Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

၈၈ မျိုးဆက်နဲ့ NLD သဘောထားမကွဲလွဲ


 ၈၈ မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား သဘောထားတွေ ကွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆို နေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

နှစ်ဘက်လုံးအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတည်းက အတူလက်တွဲပြီး လုပ်ဆောင်ခဲ့တာဖြစ်သလို နောက်ဆုံးအထိ အတူရှိတယ်ဆိုတာကို ပြည်သူတွေသိစေချင်လို အခုလို ကြေငြာချက်ထုတ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ပြည်သူလူထုကြားမှာ ဒီ ၈၈ နဲ့ ပတ်သက်ပြီးတော့ NLD နဲ့ သဘောထားတွေကွဲကုန်ပြီ၊ ဘာညာမေးကြ ပြုကြတာလည်းများနေပါပြီ၊ ဒီအခါမှာ တစ်ကယ်တန်းကျတော့ ၈၈ နဲ့ NLD ဟာ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ဘူး၊ ဘယ်တုန်းမှလည်း ဒီလိုကွဲပြဲတာမဖြစ်ခဲ့ဘူး၊ နောက်ဆုံးအချိန်ထိ ဒီတိုင်းရှိနေတယ်ဆိုတာကို ကျနော်ပြည်သူလူထုကိုသိစေချင်လို့ ဒါလေးထုတ်တာပါ"

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေဆုံပွဲပြီး အခုကြေငြာချက်ကို ထုတ်ပြန်တာလို့လည်းသိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲမသာမှုတွေကို စောင့်ကြည်ဖော်ထုတ်ဖို့ အပါအဝင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment