Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ျမန္မာအလုပ္သမားေရး ဥပေဒတခ်ဳိ႕ ပုိမုိထိေရာက္ေအာင္ ျပင္ဆင္ဖုိ႔ရွိ


 မၾကာေသးခင္က ျပဌာန္းထားတဲ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒနဲ႔ အလုပ္သမားအဖြဲ႔အစည္း ဖြဲ႔စည္းေရးဥပေဒတို႔မွာ အႀကိမ္ႀကိမ္ အျပစ္က်ဴးလြန္တဲ့ အလုပ္ရွင္ေတြကို ထိေရာက္ေအာင္ အေရးယူႏိုင္မယ့္ ေထာင္ဒဏ္ေငြဒဏ္ေတြ ထည့္ႏိုင္ဖို႔ ျပင္ဆင္သြားဖို႔ ရွိတယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢ ဥကၠွဌက ေျပာဆိုလိုက္ပါတယ္။ ထုတ္ျပန္ထားၿပီးတဲ့ တည္ဆဲ အလုပ္သမားေတြနဲ႔ ပတ္သက္တဲ့ ဥပေဒ ၁၀ ခုေက်ာ္ကို ေပါင္းကာ ပင္မ အလုပ္သမား ဥပေဒတခုကိုလည္း ထုတ္ဖို႔ စီစဥ္ေနပါတယ္။ အျပည့္အစံုကို ရန္ကုန္အေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

လက္ရွိထုတ္ျပန္ထားတဲ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒမွာ ထိေရာက္တဲ့ အေရးယူမႈေတြနဲ႔  ျပစ္ဒဏ္ေတြ ထပ္မံ ထည့္သြားဖို႔ ရွိပါတယ္။ ဒါ့အျပင္ ၁၉၅၁ ခုႏွစ္၊ ၁၉၆၄ ခုႏွစ္၊ ၁၉၇၀ ခုႏွစ္၊ ၂၀၁၁ ခုႏွစ္၊ ၂၀၁၂ ခုႏွစ္ စတဲ့ ခုႏွစ္ေတြမွာ ထုတ္ျပန္ထားၿပီးျဖစ္တဲ့ တည္ဆဲ အလုပ္သမားေတြနဲ႔ ပတ္သတ္တဲ့ ဥပေဒ ၁၀ ခုေက်ာ္ခန္႔ကို ေပါင္းၿပီး ပင္မ အလုပ္သမားဥပေဒ တခုကို ထုတ္ဖို႔လည္း စီစဥ္ေနတယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမားသမဂၢ ဥကၠဌ ဦးေအာင္လင္း က အခုလို ေျပာျပခဲ့တာပါ။

“က်ေနာ္တုိ႔ Main Law ေပါ့ေနာ္ အဲဒါ မထြက္ခင္မွာ နည္းဥပေဒတခုခ်င္းမွာကို ျပင္ဆင္စရာေတြ ရွိပါတယ္။ ဒီ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒ၊ ေနာက္ ဒီ အလုပ္သမား အဖြဲ႔အစည္းဥပေဒ စသျဖင့္ေပါ့ေနာ္ ျပင္ဆင္ရန္ေတြ ရွိပါတယ္။ အျမန္ဆံုး ျပင္ဆင္ရမွာကေတာ့ ဒီ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒေပါ့ေနာ္။ ေနာက္တခုက အလုပ္သမား အဖြဲ႔အစည္း ဥပေဒေပါ့။ ဒီႏွစ္ခု က်ေနာ္တို႔ ျပင္ဆင္ဖို႔ကို ဒါ ေဆြးေႏြးထားလက္စ ရွိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးဥပေဒမွာ မူလ က်ေနာ္တုိ႔ ျပင္ဆင္ခ်က္ ႀကိဳးပမ္းတဲ့အခါမွာ ေထာင္ဒဏ္ထည့္သြင္းဖို႔ကိစၥေတြက ျပည္သူ႔လႊတ္ေတ္ာအဆင့္မွာပဲ က်ေနာ္တုိ႔ ပယ္ခံရတယ္။ ဒီဒဏ္ေငြတုိးျမႇင့္တဲ့ကိစၥမွာပဲ က်ေနာ္တုိ႔ ရပ္သြားတယ္ေပါ့။ ဒါကိုလည္းပဲ ဆက္ၿပီးေတာ့ အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္တဲ့ အလုပ္ရွင္ေတြကို ေထာင္ဒဏ္ထည့္သြင္းဖို႔ကိစၥကို က်ေနာ္တို႔ ဆက္ႀကိဳးစားရဦးမွာပါ။”

ဒီျပင္ လုပ္ခေပးေရးဥပေဒနဲ႔ အလုပ္သမားလုပ္ငန္းခြင္ ကၽြမ္းက်င္မႈနဲ႔ ဖြံ႔ၿဖိဳးမႈဆိုင္ရာဥပေဒ စတဲ့ ဥပေဒၾကမ္းႏွစ္ခုကိုလည္း ျပဌာန္းႏိုင္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဦးေအာင္လင္းက ေျပာပါတယ္။ ျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ လုပ္ခေပးေရးဥပေဒမွာ ေငြဒဏ္အျပင္ ေထာင္ဒဏ္ေတြ ပါဝင္ေတာ့မွာပါ။ သတ္မွတ္လုပ္ခေပးဖို႔ ပ်က္ကြက္ေၾကာင္း ထင္ရွားပါက ပထအႀကိမ္မွာ ေငြဒဏ္ ၅ သိန္း သို႔မဟုတ္ ေထာင္ဒဏ္ ၃ လ (သို႔မဟုတ္) တေပါင္းတည္း က်ေစမွာပါ။ ဒုတိယအႀကိမ္ ပ်က္ကြက္ပါက ေထာင္ဒဏ္ ၆ လ (သို႔) ေငြဒဏ္ သိန္း ၅၀ (သို႔) တေပါင္းတည္း က်ခံရမွာျဖစ္ပါတယ္။ ဒီျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ ဥပေဒေတြနဲ႔ ပတ္သတ္ၿပီး ဦးေအာင္လင္းက ခုလို ေျပာျပပါတယ္။

“လက္ရွိကေတာ့ ဥပေဒၾကမ္းႏွစ္ခု လႊတ္ေတာ္မွာ တင္ထားဆဲရွိတယ္။ လုပ္ခေပးေရးဥပေဒ၊ ေနာက္ၿပီးေတာ့ လုပ္ငန္းခြင္ကၽြမ္းက်င္မႈနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးဥပေဒ အစရွိသျဖင့္ေပါ့ေနာ္ လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ထားလက္စ ဥပေဒမူၾကမ္းေတြလည္းပဲ ရွိေနတယ္။ ဒီအစိုးရသက္တမ္း ရက္ေပါင္း ၃၇ ရက္အတြင္းမွာ ဒီဥပေဒေတြကို အတည္ျပဳႏုိင္မလား ဆုိတာေတာ့ တကယ့္ကို က်ေနာ္တုိ႔ စိန္ေခၚမႈပဲကိုး။ က်ေနာ္တုိ႔က ေနာက္အစိုးရသက္တမ္းထဲကို မသြားခ်င္ဘူး။ အဲေတာ့ ဒီလႊတ္ေတာ္သက္တမ္းအတြင္းမွာပဲ ဒါေတြကို အတည္ျပဳႏုိင္ဖုိ႔အတြက္ တုိက္တြန္းရမယ့္ လုပ္ငန္းစဥ္ေပါ့ေနာ္။ အခု က်ေနာ္တုိ႔ ႀကိဳးစားေနပါတယ္။”

ဒီလိုျပဌာန္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ ဥပေဒေတြနဲ႔ ပတ္သတ္ၿပီး လိႈင္သာယာ အလုပ္သမား ေခါင္းေဆာင္ ကိုျပည့္ၿဖိဳးေအာင္ က အခုလို ေျပာပါတယ္။

“အလုပ္သမားေတြကိုပါ အကာအကြယ္ ေပးႏုိင္မယ္ဆုိရင္ေတာ့ ပိုေကာင္းတာေပါ့။ အခုက အနိမ့္ဆံုး အခေၾကးေငြနဲ႔ ပတ္သက္လို႔ရွိရင္ အနိမ့္ဆံုး အခေၾကးေငြက ၃၆၀၀ အေပၚပဲ မူတည္ထားေသးတယ္ေပါ့ေနာ္။ ကၽြမ္းက်င္မႈအေပၚ မူတည္ၿပီးေတာ့ ဘယ္လုိေပးရမလဲဆုိတာ မပါေသးတဲ့အတြက္ေၾကာင့္ အစိုးရက အခုလက္ရွိမွာ အျငင္းပြားမႈ ျပႆနာေတြ ျဖစ္ေနၾကတယ္။ ေသခ်ာျပင္ဆင္မယ္ဆုိရင္ေတာ့ အလုပ္သမားေတြအတြက္ နည္းနည္း ပိုေကာင္းမယ့္ အလားအလာေပါ့ေနာ္။ ပဋိပကၡေတြ နည္းသြားမယ္။ ျပႆနာေတြ နည္းသြားမယ္ဆိုတဲ့ အလားအလာေတြေတာ့ ျမင္တယ္ခင္ဗ်။ အစိုးရဘက္ကေန ဥပေဒအသစ္တခု ထုတ္လုိက္ၿပီ။ အခု အနိမ့္ဆံုးအခ ေၾကးေငြဆုိရင္လည္း အလုပ္ရွင္ဘက္ကလည္း ဒီေပၚမွာ မူတည္ၿပီးေတာ့ အလုပ္ျပဳတ္တဲ့ကိစၥေတြ ပါလာတယ္။ နဂိုတုန္းကဆိုရင္ အလုပ္ထုတ္လိုက္တာနဲ႔ ၃ လစာေပးတဲ့ အေနအထားမ်ိဳးေပါ့ေနာ္။ အခုလက္ရွိမွာ ၃ လစာမဟုတ္ဘဲနဲ႔ လ၀က္စာဆုိေတာ့ တကယ္ အထုတ္ခံရတယ္ဆုိရင္ အလုပ္သမားေတြဘက္က နစ္နာတယ္ေပါ့။”

လက္ရွိမွာ အနည္းဆံုးအခေၾကးေငြျပဌာန္းၿပီး အနည္းဆံုးအခေၾကးေငြကို တရက္လွ်င္ အလုပ္ခ်ိန္ ၈ နာရီစာအတြက္ ၃၆၀၀ က်ပ္ သတ္မွတ္ထားေပမဲ့ အလုပ္ရွင္ အလုပ္သမားၾကား ျပႆနာေတြဟာ ေျပလည္သြားတာ မရွိေသးပါဘူး။ အလုပ္လက္မဲ့ ျပႆနာေတြလည္း ျဖစ္ပြားမႈ မ်ားလာပါတယ္။ ဒါဟာ ဥပေဒတခုကို ေသခ်ာလိုက္နာႏိုင္ေအာင္ ၾကပ္မတ္ေပးဖို႔ အားနည္းေနတာျဖစ္တယ္လို႔ ၈၈ မ်ိဳးဆက္ ပြင့္လင္းလူ႔အဖြဲ႔အစည္းက အလုပ္သမားအေရး လႈပ္ရွားေနတဲ့ မမာမာဦး က ေျပာပါတယ္။

“လုပ္ခလစာကုိေပါ့ေနာ္ ဆိုးရြားစြာ သတ္မွတ္လိုက္တာက အေျခခံလုပ္ခလစာကို ၃၆၀၀ လို႔ သတ္မွတ္လိုက္ေပမဲ့ အလုပ္ရွင္အခ်ိဳ႕ကေပါ့ေနာ္ အလုပ္ရွင္အခ်ိဳ႕ကေပါ့ ဒီဟာအေပၚမွာ သူ႔ဟာသူ A, B, C အဆင့္ ၃ ဆင့္ခြဲၿပီးေတာ့ ၃၆၀၀၊ ၂၇၀၀၊ ၁၈၀၀ စသည္ျဖင့္ေပါ့ေနာ္ အဲ့ဒီလို ခြဲျခားစိပ္ျဖာၿပီးေတာ့ ေပးမယ္ဆုိတဲ့ သေဘာမ်ိဳးေတြလည္း က်မတို႔ ေတြ႔ရတာေတြ ရွိတယ္။ ေနာက္တခ်က္က အခ်ိဳ႕ေသာ စက္႐ံုအငယ္စားေတြက စက္႐ံုပိတ္သိမ္းတာေတြလည္း ရွိတယ္။ အဲ့လို ပိတ္သိမ္းတဲ့အတြက္ေၾကာင့္မို႔ အလုပ္သမားေတြဟာ အလုပ္လက္မဲ့ျပႆနာ ပိုၿပီးေတာ့ ရင္ဆုိင္ေနရတာကို ေတြ႔ႀကံဳရပါတယ္။”

ဒီလို လက္ရွိ တည္ဆဲဥပေဒ ျပန္လည္ျပင္ဆင္ဖို႔နဲ႔ အသစ္ထပ္မံ ေရးဆြဲျပဌာန္းဖို႔ေတြနဲ႔ ပတ္သက္ၿပီး အလုပ္အကိုင္၊ အလုပ္သမားနဲ႔ လူမႈဖူလံုေရးဝန္ႀကီးဌာနကို အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေပမဲ့ ေျဖၾကားေပးမယ့္သူ မရွိခဲ့ပါဘူးရွင္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................................

 မကြာသေးခင်က ပြဌာန်းထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရေးဥပဒေတို့မှာ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့ အလုပ်ရှင်တွေကို ထိရောက်အောင် အရေးယူနိုင်မယ့် ထောင်ဒဏ်ငွေဒဏ်တွေ ထည့်နိုင်ဖို့ ပြင်ဆင်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကှဌက ပြောဆိုလိုက်ပါတယ်။ ထုတ်ပြန်ထားပြီးတဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ ၁၀ ခုကျော်ကို ပေါင်းကာ ပင်မ အလုပ်သမား ဥပဒေတခုကိုလည်း ထုတ်ဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထိရောက်တဲ့ အရေးယူမှုတွေနဲ့  ပြစ်ဒဏ်တွေ ထပ်မံ ထည့်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ၁၉၅၁ ခုနှစ်၊ ၁၉၆၄ ခုနှစ်၊ ၁၉၇၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် စတဲ့ ခုနှစ်တွေမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ဥပဒေ ၁၀ ခုကျော်ခန့်ကို ပေါင်းပြီး ပင်မ အလုပ်သမားဥပဒေ တခုကို ထုတ်ဖို့လည်း စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးအောင်လင်း က အခုလို ပြောပြခဲ့တာပါ။

“ကျနော်တို့ Main Law ပေါ့နော် အဲဒါ မထွက်ခင်မှာ နည်းဥပဒေတခုချင်းမှာကို ပြင်ဆင်စရာတွေ ရှိပါတယ်။ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နောက် ဒီ အလုပ်သမား အဖွဲ့အစည်းဥပဒေ စသဖြင့်ပေါ့နော် ပြင်ဆင်ရန်တွေ ရှိပါတယ်။ အမြန်ဆုံး ပြင်ဆင်ရမှာကတော့ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပေါ့နော်။ နောက်တခုက အလုပ်သမား အဖွဲ့အစည်း ဥပဒေပေါ့။ ဒီနှစ်ခု ကျနော်တို့ ပြင်ဆင်ဖို့ကို ဒါ ဆွေးနွေးထားလက်စ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ မူလ ကျနော်တို့ ပြင်ဆင်ချက် ကြိုးပမ်းတဲ့အခါမှာ ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စတွေက ပြည်သူ့လွှတ်တေ်ာအဆင့်မှာပဲ ကျနော်တို့ ပယ်ခံရတယ်။ ဒီဒဏ်ငွေတိုးမြှင့်တဲ့ကိစ္စမှာပဲ ကျနော်တို့ ရပ်သွားတယ်ပေါ့။ ဒါကိုလည်းပဲ ဆက်ပြီးတော့ အကြိမ်ကြိမ် ချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စကို ကျနော်တို့ ဆက်ကြိုးစားရဦးမှာပါ။”

ဒီပြင် လုပ်ခပေးရေးဥပဒေနဲ့ အလုပ်သမားလုပ်ငန်းခွင် ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာဥပဒေ စတဲ့ ဥပဒေကြမ်းနှစ်ခုကိုလည်း ပြဌာန်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။ ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ လုပ်ခပေးရေးဥပဒေမှာ ငွေဒဏ်အပြင် ထောင်ဒဏ်တွေ ပါဝင်တော့မှာပါ။ သတ်မှတ်လုပ်ခပေးဖို့ ပျက်ကွက်ကြောင်း ထင်ရှားပါက ပထအကြိမ်မှာ ငွေဒဏ် ၅ သိန်း သို့မဟုတ် ထောင်ဒဏ် ၃ လ (သို့မဟုတ်) တပေါင်းတည်း ကျစေမှာပါ။ ဒုတိယအကြိမ် ပျက်ကွက်ပါက ထောင်ဒဏ် ၆ လ (သို့) ငွေဒဏ် သိန်း ၅၀ (သို့) တပေါင်းတည်း ကျခံရမှာဖြစ်ပါတယ်။ ဒီပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး ဦးအောင်လင်းက ခုလို ပြောပြပါတယ်။

“လက်ရှိကတော့ ဥပဒေကြမ်းနှစ်ခု လွှတ်တော်မှာ တင်ထားဆဲရှိတယ်။ လုပ်ခပေးရေးဥပဒေ၊ နောက်ပြီးတော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အစရှိသဖြင့်ပေါ့နော် လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တင်ထားလက်စ ဥပဒေမူကြမ်းတွေလည်းပဲ ရှိနေတယ်။ ဒီအစိုးရသက်တမ်း ရက်ပေါင်း ၃၇ ရက်အတွင်းမှာ ဒီဥပဒေတွေကို အတည်ပြုနိုင်မလား ဆိုတာတော့ တကယ့်ကို ကျနော်တို့ စိန်ခေါ်မှုပဲကိုး။ ကျနော်တို့က နောက်အစိုးရသက်တမ်းထဲကို မသွားချင်ဘူး။ အဲတော့ ဒီလွှတ်တော်သက်တမ်းအတွင်းမှာပဲ ဒါတွေကို အတည်ပြုနိုင်ဖို့အတွက် တိုက်တွန်းရမယ့် လုပ်ငန်းစဉ်ပေါ့နော်။ အခု ကျနော်တို့ ကြိုးစားနေပါတယ်။”

ဒီလိုပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး လှိုင်သာယာ အလုပ်သမား ခေါင်းဆောင် ကိုပြည့်ဖြိုးအောင် က အခုလို ပြောပါတယ်။

“အလုပ်သမားတွေကိုပါ အကာအကွယ် ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက အနိမ့်ဆုံး အခကြေးငွေနဲ့ ပတ်သက်လို့ရှိရင် အနိမ့်ဆုံး အခကြေးငွေက ၃၆၀၀ အပေါ်ပဲ မူတည်ထားသေးတယ်ပေါ့နော်။ ကျွမ်းကျင်မှုအပေါ် မူတည်ပြီးတော့ ဘယ်လိုပေးရမလဲဆိုတာ မပါသေးတဲ့အတွက်ကြောင့် အစိုးရက အခုလက်ရှိမှာ အငြင်းပွားမှု ပြဿနာတွေ ဖြစ်နေကြတယ်။ သေချာပြင်ဆင်မယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် နည်းနည်း ပိုကောင်းမယ့် အလားအလာပေါ့နော်။ ပဋိပက္ခတွေ နည်းသွားမယ်။ ပြဿနာတွေ နည်းသွားမယ်ဆိုတဲ့ အလားအလာတွေတော့ မြင်တယ်ခင်ဗျ။ အစိုးရဘက်ကနေ ဥပဒေအသစ်တခု ထုတ်လိုက်ပြီ။ အခု အနိမ့်ဆုံးအခ ကြေးငွေဆိုရင်လည်း အလုပ်ရှင်ဘက်ကလည်း ဒီပေါ်မှာ မူတည်ပြီးတော့ အလုပ်ပြုတ်တဲ့ကိစ္စတွေ ပါလာတယ်။ နဂိုတုန်းကဆိုရင် အလုပ်ထုတ်လိုက်တာနဲ့ ၃ လစာပေးတဲ့ အနေအထားမျိုးပေါ့နော်။ အခုလက်ရှိမှာ ၃ လစာမဟုတ်ဘဲနဲ့ လဝက်စာဆိုတော့ တကယ် အထုတ်ခံရတယ်ဆိုရင် အလုပ်သမားတွေဘက်က နစ်နာတယ်ပေါ့။”

လက်ရှိမှာ အနည်းဆုံးအခကြေးငွေပြဌာန်းပြီး အနည်းဆုံးအခကြေးငွေကို တရက်လျှင် အလုပ်ချိန် ၈ နာရီစာအတွက် ၃၆၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အလုပ်ရှင် အလုပ်သမားကြား ပြဿနာတွေဟာ ပြေလည်သွားတာ မရှိသေးပါဘူး။ အလုပ်လက်မဲ့ ပြဿနာတွေလည်း ဖြစ်ပွားမှု များလာပါတယ်။ ဒါဟာ ဥပဒေတခုကို သေချာလိုက်နာနိုင်အောင် ကြပ်မတ်ပေးဖို့ အားနည်းနေတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး လှုပ်ရှားနေတဲ့ မမာမာဦး က ပြောပါတယ်။

“လုပ်ခလစာကိုပေါ့နော် ဆိုးရွားစွာ သတ်မှတ်လိုက်တာက အခြေခံလုပ်ခလစာကို ၃၆၀၀ လို့ သတ်မှတ်လိုက်ပေမဲ့ အလုပ်ရှင်အချို့ကပေါ့နော် အလုပ်ရှင်အချို့ကပေါ့ ဒီဟာအပေါ်မှာ သူ့ဟာသူ A, B, C အဆင့် ၃ ဆင့်ခွဲပြီးတော့ ၃၆၀၀၊ ၂၇၀၀၊ ၁၈၀၀ စသည်ဖြင့်ပေါ့နော် အဲ့ဒီလို ခွဲခြားစိပ်ဖြာပြီးတော့ ပေးမယ်ဆိုတဲ့ သဘောမျိုးတွေလည်း ကျမတို့ တွေ့ရတာတွေ ရှိတယ်။ နောက်တချက်က အချို့သော စက်ရုံအငယ်စားတွေက စက်ရုံပိတ်သိမ်းတာတွေလည်း ရှိတယ်။ အဲ့လို ပိတ်သိမ်းတဲ့အတွက်ကြောင့်မို့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ပြဿနာ ပိုပြီးတော့ ရင်ဆိုင်နေရတာကို တွေ့ကြုံရပါတယ်။”

ဒီလို လက်ရှိ တည်ဆဲဥပဒေ ပြန်လည်ပြင်ဆင်ဖို့နဲ့ အသစ်ထပ်မံ ရေးဆွဲပြဌာန်းဖို့တွေနဲ့ ပတ်သက်ပြီး အလုပ်အကိုင်၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူးရှင်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment