Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ဗြိတိန် ဖုန်းကုမ္ပဏီတစ်ခု ဆိုက်ဘာတိုက်ခိုက် ခံရ

Carphone Warehouse hack: 2.4 million customers' details breached after 'cyber-attack'

လန်ဒန် ၊ ၁၀-၈-၂၀၁၅

ဗြိတိန်နိုင်ငံရှိ မိုဘိုင်းလ်ဖုန်း လက်လီ ရောင်းချရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် Carphone Warehouse သည် ဆိုက်ဘာ တိုက်ခိုက်ခံ ရပြီးနောက် မိုဘိုင်းလ်ဖုန်း ဝယ်ယူသူ ၂ ဒသမ ၄ သန်း၏ အချက်အလက်များ ခိုးယူခံ လိုက်ရကြောင်း ၄င်း ကုမ္ပဏီက သြဂုတ် ၈ ရက်တွင် ထုတ်ပြန် ထားသည်။

အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုကို ၄င်း ကုမ္ပဏီက သြဂုတ် ၅ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၉ဝဝဝဝ ဦးခန့်၏ အကြွေးဝယ်ကတ် အချက်အလက်များ အပါအဝင် အခြား ဖုန်းသုံးစွဲသူ ၂ ဒသမ ၄ သန်း၏ ဘဏ်စာရင်း အချက်အလက်များ၊ မွေးသက္ကရာဇ်များ၊ အမည်နှင့် လိပ်စာများ ခိုးယူခံခဲ့ ရကြောင်း သိရသည်။

ယခုအခါ ရဲတပ်ဖွဲ့နှင့် ဆိုက်ဘာ တိုက်ခိုက်မှု ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ၄င်းကုမ္ပဏီက ထပ်လောင်း ပြောကြားသည်။

ထို့ပြင် Carphone Warehouse ကုမ္ပဏီသည် တိုက်ခိုက်ခံခဲ့ ရသော ဝက်ဘ်ဆိုက် များကို ဖျက်ဆီးခဲ့ပြီး အချက်အလက် များ ခိုးယူခံရသော မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ ထံသို့ သတင်း ပေးပို့လျက် ရှိကြောင်း သိရသည်။

Carphone Warehouse hackers may have accessed 2.4m customers' data

#PyiChitThar

No comments:

Post a Comment