Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ျမန္မာလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအဆုံးသတ္ဖုိ႔ Fortify Rights အဖြဲ႔ တုိက္တြန္း


 ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ လာမယ့္ ႏုိ၀င္ဘာလ ၉ ရက္ေန႔မွာ က်င္းပဖုိ႔ရွိတဲ့ ျမန္မာ့ႏုိင္ငံေရးနဲ႔ ပတ္သက္လို႔ ဒုတိယအႀကိမ္ UPR လို႔ေခၚတဲ့ ႏုိင္ငံတကာ လူ႔အခြင့္အေရး ပံုမွန္ ျပန္လည္ သံုးသပ္ စိစစ္မႈမွာ ျမန္မာအစိုးရအေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနမႈေတြ အဆံုးသတ္ေစေရးအတြက္ ခိုင္မာတဲ့ ေျခလွမ္းေတြ ယူမယ္ဆုိတာကို ကတိေပးသင့္တယ္ဆိုၿပီးေတာ့ ထုိင္းအေျခစိုက္ Fortify Rights အဖြဲ႔ႀကီးက စက္တင္ဘာလ ၂၉ ရက္ေန႔မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ တုိက္တြန္းလိုက္ပါတယ္။ အေသးစိတ္ကို ကို၀င္းမင္းက ဆက္ေျပာျပပါမယ္။

ဒီ Fortify Rights အဖြဲ႔ေခါင္းေဆာင္ Matthew Smith က ႏို၀င္ဘာလဆန္းမွာလုပ္မယ့္ ကုလသမဂၢရဲ႕ UPR ေခၚ ပံုမွန္လူ႔အခြင့္အေရးသံုးသပ္တဲ့ ေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံဘက္ကလည္း ျပည္ထဲေရး၀န္ႀကီး ဗိုလ္ခ်ဳပ္ႀကီးကိုကို ဦးေဆာင္တက္ေရာက္ၿပီး အစိုးရလူ႔အခြင့္အေရး အစီရင္ခံစာ ဦးေဆာင္တင္သြင္းမယ္လို႔ ၾကားတာမို႔ အခုလို အခ်ိန္မီ ထုတ္ျပန္လိုက္တာလို႔ ဆိုပါတယ္။ မစၥတာ Smith ကပဲ လက္ရွိ ေရြးေကာက္ပြဲနည္းလာခ်ိန္မွာ သူ အခု အထူးစိုးရိမ္မိတာကို

“က်ေနာ္ထင္ပါတယ္။ ေရြးေကာက္ပြဲနဲ႔ ဆက္ႏြယ္ၿပီး တင္းမာ အၾကမ္းဖက္မႈေတြျဖစ္လာဖို႔ အႏၱရာယ္ ႀကီးႀကီးမားမားကို ရွိေနပါတယ္။ အဲဒီအတြက္ တခ်ိဳ႕ ေဒသခံအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး က်ေနာ္တုိ႔ ေဆာင္ရြက္ေနတာေတြ ရွိပါတယ္။ ကံဆုိးစြာပဲ အခု ေရြးေကာက္ပြဲလုပ္ငန္းစဥ္ထဲမွာ ျပႆနာေတြ အမ်ားႀကီးနဲ႔ မသမာမႈေတြ ရွိေနပါတယ္။”

ဒါ့အျပင္ ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ျပႆနာေတြအေၾကာင္း သူက အခုလို ဆက္ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ စိုးရိမ္ပါတယ္။ သက္ဆိုင္ရာ လူစုတခ်ိဳ႕အေပၚ ႏုိင္ငံေရးအရ အခြင့္အလမ္းေတြ လံုး၀ ဆံုး႐ံႈးသြားေစႏုိင္ပါတယ္။ ဒီထဲမွာ မူဆလင္ဘာသာ၀င္ေတြ မဲေပးခြင့္ဆံုး႐ံႈးတာ၊ အေရြးခ်ယ္ခံပိုင္ခြင့္ ဆံုး႐ံႈးမွာေတြ ပါပါတယ္။ ဒါ့အျပင္ တုိင္းရင္းသားေဒသတခ်ိဳ႕က ေဒသခံေတြအေနနဲ႔ အထူးသျဖင့္ေတာ့ တုိက္ပြဲေတြျဖစ္ေနတဲ့ ေနရာေတြကေပါ့ေနာ္။ သူတုိ႔အတြက္ ဒီေရြးေကာက္ပြဲ ႏုိင္ငံေရးလုပ္ငန္းစဥ္မွာ ဖယ္ထားခံရတာမ်ိဳးလည္း ပါပါတယ္။”

တကယ္ေတာ့ အခုလာမယ့္ ေရြးေကာက္ပြဲမွာ အရင္ အစိုးရပါတီ ျပည္ခိုင္ၿဖိဳးကေန အႏုိင္ရခဲ့တဲ့ မူဆလင္ကိုယ္စားလွယ္ ဦးေရႊေမာင္လည္း ကိုယ္စားလွယ္အျဖစ္ကေန အပယ္ခံခဲ့ရပါတယ္။ ဒါ့အျပင္ မူဆလင္ဘာသာ၀င္ ၅ သိန္းေက်ာ္လည္း မဲေပးခြင့္ ဆံုး႐ံႈးသြားတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ထုတ္ေျပာေနပါတယ္။ ဒီစိုးရိမ္ခ်က္ေတြအေပၚ မစၥတာ Smith က ဆက္ၿပီး

“က်ေနာ္တုိ႔အေနနဲ႔ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြအေပၚ အထူးကို စိုးရိမ္ပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာေတြနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရးကို တုိးတက္လာေအာင္ လုပ္ေပးတာ မရွိေသးတဲ့အတြက္ အထူးစိုးရိမ္တာေပါ့ဗ်ာ။ အထူးသျဖင့္ေတာ့ လာမယ့္ ေရြးေကာက္ပြဲကာလမွာ အေျခအေနေတြ မတရားပိုဆုိးလာႏုိင္တဲ့ အႏၱရာယ္လည္း ရွိေနပါတယ္။”

တကယ္ေတာ့ အခုလို အေျခအေနေတြ ဆုိးေပမဲ့ တုိးတက္လာတဲ့ အေျခအေနေတြေရာ ျမင္မိပါသလားလို႔ ေမးရာမွာ မစၥတာ Smith က

“အေသအခ်ာရွိပါတယ္။ မွတ္ေလာက္သားေလာက္ေအာင္ကို တိုးတက္လာတာတခ်ိဳ႕ ရွိပါတယ္။ တႏုိင္ငံလံုးမွာ လူ႔အခြင့္အေရးနဲ႔ ႏုိင္ငံေရးဆုိင္ရာ လြတ္လပ္ခြင့္ေတြ အရင္ထက္ ပိုရလာပါတယ္။ အရပ္သားအဖြဲ႔ေတြအေနနဲ႔ အရင္မလုပ္ႏုိင္တာေတြ အခု လုပ္ခြင့္ အမ်ားႀကီး ရလာပါတယ္။”

အဲဒီေတာ့ အခုလာမယ့္ လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပြဲမွာ အေျခအေနေတြ ဆက္တုိးတက္လာဖုိ႔ ေမွ်ာ္လင့္ပါသလားလို႔ ေမးရာမွာေတာ့

“က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။ အခုလာမယ့္ ႏုိ၀င္ဘာ ၉ ရက္က်ရင္ ဂ်နီဗာမွာ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အစီရင္ခံစာေတြအေပၚ ေဆြးေႏြးက်တဲ့ အခါက်ရင္ေပါ့ေလ အဲဒီမွာ အခုျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေျဖရွင္းႏုိင္ဖု႔ိကို က်ေနာ္တုိ႔ဘက္ကလည္း အေသးစိတ္နည္းလမ္းေတြကို အႀကံျပဳထားပါတယ္။ ဒီထဲမွာ ရခိုင္၊ ကခ်င္၊ ရွမ္းနဲ႔ တႏုိင္ငံလံုးမွာ ျဖစ္ေနတဲ့ ျပႆနာေတြ ပါပါတယ္။”

မစၥတာ Smith က ဆက္ၿပီး အခု ဒီပြဲမွာ ဦးေဆာင္တက္လာမယ့္ ဗိုလ္ခ်ဳပ္ႀကီး ကိုကို အေနနဲ႔ အရင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့ေပမဲ့လည္း အခုေတာ့ ႏုိင္ငံတကာက အႀကံျပဳတဲ့ နည္းလမ္းေတြကို ပူးေပါင္းေဆာင္ရြက္ေပးသင့္တယ္လို႔ ဆက္ေျပာခဲ့ပါတယ္ခင္ဗ်ာ။

ကို၀င္းမင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................................

 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လာမယ့် နို၀င်ဘာလ ၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် UPR လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် ပြန်လည် သုံးသပ် စိစစ်မှုမှာ မြန်မာအစိုးရအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်စေရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ယူမယ်ဆိုတာကို ကတိပေးသင့်တယ်ဆိုပြီးတော့ ထိုင်းအခြေစိုက် Fortify Rights အဖွဲ့ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။

ဒီ Fortify Rights အဖွဲ့ခေါင်းဆောင် Matthew Smith က နိုဝင်ဘာလဆန်းမှာလုပ်မယ့် ကုလသမဂ္ဂရဲ့ UPR ခေါ် ပုံမှန်လူ့အခွင့်အရေးသုံးသပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တက်ရောက်ပြီး အစိုးရလူ့အခွင့်အရေး အစီရင်ခံစာ ဦးဆောင်တင်သွင်းမယ်လို့ ကြားတာမို့ အခုလို အချိန်မီ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ မစ္စတာ Smith ကပဲ လက်ရှိ ရွေးကောက်ပွဲနည်းလာချိန်မှာ သူ အခု အထူးစိုးရိမ်မိတာကို

“ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာ အကြမ်းဖက်မှုတွေဖြစ်လာဖို့ အန္တရာယ် ကြီးကြီးမားမားကို ရှိနေပါတယ်။ အဲဒီအတွက် တချို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကံဆိုးစွာပဲ အခု ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ ပြဿနာတွေ အများကြီးနဲ့ မသမာမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေအကြောင်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ လူစုတချို့အပေါ် နိုင်ငံရေးအရ အခွင့်အလမ်းတွေ လုံးဝ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီထဲမှာ မူဆလင်ဘာသာဝင်တွေ မဲပေးခွင့်ဆုံးရှုံးတာ၊ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးမှာတွေ ပါပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတချို့က ဒေသခံတွေအနေနဲ့ အထူးသဖြင့်တော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကပေါ့နော်။ သူတို့အတွက် ဒီရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဖယ်ထားခံရတာမျိုးလည်း ပါပါတယ်။”

တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင် အစိုးရပါတီ ပြည်ခိုင်ဖြိုးကနေ အနိုင်ရခဲ့တဲ့ မူဆလင်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ အပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မူဆလင်ဘာသာဝင် ၅ သိန်းကျော်လည်း မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြောနေပါတယ်။ ဒီစိုးရိမ်ချက်တွေအပေါ် မစ္စတာ Smith က ဆက်ပြီး

“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးကို စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကို တိုးတက်လာအောင် လုပ်ပေးတာ မရှိသေးတဲ့အတွက် အထူးစိုးရိမ်တာပေါ့ဗျာ။ အထူးသဖြင့်တော့ လာမယ့် ရွေးကောက်ပွဲကာလမှာ အခြေအနေတွေ မတရားပိုဆိုးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။”

တကယ်တော့ အခုလို အခြေအနေတွေ ဆိုးပေမဲ့ တိုးတက်လာတဲ့ အခြေအနေတွေရော မြင်မိပါသလားလို့ မေးရာမှာ မစ္စတာ Smith က

“အသေအချာရှိပါတယ်။ မှတ်လောက်သားလောက်အောင်ကို တိုးတက်လာတာတချို့ ရှိပါတယ်။ တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ အရင်ထက် ပိုရလာပါတယ်။ အရပ်သားအဖွဲ့တွေအနေနဲ့ အရင်မလုပ်နိုင်တာတွေ အခု လုပ်ခွင့် အများကြီး ရလာပါတယ်။”

အဲဒီတော့ အခုလာမယ့် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အခြေအနေတွေ ဆက်တိုးတက်လာဖို့ မျှော်လင့်ပါသလားလို့ မေးရာမှာတော့

“ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခုလာမယ့် နို၀င်ဘာ ၉ ရက်ကျရင် ဂျနီဗာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေအပေါ် ဆွေးနွေးကျတဲ့ အခါကျရင်ပေါ့လေ အဲဒီမှာ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ဘက်ကလည်း အသေးစိတ်နည်းလမ်းတွေကို အကြံပြုထားပါတယ်။ ဒီထဲမှာ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပါပါတယ်။”

မစ္စတာ Smith က ဆက်ပြီး အခု ဒီပွဲမှာ ဦးဆောင်တက်လာမယ့် ဗိုလ်ချုပ်ကြီး ကိုကို အနေနဲ့ အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပေမဲ့လည်း အခုတော့ နိုင်ငံတကာက အကြံပြုတဲ့ နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်ခင်ဗျာ။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment