Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

နယူးယောက်ပြည်နယ် ၌ Legionnaries ရောဂါကူးစက်ခံရသူ ၁၀၈ ဦးအထိ မြင့်တက်



Record 108 contract Legionnaires disease in New York


နယူးယောက် ၊ ၁၀-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်၌ အဆုတ်ရောင် ရောဂါကို ဖြစ်ပွား စေသော Legionnaries ရောဂါပိုး ကူးစက်ခံရသူ ဦးရေသည် ၁ဝ၈ ဦးအထိ မြင့်တက်လာ ပြီဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ထားသည်။

၎င်းရောဂါပိုး သည် ပြည်နယ် အတွင်းရှိ တောင်ဘရွန်းမြို့ ၌ ဇူလိုင် ၁ဝ ရက် နှောင်းပိုင်းက စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ရောဂါစတင် ဖြစ်ပွား ချိန်မှစ၍ ကူးစက်ခံ ရသော လူ ၉၄ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် ယခု ရက်သတ္တပတ် အစောပိုင်း တွင် ၁ဝ ဦး သေဆုံးပြီး ထပ်မံ သေဆုံးသူ တစ်ဦးမျှ မရှိကြောင်း အာဏာပိုင် များက ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသည် ဗက်တီးရီးယားပိုး တစ်မျိုးကြောင့် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး ၄င်း ဗက်တီးရီးယားကို တောင်ဘရွန်းရှိ အအေးခန်း စက်ရုံငါးခုတွင် မကြာသေးမီက တွေ့ရှိခဲ့ကြောင်း အာဏာပိုင် များက ထပ်လောင်း ပြောကြားသည်။

သေဆုံးသူ ၁ဝ ဦးမှာ သက်ကြီးရွယ်အို များဖြစ်ပြီး ၄င်းတို့၌ ယခင်ခံစား နေသော ရောဂါများလည်း ရှိကြောင်း၊ Legionnaries ရောဂါပိုးကို ပဋိဇီဝဆေး များနှင့် ကုသနိုင် ကြောင်း နယူးယောက် မြို့တော်ဝန် ဘေလ်ဒီ ဘလတ်ဘီယို က ပြောကြား ထားသည်။

#PyiChitThar

No comments:

Post a Comment