူးစိုးရိမ္တာေပါ့ဗ်ာ။ အထူးသျဖင့္ေတာ့ လာမယ့္ ေရြးေကာက္ပြဲကာလမွာ အေျခအေနေတြ မတရားပိုဆုိးလာႏုိင္တဲ့ အႏၱရာယ္လည္း ရွိေနပါတယ္။”

တကယ္ေတာ့ အခုလို အေျခအေနေတြ ဆုိးေပမဲ့ တုိးတက္လာတဲ့ အေျခအေနေတြေရာ ျမင္မိပါသလားလို႔ ေမးရာမွာ မစၥတာ Smith က

“အေသအခ်ာရွိပါတယ္။ မွတ္ေလာက္သားေလာက္ေအာင္ကို တိုးတက္လာတာတခ်ိဳ႕ ရွိပါတယ္။ တႏုိင္ငံလံုးမွာ လူ႔အခြင့္အေရးနဲ႔ ႏုိင္ငံေရးဆုိင္ရာ လြတ္လပ္ခြင့္ေတြ အရင္ထက္ ပိုရလာပါတယ္။ အရပ္သားအဖြဲ႔ေတြအေနနဲ႔ အရင္မလုပ္ႏုိင္တာေတြ အခု လုပ္ခြင့္ အမ်ားႀကီး ရလာပါတယ္။”

အဲဒီေတာ့ အခုလာမယ့္ လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပြဲမွာ အေျခအေနေတြ ဆက္တုိးတက္လာဖုိ႔ ေမွ်ာ္လင့္ပါသလားလို႔ ေမးရာမွာေတာ့

“က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။ အခုလာမယ့္ ႏုိ၀င္ဘာ ၉ ရက္က်ရင္ ဂ်နီဗာမွာ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အစီရင္ခံစာေတြအေပၚ ေဆြးေႏြးက်တဲ့ အခါက်ရင္ေပါ့ေလ အဲဒီမွာ အခုျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေျဖရွင္းႏုိင္ဖု႔ိကို က်ေနာ္တုိ႔ဘက္ကလည္း အေသးစိတ္နည္းလမ္းေတြကို အႀကံျပဳထားပါတယ္။ ဒီထဲမွာ ရခိုင္၊ ကခ်င္၊ ရွမ္းနဲ႔ တႏုိင္ငံလံုးမွာ ျဖစ္ေနတဲ့ ျပႆနာေတြ ပါပါတယ္။”

မစၥတာ Smith က ဆက္ၿပီး အခု ဒီပြဲမွာ ဦးေဆာင္တက္လာမယ့္ ဗိုလ္ခ်ဳပ္ႀကီး ကိုကို အေနနဲ႔ အရင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့ေပမဲ့လည္း အခုေတာ့ ႏုိင္ငံတကာက အႀကံျပဳတဲ့ နည္းလမ္းေတြကို ပူးေပါင္းေဆာင္ရြက္ေပးသင့္တယ္လို႔ ဆက္ေျပာခဲ့ပါတယ္ခင္ဗ်ာ။

ကို၀င္းမင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................................

 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လာမယ့် နို၀င်ဘာလ ၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် UPR လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် ပြန်လည် သုံးသပ် စိစစ်မှုမှာ မြန်မာအစိုးရအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်စေရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ယူမယ်ဆိုတာကို ကတိပေးသင့်တယ်ဆိုပြီးတော့ ထိုင်းအခြေစိုက် Fortify Rights အဖွဲ့ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။

ဒီ Fortify Rights အဖွဲ့ခေါင်းဆောင် Matthew Smith က နိုဝင်ဘာလဆန်းမှာလုပ်မယ့် ကုလသမဂ္ဂရဲ့ UPR ခေါ် ပုံမှန်လူ့အခွင့်အရေးသုံးသပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တက်ရောက်ပြီး အစိုးရလူ့အခွင့်အရေး အစီရင်ခံစာ ဦးဆောင်တင်သွင်းမယ်လို့ ကြားတာမို့ အခုလို အချိန်မီ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ မစ္စတာ Smith ကပဲ လက်ရှိ ရွေးကောက်ပွဲနည်းလာချိန်မှာ သူ အခု အထူးစိုးရိမ်မိတာကို

“ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာ အကြမ်းဖက်မှုတွေဖြစ်လာဖို့ အန္တရာယ် ကြီးကြီးမားမားကို ရှိနေပါတယ်။ အဲဒီအတွက် တချို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကံဆိုးစွာပဲ အခု ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ ပြဿနာတွေ အများကြီးနဲ့ မသမာမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေအကြောင်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ လူစုတချို့အပေါ် နိုင်ငံရေးအရ အခွင့်အလမ်းတွေ လုံးဝ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီထဲမှာ မူဆလင်ဘာသာဝင်တွေ မဲပေးခွင့်ဆုံးရှုံးတာ၊ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးမှာတွေ ပါပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတချို့က ဒေသခံတွေအနေနဲ့ အထူးသဖြင့်တော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကပေါ့နော်။ သူတို့အတွက် ဒီရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဖယ်ထားခံရတာမျိုးလည်း ပါပါတယ်။”

တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင် အစိုးရပါတီ ပြည်ခိုင်ဖြိုးကနေ အနိုင်ရခဲ့တဲ့ မူဆလင်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ အပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မူဆလင်ဘာသာဝင် ၅ သိန်းကျော်လည်း မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြောနေပါတယ်။ ဒီစိုးရိမ်ချက်တွေအပေါ် မစ္စတာ Smith က ဆက်ပြီး

“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးကို စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကို တိုးတက်လာအောင် လုပ်ပေးတာ မရှိသေးတဲ့အတွက် အထူးစိုးရိမ်တာပေါ့ဗျာ။ အထူးသဖြင့်တော့ လာမယ့် ရွေးကောက်ပွဲကာလမှာ အခြေအနေတွေ မတရားပိုဆိုးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။”

တကယ်တော့ အခုလို အခြေအနေတွေ ဆိုးပေမဲ့ တိုးတက်လာတဲ့ အခြေအနေတွေရော မြင်မိပါသလားလို့ မေးရာမှာ မစ္စတာ Smith က

“အသေအချာရှိပါတယ်။ မှတ်လောက်သားလောက်အောင်ကို တိုးတက်လာတာတချို့ ရှိပါတယ်။ တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ အရင်ထက် ပိုရလာပါတယ်။ အရပ်သားအဖွဲ့တွေအနေနဲ့ အရင်မလုပ်နိုင်တာတွေ အခု လုပ်ခွင့် အများကြီး ရလာပါတယ်။”

အဲဒီတော့ အခုလာမယ့် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အခြေအနေတွေ ဆက်တိုးတက်လာဖို့ မျှော်လင့်ပါသလားလို့ မေးရာမှာတော့

“ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခုလာမယ့် နို၀င်ဘာ ၉ ရက်ကျရင် ဂျနီဗာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေအပေါ် ဆွေးနွေးကျတဲ့ အခါကျရင်ပေါ့လေ အဲဒီမှာ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ဘက်ကလည်း အသေးစိတ်နည်းလမ်းတွေကို အကြံပြုထားပါတယ်။ ဒီထဲမှာ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပါပါတယ်။”

မစ္စတာ Smith က ဆက်ပြီး အခု ဒီပွဲမှာ ဦးဆောင်တက်လာမယ့် ဗိုလ်ချုပ်ကြီး ကိုကို အနေနဲ့ အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပေမဲ့လည်း အခုတော့ နိုင်ငံတကာက အကြံပြုတဲ့ နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်ခင်ဗျာ။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ျမန္မာအလုပ္သမားေရး ဥပေဒတခ်ဳိ႕ ပုိမုိထိေရာက္ေအာင္ ျပင္ဆင္ဖုိ႔ရွိ


 မၾကာေသးခင္က ျပဌာန္းထားတဲ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒနဲ႔ အလုပ္သမားအဖြဲ႔အစည္း ဖြဲ႔စည္းေရးဥပေဒတို႔မွာ အႀကိမ္ႀကိမ္ အျပစ္က်ဴးလြန္တဲ့ အလုပ္ရွင္ေတြကို ထိေရာက္ေအာင္ အေရးယူႏိုင္မယ့္ ေထာင္ဒဏ္ေငြဒဏ္ေတြ ထည့္ႏိုင္ဖို႔ ျပင္ဆင္သြားဖို႔ ရွိတယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢ ဥကၠွဌက ေျပာဆိုလိုက္ပါတယ္။ ထုတ္ျပန္ထားၿပီးတဲ့ တည္ဆဲ အလုပ္သမားေတြနဲ႔ ပတ္သက္တဲ့ ဥပေဒ ၁၀ ခုေက်ာ္ကို ေပါင္းကာ ပင္မ အလုပ္သမား ဥပေဒတခုကိုလည္း ထုတ္ဖို႔ စီစဥ္ေနပါတယ္။ အျပည့္အစံုကို ရန္ကုန္အေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

လက္ရွိထုတ္ျပန္ထားတဲ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒမွာ ထိေရာက္တဲ့ အေရးယူမႈေတြနဲ႔  ျပစ္ဒဏ္ေတြ ထပ္မံ ထည့္သြားဖို႔ ရွိပါတယ္။ ဒါ့အျပင္ ၁၉၅၁ ခုႏွစ္၊ ၁၉၆၄ ခုႏွစ္၊ ၁၉၇၀ ခုႏွစ္၊ ၂၀၁၁ ခုႏွစ္၊ ၂၀၁၂ ခုႏွစ္ စတဲ့ ခုႏွစ္ေတြမွာ ထုတ္ျပန္ထားၿပီးျဖစ္တဲ့ တည္ဆဲ အလုပ္သမားေတြနဲ႔ ပတ္သတ္တဲ့ ဥပေဒ ၁၀ ခုေက်ာ္ခန္႔ကို ေပါင္းၿပီး ပင္မ အလုပ္သမားဥပေဒ တခုကို ထုတ္ဖို႔လည္း စီစဥ္ေနတယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢ ဥကၠဌ ဦးေအာင္လင္း က အခုလို ေျပာျပခဲ့တာပါ။

“က်ေနာ္တုိ႔ Main Law ေပါ့ေနာ္ အဲဒါ မထြက္ခင္မွာ နည္းဥပေဒတခုခ်င္းမွာကို ျပင္ဆင္စရာေတြ ရွိပါတယ္။ ဒီ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒ၊ ေနာက္ ဒီ အလုပ္သမား အဖြဲ႔အစည္းဥပေဒ စသျဖင့္ေပါ့ေနာ္ ျပင္ဆင္ရန္ေတြ ရွိပါတယ္။ အျမန္ဆံုး ျပင္ဆင္ရမွာကေတာ့ ဒီ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒေပါ့ေနာ္။ ေနာက္တခုက အလုပ္သမား အဖြဲ႔အစည္း ဥပေဒေပါ့။ ဒီႏွစ္ခု က်ေနာ္တို႔ ျပင္ဆင္ဖို႔ကို ဒါ ေဆြးေႏြးထားလက္စ ရွိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒမွာ မူလ က်ေနာ္တုိ႔ ျပင္ဆင္ခ်က္ ႀကိဳးပမ္းတဲ့အခါမွာ ေထာင္ဒဏ္ထည့္သြင္းဖို႔ကိစၥေတြက ျပည္သူ႔လႊတ္ေတ္ာအဆင့္မွာပဲ က်ေနာ္တုိ႔ ပယ္ခံရတယ္။ ဒီဒဏ္ေငြတုိးျမႇင့္တဲ့ကိစၥမွာပဲ က်ေနာ္တုိ႔ ရပ္သြားတယ္ေပါ့။ ဒါကိုလည္းပဲ ဆက္ၿပီးေတာ့ အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္တဲ့ အလုပ္ရွင္ေတြကို ေထာင္ဒဏ္ထည့္သြင္းဖို႔ကိစၥကို က်ေနာ္တို႔ ဆက္ႀကိဳးစားရဦးမွာပါ။”

ဒီျပင္ လုပ္ခေပးေရးဥပေဒနဲ႔ အလုပ္သမားလုပ္ငန္းခြင္ ကၽြမ္းက်င္မႈနဲ႔ ဖြံ႔ၿဖိဳးမႈဆိုင္ရာဥပေဒ စတဲ့ ဥပေဒၾကမ္းႏွစ္ခုကိုလည္း ျပဌာန္းႏိုင္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဦးေအာင္လင္းက ေျပာပါတယ္။ ျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ လုပ္ခေပးေရးဥပေဒမွာ ေငြဒဏ္အျပင္ ေထာင္ဒဏ္ေတြ ပါဝင္ေတာ့မွာပါ။ သတ္မွတ္လုပ္ခေပးဖို႔ ပ်က္ကြက္ေၾကာင္း ထင္ရွားပါက ပထအႀကိမ္မွာ ေငြဒဏ္ ၅ သိန္း သို႔မဟုတ္ ေထာင္ဒဏ္ ၃ လ (သို႔မဟုတ္) တေပါင္းတည္း က်ေစမွာပါ။ ဒုတိယအႀကိမ္ ပ်က္ကြက္ပါက ေထာင္ဒဏ္ ၆ လ (သို႔) ေငြဒဏ္ သိန္း ၅၀ (သို႔) တေပါင္းတည္း က်ခံရမွာျဖစ္ပါတယ္။ ဒီျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ ဥပေဒေတြနဲ႔ ပတ္သတ္ၿပီး ဦးေအာင္လင္းက ခုလို ေျပာျပပါတယ္။

“လက္ရွိကေတာ့ ဥပေဒၾကမ္းႏွစ္ခု လႊတ္ေတာ္မွာ တင္ထားဆဲရွိတယ္။ လုပ္ခေပးေရးဥပေဒ၊ ေနာက္ၿပီးေတာ့ လုပ္ငန္းခြင္ကၽြမ္းက်င္မႈနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးဥပေဒ အစရွိသျဖင့္ေပါ့ေနာ္ လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ထားလက္စ ဥပေဒမူၾကမ္းေတြလည္းပဲ ရွိေနတယ္။ ဒီအစိုးရသက္တမ္း ရက္ေပါင္း ၃၇ ရက္အတြင္းမွာ ဒီဥပေဒေတြကို အတည္ျပဳႏုိင္မလား ဆုိတာေတာ့ တကယ့္ကို က်ေနာ္တုိ႔ စိန္ေခၚမႈပဲကိုး။ က်ေနာ္တုိ႔က ေနာက္အစိုးရသက္တမ္းထဲကို မသြားခ်င္ဘူး။ အဲေတာ့ ဒီလႊတ္ေတာ္သက္တမ္းအတြင္းမွာပဲ ဒါေတြကို အတည္ျပဳႏုိင္ဖုိ႔အတြက္ တုိက္တြန္းရမယ့္ လုပ္ငန္းစဥ္ေပါ့ေနာ္။ အခု က်ေနာ္တုိ႔ ႀကိဳးစားေနပါတယ္။”

ဒီလိုျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ ဥပေဒေတြနဲ႔ ပတ္သတ္ၿပီး လိႈင္သာယာ အလုပ္သမား ေခါင္းေဆာင္ ကိုျပည့္ၿဖိဳးေအာင္ က အခုလို ေျပာပါတယ္။

“အလုပ္သမားေတြကိုပါ အကာအကြယ္ ေပးႏုိင္မယ္ဆုိရင္ေတာ့ ပိုေကာင္းတာေပါ့။ အခုက အနိမ့္ဆံုး အခေၾကးေငြနဲ႔ ပတ္သက္လို႔ရွိရင္ အနိမ့္ဆံုး အခေၾကးေငြက ၃၆၀၀ အေပၚပဲ မူတည္ထားေသးတယ္ေပါ့ေနာ္။ ကၽြမ္းက်င္မႈအေပၚ မူတည္ၿပီးေတာ့ ဘယ္လုိေပးရမလဲဆုိတာ မပါေသးတဲ့အတြက္ေၾကာင့္ အစိုးရက အခုလက္ရွိမွာ အျငင္းပြားမႈ ျပႆနာေတြ ျဖစ္ေနၾကတယ္။ ေသခ်ာျပင္ဆင္မယ္ဆုိရင္ေတာ့ အလုပ္သမားေတြအတြက္ နည္းနည္း ပိုေကာင္းမယ့္ အလားအလာေပါ့ေနာ္။ ပဋိပကၡေတြ နည္းသြားမယ္။ ျပႆနာေတြ နည္းသြားမယ္ဆိုတဲ့ အလားအလာေတြေတာ့ ျမင္တယ္ခင္ဗ်။ အစိုးရဘက္ကေန ဥပေဒအသစ္တခု ထုတ္လုိက္ၿပီ။ အခု အနိမ့္ဆံုးအခ ေၾကးေငြဆုိရင္လည္း အလုပ္ရွင္ဘက္ကလည္း ဒီေပၚမွာ မူတည္ၿပီးေတာ့ အလုပ္ျပဳတ္တဲ့ကိစၥေတြ ပါလာတယ္။ နဂိုတုန္းကဆိုရင္ အလုပ္ထုတ္လိုက္တာနဲ႔ ၃ လစာေပးတဲ့ အေနအထားမ်ိဳးေပါ့ေနာ္။ အခုလက္ရွိမွာ ၃ လစာမဟုတ္ဘဲနဲ႔ လ၀က္စာဆုိေတာ့ တကယ္ အထုတ္ခံရတယ္ဆုိရင္ အလုပ္သမားေတြဘက္က နစ္နာတယ္ေပါ့။”

လက္ရွိမွာ အနည္းဆံုးအခေၾကးေငြျပဌာန္းၿပီး အနည္းဆံုးအခေၾကးေငြကို တရက္လွ်င္ အလုပ္ခ်ိန္ ၈ နာရီစာအတြက္ ၃၆၀၀ က်ပ္ သတ္မွတ္ထားေပမဲ့ အလုပ္ရွင္ အလုပ္သမားၾကား ျပႆနာေတြဟာ ေျပလည္သြားတာ မရွိေသးပါဘူး။ အလုပ္လက္မဲ့ ျပႆနာေတြလည္း ျဖစ္ပြားမႈ မ်ားလာပါတယ္။ ဒါဟာ ဥပေဒတခုကို ေသခ်ာလိုက္နာႏိုင္ေအာင္ ၾကပ္မတ္ေပးဖို႔ အားနည္းေနတာျဖစ္တယ္လို႔ ၈၈ မ်ိဳးဆက္ ပြင့္လင္းလူ႔အဖြဲ႔အစည္းက အလုပ္သမားအေရး လႈပ္ရွားေနတဲ့ မမာမာဦး က ေျပာပါတယ္။

“လုပ္ခလစာကုိေပါ့ေနာ္ ဆိုးရြားစြာ သတ္မွတ္လိုက္တာက အေျခခံလုပ္ခလစာကို ၃၆၀၀ လို႔ သတ္မွတ္လိုက္ေပမဲ့ အလုပ္ရွင္အခ်ိဳ႕ကေပါ့ေနာ္ အလုပ္ရွင္အခ်ိဳ႕ကေပါ့ ဒီဟာအေပၚမွာ သူ႔ဟာသူ A, B, C အဆင့္ ၃ ဆင့္ခြဲၿပီးေတာ့ ၃၆၀၀၊ ၂၇၀၀၊ ၁၈၀၀ စသည္ျဖင့္ေပါ့ေနာ္ အဲ့ဒီလို ခြဲျခားစိပ္ျဖာၿပီးေတာ့ ေပးမယ္ဆုိတဲ့ သေဘာမ်ိဳးေတြလည္း က်မတို႔ ေတြ႔ရတာေတြ ရွိတယ္။ ေနာက္တခ်က္က အခ်ိဳ႕ေသာ စက္႐ံုအငယ္စားေတြက စက္႐ံုပိတ္သိမ္းတာေတြလည္း ရွိတယ္။ အဲ့လို ပိတ္သိမ္းတဲ့အတြက္ေၾကာင့္မို႔ အလုပ္သမားေတြဟာ အလုပ္လက္မဲ့ျပႆနာ ပိုၿပီးေတာ့ ရင္ဆုိင္ေနရတာကို ေတြ႔ႀကံဳရပါတယ္။”

ဒီလို လက္ရွိ တည္ဆဲဥပေဒ ျပန္လည္ျပင္ဆင္ဖို႔နဲ႔ အသစ္ထပ္မံ ေရးဆြဲျပဌာန္းဖို႔ေတြနဲ႔ ပတ္သက္ၿပီး အလုပ္အကိုင္၊ အလုပ္သမားနဲ႔ လူမႈဖူလံုေရးဝန္ႀကီးဌာနကို အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေပမဲ့ ေျဖၾကားေပးမယ့္သူ မရွိခဲ့ပါဘူးရွင္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................................

 မကြာသေးခင်က ပြဌာန်းထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရေးဥပဒေတို့မှာ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့ အလုပ်ရှင်တွေကို ထိရောက်အောင် အရေးယူနိုင်မယ့် ထောင်ဒဏ်ငွေဒဏ်တွေ ထည့်နိုင်ဖို့ ပြင်ဆင်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကှဌက ပြောဆိုလိုက်ပါတယ်။ ထုတ်ပြန်ထားပြီးတဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ ၁၀ ခုကျော်ကို ပေါင်းကာ ပင်မ အလုပ်သမား ဥပဒေတခုကိုလည်း ထုတ်ဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထိရောက်တဲ့ အရေးယူမှုတွေနဲ့  ပြစ်ဒဏ်တွေ ထပ်မံ ထည့်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ၁၉၅၁ ခုနှစ်၊ ၁၉၆၄ ခုနှစ်၊ ၁၉၇၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် စတဲ့ ခုနှစ်တွေမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ဥပဒေ ၁၀ ခုကျော်ခန့်ကို ပေါင်းပြီး ပင်မ အလုပ်သမားဥပဒေ တခုကို ထုတ်ဖို့လည်း စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးအောင်လင်း က အခုလို ပြောပြခဲ့တာပါ။

“ကျနော်တို့ Main Law ပေါ့နော် အဲဒါ မထွက်ခင်မှာ နည်းဥပဒေတခုချင်းမှာကို ပြင်ဆင်စရာတွေ ရှိပါတယ်။ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နောက် ဒီ အလုပ်သမား အဖွဲ့အစည်းဥပဒေ စသဖြင့်ပေါ့နော် ပြင်ဆင်ရန်တွေ ရှိပါတယ်။ အမြန်ဆုံး ပြင်ဆင်ရမှာကတော့ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပေါ့နော်။ နောက်တခုက အလုပ်သမား အဖွဲ့အစည်း ဥပဒေပေါ့။ ဒီနှစ်ခု ကျနော်တို့ ပြင်ဆင်ဖို့ကို ဒါ ဆွေးနွေးထားလက်စ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ မူလ ကျနော်တို့ ပြင်ဆင်ချက် ကြိုးပမ်းတဲ့အခါမှာ ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စတွေက ပြည်သူ့လွှတ်တေ်ာအဆင့်မှာပဲ ကျနော်တို့ ပယ်ခံရတယ်။ ဒီဒဏ်ငွေတိုးမြှင့်တဲ့ကိစ္စမှာပဲ ကျနော်တို့ ရပ်သွားတယ်ပေါ့။ ဒါကိုလည်းပဲ ဆက်ပြီးတော့ အကြိမ်ကြိမ် ချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စကို ကျနော်တို့ ဆက်ကြိုးစားရဦးမှာပါ။”

ဒီပြင် လုပ်ခပေးရေးဥပဒေနဲ့ အလုပ်သမားလုပ်ငန်းခွင် ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာဥပဒေ စတဲ့ ဥပဒေကြမ်းနှစ်ခုကိုလည်း ပြဌာန်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။ ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ လုပ်ခပေးရေးဥပဒေမှာ ငွေဒဏ်အပြင် ထောင်ဒဏ်တွေ ပါဝင်တော့မှာပါ။ သတ်မှတ်လုပ်ခပေးဖို့ ပျက်ကွက်ကြောင်း ထင်ရှားပါက ပထအကြိမ်မှာ ငွေဒဏ် ၅ သိန်း သို့မဟုတ် ထောင်ဒဏ် ၃ လ (သို့မဟုတ်) တပေါင်းတည်း ကျစေမှာပါ။ ဒုတိယအကြိမ် ပျက်ကွက်ပါက ထောင်ဒဏ် ၆ လ (သို့) ငွေဒဏ် သိန်း ၅၀ (သို့) တပေါင်းတည်း ကျခံရမှာဖြစ်ပါတယ်။ ဒီပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး ဦးအောင်လင်းက ခုလို ပြောပြပါတယ်။

“လက်ရှိကတော့ ဥပဒေကြမ်းနှစ်ခု လွှတ်တော်မှာ တင်ထားဆဲရှိတယ်။ လုပ်ခပေးရေးဥပဒေ၊ နောက်ပြီးတော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အစရှိသဖြင့်ပေါ့နော် လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တင်ထားလက်စ ဥပဒေမူကြမ်းတွေလည်းပဲ ရှိနေတယ်။ ဒီအစိုးရသက်တမ်း ရက်ပေါင်း ၃၇ ရက်အတွင်းမှာ ဒီဥပဒေတွေကို အတည်ပြုနိုင်မလား ဆိုတာတော့ တကယ့်ကို ကျနော်တို့ စိန်ခေါ်မှုပဲကိုး။ ကျနော်တို့က နောက်အစိုးရသက်တမ်းထဲကို မသွားချင်ဘူး။ အဲတော့ ဒီလွှတ်တော်သက်တမ်းအတွင်းမှာပဲ ဒါတွေကို အတည်ပြုနိုင်ဖို့အတွက် တိုက်တွန်းရမယ့် လုပ်ငန်းစဉ်ပေါ့နော်။ အခု ကျနော်တို့ ကြိုးစားနေပါတယ်။”

ဒီလိုပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး လှိုင်သာယာ အလုပ်သမား ခေါင်းဆောင် ကိုပြည့်ဖြိုးအောင် က အခုလို ပြောပါတယ်။

“အလုပ်သမားတွေကိုပါ အကာအကွယ် ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက အနိမ့်ဆုံး အခကြေးငွေနဲ့ ပတ်သက်လို့ရှိရင် အနိမ့်ဆုံး အခကြေးငွေက ၃၆၀၀ အပေါ်ပဲ မူတည်ထားသေးတယ်ပေါ့နော်။ ကျွမ်းကျင်မှုအပေါ် မူတည်ပြီးတော့ ဘယ်လိုပေးရမလဲဆိုတာ မပါသေးတဲ့အတွက်ကြောင့် အစိုးရက အခုလက်ရှိမှာ အငြင်းပွားမှု ပြဿနာတွေ ဖြစ်နေကြတယ်။ သေချာပြင်ဆင်မယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် နည်းနည်း ပိုကောင်းမယ့် အလားအလာပေါ့နော်။ ပဋိပက္ခတွေ နည်းသွားမယ်။ ပြဿနာတွေ နည်းသွားမယ်ဆိုတဲ့ အလားအလာတွေတော့ မြင်တယ်ခင်ဗျ။ အစိုးရဘက်ကနေ ဥပဒေအသစ်တခု ထုတ်လိုက်ပြီ။ အခု အနိမ့်ဆုံးအခ ကြေးငွေဆိုရင်လည်း အလုပ်ရှင်ဘက်ကလည်း ဒီပေါ်မှာ မူတည်ပြီးတော့ အလုပ်ပြုတ်တဲ့ကိစ္စတွေ ပါလာတယ်။ နဂိုတုန်းကဆိုရင် အလုပ်ထုတ်လိုက်တာနဲ့ ၃ လစာပေးတဲ့ အနေအထားမျိုးပေါ့နော်။ အခုလက်ရှိမှာ ၃ လစာမဟုတ်ဘဲနဲ့ လဝက်စာဆိုတော့ တကယ် အထုတ်ခံရတယ်ဆိုရင် အလုပ်သမားတွေဘက်က နစ်နာတယ်ပေါ့။”

လက်ရှိမှာ အနည်းဆုံးအခကြေးငွေပြဌာန်းပြီး အနည်းဆုံးအခကြေးငွေကို တရက်လျှင် အလုပ်ချိန် ၈ နာရီစာအတွက် ၃၆၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အလုပ်ရှင် အလုပ်သမားကြား ပြဿနာတွေဟာ ပြေလည်သွားတာ မရှိသေးပါဘူး။ အလုပ်လက်မဲ့ ပြဿနာတွေလည်း ဖြစ်ပွားမှု များလာပါတယ်။ ဒါဟာ ဥပဒေတခုကို သေချာလိုက်နာနိုင်အောင် ကြပ်မတ်ပေးဖို့ အားနည်းနေတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး လှုပ်ရှားနေတဲ့ မမာမာဦး က ပြောပါတယ်။

“လုပ်ခလစာကိုပေါ့နော် ဆိုးရွားစွာ သတ်မှတ်လိုက်တာက အခြေခံလုပ်ခလစာကို ၃၆၀၀ လို့ သတ်မှတ်လိုက်ပေမဲ့ အလုပ်ရှင်အချို့ကပေါ့နော် အလုပ်ရှင်အချို့ကပေါ့ ဒီဟာအပေါ်မှာ သူ့ဟာသူ A, B, C အဆင့် ၃ ဆင့်ခွဲပြီးတော့ ၃၆၀၀၊ ၂၇၀၀၊ ၁၈၀၀ စသည်ဖြင့်ပေါ့နော် အဲ့ဒီလို ခွဲခြားစိပ်ဖြာပြီးတော့ ပေးမယ်ဆိုတဲ့ သဘောမျိုးတွေလည်း ကျမတို့ တွေ့ရတာတွေ ရှိတယ်။ နောက်တချက်က အချို့သော စက်ရုံအငယ်စားတွေက စက်ရုံပိတ်သိမ်းတာတွေလည်း ရှိတယ်။ အဲ့လို ပိတ်သိမ်းတဲ့အတွက်ကြောင့်မို့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ပြဿနာ ပိုပြီးတော့ ရင်ဆိုင်နေရတာကို တွေ့ကြုံရပါတယ်။”

ဒီလို လက်ရှိ တည်ဆဲဥပဒေ ပြန်လည်ပြင်ဆင်ဖို့နဲ့ အသစ်ထပ်မံ ရေးဆွဲပြဌာန်းဖို့တွေနဲ့ ပတ်သက်ပြီး အလုပ်အကိုင်၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူးရှင်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပါ​လက္​စ​တိုင္း​အ​လံ ​ကု​လ​သ​မ​ဂၢ​မွာ ​လႊင့္​ထူ

 ​ကု​လ​ရံုး​ခ်ဳပ္ ​က ​ပါ​လက္​စ​တိုင္း ​အ​လံ​လြွင့္​ထူ​တဲ့ ​အ​ခမ္း​အ​နား
 ​န​ယူး​ေယာက္​ၿမိဳ႕ ​ကု​လ​သ​မ​ဂၢ ​ရံုး​ခ်ဳပ္​မွာ ​ပ​ထ​မ​ဆံုး ​အ​ႀကိမ္ ​အ​ျဖစ္ ​ပါ​လက္​စ​တိုင္း ​အ​လံ ​လြွင့္​ထူ​တဲ့ ​အ​ခမ္း​အ​နား​ကို ​ပါ​လက္​စ​တိုင္း ​ေခါင္း​ေဆာင္ ​မာ​မြတ္ဒ္ ​အ​ဘာ့စ္ ​တက္​ေရာက္​ခဲ့​ပါ​တယ္။

​ကု​လ​သ​မ​ဂၢ ​အ​တြင္း​ေရး​မႉး​ခ်ဳပ္ ​ဘန္​ကီ ​မြန္း​က ​ဒီ​အ​ခမ္း​အ​နား​ဟာ ​က​မ႓ာ​တ​ဝွမ္း​မွာ ​ရွိ​တဲ့ ​ပါ​လက္​စ​တိုင္း​ေတြ​အ​တြက္ ​ဂုဏ္​ယူ​ဝင့္​ၾကြား​စ​ရာ ​ေမ်ွာ္​လင့္​ခ်က္​ေန႔ ​တ​ေန႔ ​ျဖစ္​တယ္​လို႔ ​ေျပာ​ပါ​တယ္။

​ကု​လ​သ​မ​ဂၢ ​အ​ေထြ​ေထြ ​ညီ​လာ​ခံ​မွာ ​မ​စၥ​တာ ​အ​ဘာ့စ္​က ​ပါ​လက္​စ​တိုင္း ​လူ​မ်ိဳး​ေတြ​အ​ေန​နဲ႔ ​အ​စၥ​ေရး​နဲ႔ ​လက္​မွတ္ ​ေရး​ထိုး​ထား​တဲ့ ​သ​ေဘာ​တူ​ခ်က္​ေတြ​အ​တိုင္း ​လိုက္​နာ ​ေဆာင္​ရြက္​ႏိုင္​မွာ ​မ​ဟုတ္​ေတာ့​ဘူး​လို႔ ​ေျပာ​သြား​ပါ​တယ္။

၁၉၉၃​ခု​ႏွစ္​တုန္း​က ​လက္​မွတ္​ေရး​ထိုး​ခဲ့​တဲ့ Oslo ​သ​ေဘာ​တူ ​စာ​ခ်ဳပ္​ကို ​အ​စၥ​ေရး​တို႔​ဘက္​က ​ဆက္​တိုက္ ​ခ်ိဳး​ေဖာက္​ေန​တယ္​လို႔ ​သူ​က ​စြပ္​စြဲ ​ေျပာ​ဆို​သြား​ပါ​တယ္။

​ဒါ​နဲ႔ ​ပတ္​သက္​လို႔ ​အ​စၥ​ေရး ​ဝန္​ႀကီး​ခ်ဳပ္​ရံုး​က ​မ​စၥ​တာ ​အ​ဘာ့စ္​ဟာ ​အ​ေရွ႕​အ​လယ္​ပိုင္း ​ေဒ​သ​တြင္း ​မ​ၿငိမ္​မ​သက္ ​ျဖစ္​ေအာင္ ​ေသြး​ထိုး ​လႈံ့​ေဆာ္​ေန​တယ္ ​ဆို​ၿပီး ​တုန္႔​ျပန္ ​ေျပာ​ၾကား​လိုက္​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese
.....................................

 ​ကု​လ​ရုံး​ချုပ် ​က ​ပါ​လက်​စ​တိုင်း ​အ​လံ​လွှင့်​ထူ​တဲ့ ​အ​ခမ်း​အ​နား
 ​န​ယူး​ယောက်​မြို့ ​ကု​လ​သ​မ​ဂ္ဂ ​ရုံး​ချုပ်​မှာ ​ပ​ထ​မ​ဆုံး ​အ​ကြိမ် ​အ​ဖြစ် ​ပါ​လက်​စ​တိုင်း ​အ​လံ ​လွှင့်​ထူ​တဲ့ ​အ​ခမ်း​အ​နား​ကို ​ပါ​လက်​စ​တိုင်း ​ခေါင်း​ဆောင် ​မာ​မွတ်ဒ် ​အ​ဘာ့စ် ​တက်​ရောက်​ခဲ့​ပါ​တယ်။

​ကု​လ​သ​မ​ဂ္ဂ ​အ​တွင်း​ရေး​မှူး​ချုပ် ​ဘန်​ကီ ​မွန်း​က ​ဒီ​အ​ခမ်း​အ​နား​ဟာ ​က​မ႓ာ​တ​ဝှမ်း​မှာ ​ရှိ​တဲ့ ​ပါ​လက်​စ​တိုင်း​တွေ​အ​တွက် ​ဂုဏ်​ယူ​ဝင့်​ကြွား​စ​ရာ ​မျှော်​လင့်​ချက်​နေ့ ​တ​နေ့ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

​ကု​လ​သ​မ​ဂ္ဂ ​အ​ထွေ​ထွေ ​ညီ​လာ​ခံ​မှာ ​မ​စ္စ​တာ ​အ​ဘာ့စ်​က ​ပါ​လက်​စ​တိုင်း ​လူ​မျိုး​တွေ​အ​နေ​နဲ့ ​အ​စ္စ​ရေး​နဲ့ ​လက်​မှတ် ​ရေး​ထိုး​ထား​တဲ့ ​သ​ဘော​တူ​ချက်​တွေ​အ​တိုင်း ​လိုက်​နာ ​ဆောင်​ရွက်​နိုင်​မှာ ​မ​ဟုတ်​တော့​ဘူး​လို့ ​ပြော​သွား​ပါ​တယ်။

၁၉၉၃​ခု​နှစ်​တုန်း​က ​လက်​မှတ်​ရေး​ထိုး​ခဲ့​တဲ့ Oslo ​သ​ဘော​တူ ​စာ​ချုပ်​ကို ​အ​စ္စ​ရေး​တို့​ဘက်​က ​ဆက်​တိုက် ​ချိုး​ဖောက်​နေ​တယ်​လို့ ​သူ​က ​စွပ်​စွဲ ​ပြော​ဆို​သွား​ပါ​တယ်။

​ဒါ​နဲ့ ​ပတ်​သက်​လို့ ​အ​စ္စ​ရေး ​ဝန်​ကြီး​ချုပ်​ရုံး​က ​မ​စ္စ​တာ ​အ​ဘာ့စ်​ဟာ ​အ​ရှေ့​အ​လယ်​ပိုင်း ​ဒေ​သ​တွင်း ​မ​ငြိမ်​မ​သက် ​ဖြစ်​အောင် ​သွေး​ထိုး ​လှုံ့​ဆော်​နေ​တယ် ​ဆို​ပြီး ​တုန့်​ပြန် ​ပြော​ကြား​လိုက်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

ဘာ​ရိန္း​မွာ ​ေဖါက္​ခြဲ​ပ​စၥည္း ​အ​မ်ား​အ​ျပား ​သိမ္း​ဆည္း​မိ

ဘာ​ရိန္း​မွာ ​ႏိုင္​ငံ​ေရး ​ျပဳ​ျပင္​ေျပာင္း​လဲ​မႈ​ေတြ ​လုပ္​ဖို႔ ​ရွီ​အာ ​လူ​မ်ား​စု​က ​ေတာင္း​ဆို​ေန
​ဘာ​ရိန္း ​ပင္​လယ္​ေကြ႕​ႏိုင္​ငံ ​မာ​နား​မား ​ၿမိဳ႕​ေတာ္​နား​က ​ရြာ​တ​ရြာ​မွာ ​ေဖါက္​ခြဲ ​ပ​စၥည္း​ေတြ ​အ​စု​လိုက္​အ​ၿပံဳ​လိုက္ ​ရွာ​ေဖြ ​ေတြ႕​ခဲ့​တယ္​လို႔ ​ရဲ​ေတြ​က ​ေျပာ​ပါ​တယ္။

​ေဖါက္​ခြဲ​ပ​စၥည္း ​တ​တန္​ခြဲ ​နီး​ပါး​ေလာက္​ကို ​ေမာင္း​ျပန္ ​ေသ​နတ္​ေတြ၊ ​လက္​ပစ္​ဗံုး​ေတြ​နဲ႔ ​အ​တူ ​ေျမ​တိုက္​ခန္း​တ​ခု​ထဲ​မွာ ​ဖြက္​ထား​တာ​လို႔ ​ရဲ​ေတြ​က ​ေျပာ​ပါ​တယ္။

​အီ​ရန္ ​အ​စိုး​ရ​နဲ႔ ​ဆက္​ႏြယ္ ​ပတ္​သက္​ေန​သူ​ေတြ​လို႔ ​ဆို​တဲ့ ​လူ​အ​ေတာ္​မ်ား​မ်ား​ကို ​ထိန္း​သိမ္း​လိုက္​ပါ​တယ္။

​အာ​ရပ္ ​ေႏြ​ဦး ​ဒီ​မို​က​ေရ​စီ​ေရး ​ေတာင္း​ဆို ​ဆ​ႏၵ​ျပ​မႈ​ေတြ ​ျဖစ္​ပြား​ခဲ့​တဲ့ ​လြန္​ခဲ့​တဲ့ ၄​ႏွစ္​ေလာက္​က ​စ​လို႔ ​ဘာ​ရိန္း​ႏိုင္​ငံ​မွာ ​ပုန္​ကန္ ​ထ​ၾကြ​မႈ​ေတြ ​တ​ျဖည္း​ျဖည္း​ေပၚ​ထြက္​လာ​ခဲ့​ပါ​တယ္။

​ဆြန္​နီ​ေတြ ​အုပ္​ခ်ဳပ္​တဲ့ ​ဘာ​ရိန္း​ႏိုင္​ငံ​မွာ ​ႏိုင္​ငံ​ေရး ​ျပဳ​ျပင္ ​ေျပာင္း​လဲ​မႈ​ေတြ ​လုပ္​ေပး​ဖို႔ ​ရွီ​အာ ​လူ​မ်ား​စု​က ​ေတာင္း​ဆို ​ေန​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese

IS စစ္ေသြးႂကြေတြကုိ ဆီးရီးယားမွာ အေမရိကန္ေလေၾကာင္းက ဆက္တုိက္


 အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ညြန္႔ေပါင္းအဖြဲ႔ကုိ ဦးေဆာင္ၿပီး ဆီးရီးယားႏုိင္ငံအတြင္းမွာ ရွိေနတဲ့ IS အစၥလာမ္မစ္ စစ္ေသြးႂကြေတြအေပၚ ေလေၾကာင္းတုိက္ခုိက္မႈေတြ ဆက္လက္ ျပဳလုပ္သြားမယ္လုိ႔ အေမရိကန္က ေျပာလုိက္ပါတယ္။

ဒါဟာ ဆီးရီးယားအစုိးရကုိ ကူညီေထာက္ပံ့ေပးတဲ့အေနနဲ႔ ႐ုရွားက ေလေၾကာင္းတုိက္ခုိက္မႈေတြ ဗုဒၶဟူးေန႔က စတင္ ျပဳလုပ္ေနၿပီျဖစ္တဲ့အတြက္ ဆီးရီးယား ေလေၾကာင္းပုိင္နက္အတြင္း အေမရိကန္ ေလယာဥ္ေတြ ၀င္မလာဖုိ႔ ႐ုရွားရဲ႕ ေတာင္းဆုိခ်က္ကုိ မ်က္ကြယ္ျပဳလုိက္တာလည္း ျဖစ္ပါတယ္။

IS စစ္ေသြးႂကြေတြကုိ သူတုိ႔အေနနဲ႔ ေလေၾကာင္းက တုိက္ခုိက္မႈေတြ ျပဳလုပ္မယ့္အေၾကာင္း ဘဂၢဒက္မွာရွိတဲ့ အေမရိကန္သံ႐ုံးကုိ ႐ုရွားအရာရွိေတြက အနားကပ္ၿပီး အေၾကာင္းၾကားစာ ပုိ႔ခဲ့တယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရပုဂၢဳိလ္ John Kirby က ေျပာပါတယ္။

ညြန္႔ေပါင္းတပ္ဖြဲ႔ေတြနဲ႔ ႐ုရွားတပ္ဖြဲ႔ေတြအၾကား ထိပ္တုိက္ ရင္ဆုိင္မႈေတြ ျဖစ္မယ့္အေရးက ေရွာင္ရွားႏုိင္ဖုိ႔ ဆီးရီးယားႏုိင္ငံအတြင္းမွာ ျပဳလုပ္မယ့္ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ႐ုရွားဘက္ကုိ အသိေပးဖုိ႔ ကာကြယ္ေရး၀န္ႀကီး Ash Carter က ပင္တဂြန္ စစ္ဌာနခ်ဳပ္ကုိ ညြန္ၾကားထားတယ္လုိ႔ ပင္တဂြန္ ေျပာခြင့္ရက ေျပာပါတယ္။

ဒီအေတာအတြင္း ဆီးရီးယားႏုိင္ငံ အေနာက္ပုိင္း Homs ၿမိဳ႕အနီးမွာ ျပဳလုပ္ခဲ့တဲ့ ႐ုရွားရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈဟာ IS စစ္ေသြးႂကြေတြကုိ ပစ္မွတ္ထား တုိက္ခုိက္ခဲ့ျခင္း ဟုတ္ မဟုတ္ ဆုိတဲ့အေပၚ ပင္တဂြန္နဲ႔ အေနာက္အုပ္စု အစုိးရေတြက ေမးခြန္း ထုတ္ေနၾကပါတယ္။

ဗီြအိုေအ (ျမန္မာပိုင္း)
http://burmese.voanews.com
...................................

 အမေရိကန်ပြည်ထောင်စုအနေနဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ဆီးရီးယားနိုင်ငံအတွင်းမှာ ရှိနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

ဒါဟာ ဆီးရီးယားအစိုးရကို ကူညီထောက်ပံ့ပေးတဲ့အနေနဲ့ ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့က စတင် ပြုလုပ်နေပြီဖြစ်တဲ့အတွက် ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း အမေရိကန် လေယာဉ်တွေ ၀င်မလာဖို့ ရုရှားရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေကို သူတို့အနေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်မယ့်အကြောင်း ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို ရုရှားအရာရှိတွေက အနားကပ်ပြီး အကြောင်းကြားစာ ပို့ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ရုရှားတပ်ဖွဲ့တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်မယ့်အရေးက ရှောင်ရှားနိုင်ဖို့ ဆီးရီးယားနိုင်ငံအတွင်းမှာ ပြုလုပ်မယ့် ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရုရှားဘက်ကို အသိပေးဖို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ပင်တဂွန် စစ်ဌာနချုပ်ကို ညွန်ကြားထားတယ်လို့ ပင်တဂွန် ပြောခွင့်ရက ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံ အနောက်ပိုင်း Homs မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဟုတ် မဟုတ် ဆိုတဲ့အပေါ် ပင်တဂွန်နဲ့ အနောက်အုပ်စု အစိုးရတွေက မေးခွန်း ထုတ်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

႐ုရွား ႏိုင္ငံ မွ ဆီးရီးယား ႏိုင္ငံ အတြင္း ရွိ IS အဖြဲ႕အား ေလယာဥ္ အစင္း ၂၀ ခန္႔ျဖင့္ ဗံုးက်ဲ တိုက္ခိုက္

႐ုရွား ႏိုင္ငံ ေလေၾကာင္း တပ္ဖြဲ႕ မွ ေလယာဥ္ မ်ားအား ျမင္ေတြ႕ခဲ့ရစဥ္(ဆင္ဟြာ)
    ေမာ္စကို ၊ ေအာက္တိုဘာ ၁ ရက္(ဆင္ဟြာ)

    ႐ုရွား ႏိုင္ငံ ကာကြယ္ေရး ဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူ Konashenkov မွ စက္တင္ဘာ ၃၀ ရက္ေန႔တြင္ ႐ုရွား ႏိုင္ငံ ေလေၾကာင္းႏွင့္ အကာသ ဌာန မွ ေလယာဥ္ အစင္း ၂၀ ခန္႔ အသံုးျပဳ၍ ဆီးရီးယား ႏိုင္ငံ အတြင္းရွိ IS အဖြဲ႕ ၏ ေျမပင္ ပစ္မွတ္ ၈ ခုကို ေလေၾကာင္း မွ တိုက္ခိုက္ ခဲ့ေၾကာင္း ေျပာၾကား ခဲ့သည္။

Konashenkov မွ ေလေၾကာင္း တိုက္ခိုက္မႈ တြင္ IS အဖြဲ႕၏ လက္နက္ ႏွင့္ သိုေလွာင္႐ံု ၊ ေလာင္စာ သိုေလွာင္႐ံု ႏွင့္ အျခား စစ္ေရးဆိုင္ရာ ပစၥည္းမ်ား စုေဆာင္းရာ ေနရာမ်ားအား တိုက္ခိုက္ ခဲ့ေၾကာင္း ၊ ေတာင္ေပၚေဒသ ရွိ IS အဖြဲ႕ ညႊန္ၾကားေရး ဌာန ကိုလည္း ေလေၾကာင္း တိုက္ခိုက္မႈ တြင္ ဖ်က္ဆီး ႏိုင္ခဲ့ေၾကာင္း ၊ ႐ုရွား ႏိုင္ငံ စစ္ဘက္ဆိုင္ရာ မွ ေဝဟင္ ေထာက္လွမ္းမႈ ႏွင့္ ဆီးရီးယား စစ္တပ္ မွ ေထာက္ပံ့သည့္ အခ်က္အလက္ မ်ားအေပၚ အေျခခံ၍ ေလေၾကာင္း တိုက္ခိုက္မႈ ေဆာင္ရြက္ ခဲ့သျဖင့္ အရပ္ဘက္ျပည္သူ အေဆာက္အဦး မ်ား ထိခိုက္မႈ မရွိ ခဲ့ေၾကာင္း ေျပာၾကား ခဲ့သည္။

႐ုရွား ႏိုင္ငံ အထက္လႊတ္ေတာ္ မွ စက္တင္ဘာ ၃၀ ရက္ေန႔တြင္ သမၼတ ၏ ျပည္ပ တြင္ ႐ုရွား ႏိုင္ငံ စစ္အင္အား အသံုးျပဳျခင္း အဆိုျပဳရာ ကို ခြင့္ျပဳခဲ့ေသာေၾကာင့္ ဆီးရီးယား ႏိုင္ငံ အတြင္း ေလေၾကာင္း တိုက္ခိုက္မႈ ျပဳလုပ္ ခဲ့ျခင္း ျဖစ္သည္။ ႐ုရွား ႏိုင္ငံ သမၼတ အလုပ္႐ံုး ဌာနမွဴး မွ ဆီးရီးယား ႏိုင္ငံ သမၼတ မွ ႐ုရွား ႏိုင္ငံ အား စစ္ေရး ေထာက္ပံ့မႈ ေတာင္းဆို ခဲ့ေၾကာင္း ၊ သို႔ေသာ္ ႐ုရွား ႏိုင္ငံ ၏ ျပည္ပ စစ္ေရးအသံုးျပဳျခင္း သည္ ေလေၾကာင္း တစ္ခုတည္းသာ ကန္႔သတ္ ထားသျဖင့္ ယခု ဆီးရီးယား ႏိုင္ငံ အား IS အဖြဲ႕ တိုက္ခိုက္ရန္ အတြက္ ေလေၾကာင္း ေထာက္ပံ့မႈ မ်ား ေဆာင္ရြက္ ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
...............................

ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့ မှ လေယာဉ် များအား မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

    ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Konashenkov မှ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရုရှား နိုင်ငံ လေကြောင်းနှင့် အကာသ ဌာန မှ လေယာဉ် အစင်း ၂၀ ခန့် အသုံးပြု၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အဖွဲ့ ၏ မြေပင် ပစ်မှတ် ၈ ခုကို လေကြောင်း မှ တိုက်ခိုက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Konashenkov မှ လေကြောင်း တိုက်ခိုက်မှု တွင် IS အဖွဲ့၏ လက်နက် နှင့် သိုလှောင်ရုံ ၊ လောင်စာ သိုလှောင်ရုံ နှင့် အခြား စစ်ရေးဆိုင်ရာ ပစ္စည်းများ စုဆောင်းရာ နေရာများအား တိုက်ခိုက် ခဲ့ကြောင်း ၊ တောင်ပေါ်ဒေသ ရှိ IS အဖွဲ့ ညွှန်ကြားရေး ဌာန ကိုလည်း လေကြောင်း တိုက်ခိုက်မှု တွင် ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ဝေဟင် ထောက်လှမ်းမှု နှင့် ဆီးရီးယား စစ်တပ် မှ ထောက်ပံ့သည့် အချက်အလက် များအပေါ် အခြေခံ၍ လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သဖြင့် အရပ်ဘက်ပြည်သူ အဆောက်အဦး များ ထိခိုက်မှု မရှိ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ အထက်လွှတ်တော် မှ စက်တင်ဘာ ၃၀ ရက်နေ့တွင် သမ္မတ ၏ ပြည်ပ တွင် ရုရှား နိုင်ငံ စစ်အင်အား အသုံးပြုခြင်း အဆိုပြုရာ ကို ခွင့်ပြုခဲ့သောကြောင့် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ရုရှား နိုင်ငံ သမ္မတ အလုပ်ရုံး ဌာနမှူး မှ ဆီးရီးယား နိုင်ငံ သမ္မတ မှ ရုရှား နိုင်ငံ အား စစ်ရေး ထောက်ပံ့မှု တောင်းဆို ခဲ့ကြောင်း ၊ သို့သော် ရုရှား နိုင်ငံ ၏ ပြည်ပ စစ်ရေးအသုံးပြုခြင်း သည် လေကြောင်း တစ်ခုတည်းသာ ကန့်သတ် ထားသဖြင့် ယခု ဆီးရီးယား နိုင်ငံ အား IS အဖွဲ့ တိုက်ခိုက်ရန် အတွက် လေကြောင်း ထောက်ပံ့မှု များ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

ထိုင္းႏိုင္ငံအတြင္း ႏိုင္ငံျခားသားအလုပ္သမားမ်ား ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္ခြင့္မျပဳေၾကာင္း တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူသတိေပး


ေကာ့ေသာင္း စက္တင္ဘာ ၃ဝ

ျမန္မာ-ထိုင္းနယ္စပ္ေဒသမ်ား ျဖစ္သည့္ ထုိင္းႏုိင္ငံေတာင္ပိုင္း ခ႐ိုင္မ်ားတြင္ လာေရာက္အလုပ္ လုပ္ကိုင္လ်က္ရွိသည့္ ႏုိင္ငံျခားသား မ်ား အပါအဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ားအား ထုိင္းႏုိင္ငံ အတြင္း ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း ေစ်းေရာင္းခ်ျခင္း လုပ္ကုိင္ခြင့္မျပဳ ေၾကာင္း တားျမစ္အမိန္႔အသိေပး ဆုိင္းဘုတ္ႀကီးမ်ားကို စက္တင္ဘာ ၂၉ ရက္က စိုက္ထူသတိေပးထား ေၾကာင္း သိရသည္။

ျမန္မာ-ထိုင္းနယ္စပ္ေဒသ ထိုင္း ႏုိင္ငံအတြင္း ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္မ်ား တြင္ ျပည္ပမွ ဝင္ေရာက္အလုပ္လုပ္ ကိုင္ၾကသည့္ ႏုိင္ငံျခားသားမ်ား အပါအဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္ သမားအခ်ဳိ႕ အပုိဝင္ေငြရရွိေရး ကိုယ္ ပုိင္စီးပြားေရးလုပ္ငန္းအျဖစ္ မိမိ လုပ္ကိုင္ေနထုိင္ရာ ၿမိဳ႕၌ တစ္ႏုိင္ တစ္ပိုင္ ေခါင္းရြက္ ဗ်ပ္ထိုးေစ်းေရာင္း ခ်ျခင္းလုပ္ငန္း အေသးစားမ်ား လုပ္ကိုင္ေလ့ရွိရာစက္တင္ဘာ ၂၉ ရက္ကစတင္၍ လုပ္အားျဖင့္ ကိုယ္ပိုင္ေရာင္းဝယ္ျပဳလုပ္ျခင္း၊ ထုိင္းႏုိင္ငံ အတြင္း ကိုယ္တိုင္ပစၥည္း ထမ္းရြက္ လုိက္လံ ေရာင္းခ်ျခင္း၊ ကိုယ္ပိုင္ ဆုိင္ဖြင့္ေရာင္းခ်ျခင္းမ်ား လုပ္ကိုင္ ခြင့္ ျပဳမည္မဟုတ္ေၾကာင္း၊ စစ္ေဆး ေတြ႕ရွိပါကဘတ္ ၂ဝဝဝ ထက္မပို သည့္ဒဏ္ေငြ ေပးေဆာင္ရမည္ျဖစ္ သည့္အျပင္ ထုိင္းႏုိင္ငံအတြင္း အလုပ္လုပ္ကိုင္ခြင့္ အလုပ္သမား ကတ္မရွိပါက ငါးႏွစ္ထက္မေက်ာ္ သည့္ ေထာင္ဒဏ္ႏွင့္ ဒဏ္ေငြ ဘတ္ ၂ဝဝဝ မွ ၁ဝဝဝဝဝ အထိ က်ခံရမည္ျဖစ္ေၾကာင္း ထုိင္းႏုိင္ငံ အာဏာပိုင္ အဖြဲ႕အစည္းမွ တား ျမစ္အမိန္႔ပါ သတိေပးေျမစိုက္ ပိုစတာႀကီးမ်ားကို ျမန္မာေရႊ႕ေျပာင္း အလုပ္သမားအမ်ားစု လုပ္ကိုင္ရာ ရေနာင္းခ႐ိုင္ႏွင့္ ကရဘူရိခ႐ိုင္ အတြင္း ၿမိဳ႕မ်ားအႏံွ႕စိုက္ထူထား ေၾကာင္း သိရသည္။

ေက်ာ္စိုး(ေကာ့ေသာင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
....................................

ကော့သောင်း စက်တင်ဘာ ၃ဝ

မြန်မာ-ထိုင်းနယ်စပ်ဒေသများ ဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များတွင် လာရောက်အလုပ် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား များ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံ အတွင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စျေးရောင်းချခြင်း လုပ်ကိုင်ခွင့်မပြု ကြောင်း တားမြစ်အမိန့်အသိပေး ဆိုင်းဘုတ်ကြီးများကို စက်တင်ဘာ ၂၉ ရက်က စိုက်ထူသတိပေးထား ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဒေသ ထိုင်း နိုင်ငံအတွင်း ခရိုင်နှင့် မြို့နယ်များ တွင် ပြည်ပမှ ဝင်ရောက်အလုပ်လုပ် ကိုင်ကြသည့် နိုင်ငံခြားသားများ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ် သမားအချို့ အပိုဝင်ငွေရရှိရေး ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မိမိ လုပ်ကိုင်နေထိုင်ရာ မြို့၌ တစ်နိုင် တစ်ပိုင် ခေါင်းရွက် ဗျပ်ထိုးစျေးရောင်း ချခြင်းလုပ်ငန်း အသေးစားများ လုပ်ကိုင်လေ့ရှိရာစက်တင်ဘာ ၂၉ ရက်ကစတင်၍ လုပ်အားဖြင့် ကိုယ်ပိုင်ရောင်းဝယ်ပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံ အတွင်း ကိုယ်တိုင်ပစ္စည်း ထမ်းရွက် လိုက်လံ ရောင်းချခြင်း၊ ကိုယ်ပိုင် ဆိုင်ဖွင့်ရောင်းချခြင်းများ လုပ်ကိုင် ခွင့် ပြုမည်မဟုတ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါကဘတ် ၂ဝဝဝ ထက်မပို သည့်ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ် သည့်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် အလုပ်သမား ကတ်မရှိပါက ငါးနှစ်ထက်မကျော် သည့် ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘတ် ၂ဝဝဝ မှ ၁ဝဝဝဝဝ အထိ ကျခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းမှ တား မြစ်အမိန့်ပါ သတိပေးမြေစိုက် ပိုစတာကြီးများကို မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု လုပ်ကိုင်ရာ ရနောင်းခရိုင်နှင့် ကရဘူရိခရိုင် အတွင်း မြို့များအနှံ့စိုက်ထူထား ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

လမ္းေဘးရပ္ထားသည့္ ထရပ္ကားကို ဆိုင္ကယ္ျဖင့္တိုက္၍ တစ္ဦးေသဆံုး


 ေကာ့ေသာင္း စက္တင္ဘာ ၃ဝ

 ေကာ့ေသာင္းၿမိဳ႕ ေကာ့ေသာင္း-ဘုတ္ျပင္း အေဝးေျပးလမ္း မိုင္တိုင္အမွတ္(၂၂၆/၅) ၁ဝ မိုင္ ေက်းရြာအနီးတြင္ လမ္းေဘးခ်ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား အရွိန္ျပင္းျပင္းေမာင္းႏွင္လာ သည့္ ဆိုင္ကယ္တစ္စီးက ေနာက္မွဝင္တိုက္သျဖင့္ ဆုိင္ကယ္ေမာင္းလာသူ ေသဆံုးၿပီး တစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာ ၂၈ ရက္ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္က ယာဥ္ေမာင္း ဦးအဝမ္း ေမာင္းႏွင္သည့္ တိုယိုတာအမ်ဳိးအစား ထရပ္ကားသည္ ယာဥ္ စက္ခြၽတ္ယြင္းသျဖင့္ ၁ဝမိုင္ေက်းရြာအနီး လမ္းေဘးခ်ရပ္နားထားစဥ္ (၁ဝ)မိုင္ေက်းရြာေန အငယ္ေလး(ခ)သီဟတင္စိုး(၁၉ ႏွစ္) ေမာင္းႏွင္ လာၿပီး ငဖား(ေခၚ) ႏိုင္ႏိုင္ဝင္း(၂ဝ ႏွစ္)လုိက္ပါ လာသည့္ ဆိုင္ကယ္က အရွိန္ျပင္းစြာေမာင္းႏွင္ လာၿပီး မိုးရြာသြန္းထားသျဖင့္ အရွိန္မထိန္းႏိုင္ျဖစ္ ကာ ထရပ္ကားေနာက္ပိုင္းကို ဝင္တုိက္မိခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဆိုင္ကယ္ေပၚပါသူ အငယ္ေလးႏွင့္ ႏိုင္ႏိုင္ဝင္းမွာ ျပင္းထန္စြာဒဏ္ရာရရွိသျဖင့္ ၿမိဳ႕နယ္ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ ေက်းရြာတာဝန္ ရွိသူမ်ားက ေကာ့ေသာင္းခ႐ိုင္ျပည္သူ႔ေဆး႐ံု သို႔ အတြင္းလူနာအျဖစ္ တင္ပို႔ေပးခဲ့ရာ ဆိုင္ကယ္ ေမာင္းႏွင္သူ အငယ္ေလးမွာ ေဆး႐ံုအေရာက္တြင္ ေသဆံုးခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ေကာ့ေသာင္းၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕စုက အမႈဖြင့္ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရ သည္။

ေက်ာ္စိုး(ေကာ့ေသာင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
...................................

 ကော့သောင်း စက်တင်ဘာ ၃ဝ

 ကော့သောင်းမြို့ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်း မိုင်တိုင်အမှတ်(၂၂၆/၅) ၁ဝ မိုင် ကျေးရွာအနီးတွင် လမ်းဘေးချရပ်ထားသည့် မော်တော်ယာဉ်အား အရှိန်ပြင်းပြင်းမောင်းနှင်လာ သည့် ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းလာသူ သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်မောင်း ဦးအဝမ်း မောင်းနှင်သည့် တိုယိုတာအမျိုးအစား ထရပ်ကားသည် ယာဉ် စက်ချွတ်ယွင်းသဖြင့် ၁ဝမိုင်ကျေးရွာအနီး လမ်းဘေးချရပ်နားထားစဉ် (၁ဝ)မိုင်ကျေးရွာနေ အငယ်လေး(ခ)သီဟတင်စိုး(၁၉ နှစ်) မောင်းနှင် လာပြီး ငဖား(ခေါ်) နိုင်နိုင်ဝင်း(၂ဝ နှစ်)လိုက်ပါ လာသည့် ဆိုင်ကယ်က အရှိန်ပြင်းစွာမောင်းနှင် လာပြီး မိုးရွာသွန်းထားသဖြင့် အရှိန်မထိန်းနိုင်ဖြစ် ကာ ထရပ်ကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်ပါသူ အငယ်လေးနှင့် နိုင်နိုင်ဝင်းမှာ ပြင်းထန်စွာဒဏ်ရာရရှိသဖြင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကျေးရွာတာဝန် ရှိသူများက ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံ သို့ အတွင်းလူနာအဖြစ် တင်ပို့ပေးခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူ အငယ်လေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကျော်စိုး(ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

စစ္တပ္ ပစ္ခတ္မႈရပ္ဖို႔ မန္စီၿမိဳ႕ခံေတြ ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ စာပို႔

 ကခ်င္ျပည္နယ္အတြင္းမွာ အစိုးရတပ္သားတခ်ိဳ႕ ကင္းလွည့္ေနစဥ္။ Photo: Kyaw Myo Min/ RFA
 ကခ်င္ျပည္နယ္၊ဗန္းေမာ္ခရိုင္၊ မန္စီၿမိဳ႕နယ္အတြင္း အစိုးရတပ္နဲ႔ KIA ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနရာမွာ အစိုးရတပ္က မန္စီၿမိဳ႕တြင္းကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာရပ္တန္႔ဖို႔ ၿမိဳ႕လူထု၊အရပ္ဘက္အဖြဲ႔အစည္းေတြ နဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တခ်ိဳ႕က ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ စာေပးပို႔ခဲ့ေပမဲ့၊ အစိုးရတပ္က ဆက္လက္ ပစ္ခတ္ေနတယ္လို႔ မန္စီၿမိဳ႕ခံေတြက ေျပာပါတယ္။

တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတဲ့ စက္တင္ဘာလ၂၅ ရက္ေန႔က စာေပးပို႔ခဲ့ေပမဲ့၊ စက္တင္ဘာ ၃ဝ ရက္ ေန႔အထိ မန္စီၿမိဳ႕တြင္း ေနရာ ၄ ေနရာကေန KIA ဘက္ကို ဆက္လက္ပစ္ခတ္ေနတာလို႔ သိရပါတယ္။ အထူးသျဖင့္ ၿမိဳ႕လယ္ဘုရားကုန္းကေန လွမ္းပစ္ေနတာျဖစ္တယ္လို႔ အရပ္ဘက္လူမူအဖြဲ႔အစည္းေတြ စုေပါင္းဖြဲ႔စည္းထားတဲ့ အရပ္သားအကာအကြယ္ေပးေရးအဖြဲ႔က ကိုေအာင္မ်ိဳးဆန္း က ေျပာပါတယ္။

"ၿမိဳ႕တြင္းဘုရားကုန္းကေန လက္နက္ႀကီးေတြမပစ္ေပးဖို႔အတြက္ က်ေနာ္တို႔လက္မွတ္ထိုးၿပီး ဝန္ႀကီးခ်ဳပ္ဆီ စာတင္တယ္ အဲ့ဒါေတြေတာ့ရွိတယ္၊ ဒါေပမယ့္ ဒီေန႔ဒီအခ်ိန္အထိေတာ့ ဘာမွျပန္ၿပီး က်ေနာ္တို႔ကို အေၾကာင္းျပန္လာတာေတာ့မရွိေသးဘူး ေတာက္ေလွ်ာက္ပစ္ေနတယ္ေပါ့ေနာ္၊ ဆိုတဲ့အခါ တစ္ဘက္မွာေဒသ ခံေတြရဲ႕ စိုးရိမ္မႈေတြကလည္း ေတာ္ေတာ္ရွိတယ္ဗ်၊ က်ေနာ္တို႔ကိုယ္တိုင္ လက္နက္ႀကီးပစ္တဲ့ေဘးမွာ သြားေန ခဲ့တယ္ေပါ့ေနာ္၊ လက္နက္ႀကီး တစ္ခ်က္တစ္ခ်က္ပစ္လိုက္ရင္ ေဘးမွာရွိတဲ့အိမ္ေတြက တကယ္လို႔မ်ား အလံုး တစ္ရာ ႏွစ္ရာသာပစ္လိုက္ရင္ေတာ့ ၿပိဳက်ႏိုင္တဲ့အေျခအေနရွိတယ္"

အစိုးရတပ္က ဘုရားကုန္းကေန ပစ္ခတ္ေနတာကို အရပ္သားကာကြယ္ေရးအဖြဲ႔က မွတ္တမ္းတင္ထားရာမွာ စက္တင္ဘာလ ၃ဝ ရက္ေန႔က အခ်က္ေပါင္း ၄ဝ ေက်ာ္ ပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

စက္တင္ဘာလ ၃ဝ ရက္ေန႔က ၿမိဳ႕နဲ႔ ၂ ဖါလံုခန္႔အကြာ လံုဂ်ာပံုမွာလည္း ရင္ဆိုင္တိုက္ပြဲေတြ ျဖစ္ပြားခဲ့တယ္လို႔ သိပါတယ္။

ဒီအတြင္း အစိုးရဘက္က ထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၂၆ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ တိုက္ပြဲ ေလးႀကိမ္ျဖစ္ပြားခဲ့ရာမွာ တပ္မေတာ္အရာရွိတစ္ဦးက်ဆံုးၿပီး စစ္သည္ေလးဦး ဒဏ္ရာရရွိသလို၊ ဆြန္ဂ်ာနယ္ေျမအတြင္း မိုင္းျဖစ္စဥ္ ေလးႀကိမ္နဲ႔ ထိေတြ႔မႈေျခာက္ႀကိမ္ျဖစ္ပြားခဲ႔ရာမွာ တပ္မေတာ္ဘက္က သံုးဦးက်ဆံုးၿပီး ေလးဥိီးဒဏ္ရာရရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
................................

 ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အစိုးရတပ်က မန်စီမြို့တွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရပ်တန့်ဖို့ မြို့လူထု၊အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့ပေမဲ့၊ အစိုးရတပ်က ဆက်လက် ပစ်ခတ်နေတယ်လို့ မန်စီမြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ စက်တင်ဘာလ၂၅ ရက်နေ့က စာပေးပို့ခဲ့ပေမဲ့၊ စက်တင်ဘာ ၃ဝ ရက် နေ့အထိ မန်စီမြို့တွင်း နေရာ ၄ နေရာကနေ KIA ဘက်ကို ဆက်လက်ပစ်ခတ်နေတာလို့ သိရပါတယ်။ အထူးသဖြင့် မြို့လယ်ဘုရားကုန်းကနေ လှမ်းပစ်နေတာဖြစ်တယ်လို့ အရပ်ဘက်လူမူအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အရပ်သားအကာအကွယ်ပေးရေးအဖွဲ့က ကိုအောင်မျိုးဆန်း က ပြောပါတယ်။

"မြို့တွင်းဘုရားကုန်းကနေ လက်နက်ကြီးတွေမပစ်ပေးဖို့အတွက် ကျနော်တို့လက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီ စာတင်တယ် အဲ့ဒါတွေတော့ရှိတယ်၊ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိတော့ ဘာမှပြန်ပြီး ကျနော်တို့ကို အကြောင်းပြန်လာတာတော့မရှိသေးဘူး တောက်လျှောက်ပစ်နေတယ်ပေါ့နော်၊ ဆိုတဲ့အခါ တစ်ဘက်မှာဒေသ ခံတွေရဲ့ စိုးရိမ်မှုတွေကလည်း တော်တော်ရှိတယ်ဗျ၊ ကျနော်တို့ကိုယ်တိုင် လက်နက်ကြီးပစ်တဲ့ဘေးမှာ သွားနေ ခဲ့တယ်ပေါ့နော်၊ လက်နက်ကြီး တစ်ချက်တစ်ချက်ပစ်လိုက်ရင် ဘေးမှာရှိတဲ့အိမ်တွေက တကယ်လို့များ အလုံး တစ်ရာ နှစ်ရာသာပစ်လိုက်ရင်တော့ ပြိုကျနိုင်တဲ့အခြေအနေရှိတယ်"

အစိုးရတပ်က ဘုရားကုန်းကနေ ပစ်ခတ်နေတာကို အရပ်သားကာကွယ်ရေးအဖွဲ့က မှတ်တမ်းတင်ထားရာမှာ စက်တင်ဘာလ ၃ဝ ရက်နေ့က အချက်ပေါင်း ၄ဝ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၃ဝ ရက်နေ့က မြို့နဲ့ ၂ ဖါလုံခန့်အကွာ လုံဂျာပုံမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိပါတယ်။

ဒီအတွင်း အစိုးရဘက်က ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်အရာရှိတစ်ဦးကျဆုံးပြီး စစ်သည်လေးဦး ဒဏ်ရာရရှိသလို၊ ဆွန်ဂျာနယ်မြေအတွင်း မိုင်းဖြစ်စဉ် လေးကြိမ်နဲ့ ထိတွေ့မှုခြောက်ကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်ဘက်က သုံးဦးကျဆုံးပြီး လေးဥိီးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန္ကုန္-စစ္ေတြသြား ကမ္းရိုးတန္းသေဘၤာ ကံ့ေကာ္ထူး(၁) နစ္ျမဳပ္၍ သေဘၤာသား ၉ ဦးေပ်ာက္ဆံုးေန

( ယခု ဓာတ္ပံုမွာ ကိုမန္မုန္တိုင္း ျဖတ္သန္းစဥ္က ျမင္ေတြ႕ရေသာ စစ္ေတြဆိိပ္ကမ္း ျဖစ္ပါသည္။ Photo- Narinjara)
 ရန္ကုန္၊ ေအာက္တိုဘာ ၁

 ရန္ကုန္မွ စစ္ေတြသို႕ ခုတ္ေမာင္းလာေသာ ကုန္တင္သေဘၤာ ကံ့ေကာ္ထူး (၁) သည္ ယခုလ ၁၈ ရက္ေန႕က ဧရာ၀တီတိုင္း ပင္လယ္ျပင္တြင္ နစ္ျမဳပ္သြားသျဖင့္ သေဘၤာသား ၉ ဦးမွာ ယေန႕ထိ ေပ်ာက္ဆံုးေနသည္ဟု သိရသည္။

ရခုိုင္ျပည္နယ္ ေရေၾကာင္း ဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး ဦးထင္ေက်ာ္မွ သေဘၤာနစ္ျမဳပ္သည္မွာ မွန္ကန္ေၾကာင္း၊ ယေန႕အခ်ိန္ထိ သေဘၤာသား ၉ ဦးေပ်ာက္ဆံုးေနေၾကာင္း နိရဥၥရာ သတင္းဌာနသို႕ အတည္ျပဳ ေျပာၾကားသည္။

“ သေဘၤာနစ္တာက စက္တင္ဘာလ ၁၈ ရက္ေန႕ေလာက္ ျဖစ္ပါတယ္ ။ ကၽြန္ေတာ္တို႕ ပါသြားတာက ၁၁ ဦးပါသြား ပါတယ္။ ဧရာ၀တီတိုင္း ပ်ဥ္ခရိုင္၊ျပင္စလူ ကမ္းေျခမွာ နစ္ပါတယ္။ သေဘၤာထြက္တာက ရန္ကုန္ကေန စက္တင္ဘာ ၁၇ ရက္ေန႕က ထြက္တာပါ။ ၁၈ ရက္ေန႕ ည ၈ နာရီ ေလာက္မွာ ေပ်ာက္သြားပါတယ္။ ၁၀ နာရီ ေလာက္မွာ လံုး၀ အဆက္အသြယ္ ျပတ္သြားပါတယ္” ဟု ေျပာသည္။

၎ကမ္းရိုးတန္းသြား သေဘၤာျဖစ္ျပီး စက္တင္ဘာလ ၁၇ ရက္ေန႕ က ရန္ကုန္ျမိဳ႕မွ စစ္ေတြသို႕ ထြက္ခြာလာခဲ့ၾကာင္း၊ သေဘၤာနစ္ျမဳပ္ရာ ပင္လယ္ျပင္မွာ လိူင္းေလ ဆိုးေသာ ေနရာ တစ္ခု ျဖစ္ေၾကာင္း၊ ယခုအခ်ိန္ထိ သေဘၤာသားႏွစ္ဦး အေလာင္းကို ရရွိျပီ ျဖစ္ေၾကာင္း၊ ေပ်ာက္ဆံုးေနသူမ်ားကို ဆက္လက္ ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း ဦးထင္ေက်ာ္က ေျပာသည္။

သေဘၤာေပၚတြင္ ကုန္တန္ခ်ိန္ ၄၅၀ ခန္႕ တင္ေဆာင္လာသည္ဟု သိရသည္။

Arakan State
https://www.facebook.com/NarinjaraNews
.................................

( ယခု ဓာတ်ပုံမှာ ကိုမန်မုန်တိုင်း ဖြတ်သန်းစဉ်က မြင်တွေ့ရသော စစ်တွေဆိိပ်ကမ်း ဖြစ်ပါသည်။ Photo- Narinjara)
 ရန်ကုန်၊ အောက်တိုဘာ ၁

 ရန်ကုန်မှ စစ်တွေသို့ ခုတ်မောင်းလာသော ကုန်တင်သင်္ဘော ကံ့ကော်ထူး (၁) သည် ယခုလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်သွားသဖြင့် သင်္ဘောသား ၉ ဦးမှာ ယနေ့ထိ ပျောက်ဆုံးနေသည်ဟု သိရသည်။

ရခိုုင်ပြည်နယ် ရေကြောင်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးထင်ကျော်မှ သင်္ဘောနစ်မြုပ်သည်မှာ မှန်ကန်ကြောင်း၊ ယနေ့အချိန်ထိ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ သင်္ဘောနစ်တာက စက်တင်ဘာလ ၁၈ ရက်နေ့လောက် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ပါသွားတာက ၁၁ ဦးပါသွား ပါတယ်။ ဧရာဝတီတိုင်း ပျဉ်ခရိုင်၊ပြင်စလူ ကမ်းခြေမှာ နစ်ပါတယ်။ သင်္ဘောထွက်တာက ရန်ကုန်ကနေ စက်တင်ဘာ ၁၇ ရက်နေ့က ထွက်တာပါ။ ၁၈ ရက်နေ့ ည ၈ နာရီ လောက်မှာ ပျောက်သွားပါတယ်။ ၁၀ နာရီ လောက်မှာ လုံးဝ အဆက်အသွယ် ပြတ်သွားပါတယ်” ဟု ပြောသည်။

၎င်းကမ်းရိုးတန်းသွား သင်္ဘောဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ က ရန်ကုန်မြို့မှ စစ်တွေသို့ ထွက်ခွာလာခဲ့ကြာင်း၊ သင်္ဘောနစ်မြုပ်ရာ ပင်လယ်ပြင်မှာ လိူင်းလေ ဆိုးသော နေရာ တစ်ခု ဖြစ်ကြောင်း၊ ယခုအချိန်ထိ သင်္ဘောသားနှစ်ဦး အလောင်းကို ရရှိပြီ ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဦးထင်ကျော်က ပြောသည်။

သင်္ဘောပေါ်တွင် ကုန်တန်ချိန် ၄၅၀ ခန့် တင်ဆောင်လာသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews