Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

KFC ဆိုင် အခွန်တံဆိပ်ခေါင်းမကပ်သဖြင့် ၃ ကြိမ်တိတိ ဒဏ်ရိုက်ခံရ


၂၀၁၅ ဇွန် ၃၀ တွင် ဖွင့်လှစ်ခဲ့သော ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်သည် သုံးကြိမ်တိတိ အခွန်မဆောင်သောကြောင့် သုံးကြိမ်တိတိ ဒဏ်ရိုက်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတဦးက ယနေ့ သြဂုတ် ၁၈ တွင် News Watch သို့ ပြောကြားသည်။

၎င်းမှ “သုံးကြိမ်အထိ ဒဏ်ရိုက်ရတဲ့ဆိုင်ဆိုလို့ ရန်ကုန်မှာ KFC ဆိုင် တဆိုင်ပဲရှိတယ်။ ကျန်တဲ့ဆိုင်အများစုက တကြိမ်နှစ်ကြိမ် ဒဏ်ရိုက်ပြီးရင် အခွန်တံဆိပ်ခေါင်း ကပ်ကြပါတယ်”ဟု ပြောကြားခဲ့သည်။
KFC ဆိုင်သည် စတင်ဖွင့်လှစ်ခဲ့ချိန်မှစပြီး တလခွဲကျော်အကြာ ဒဏ်သုံးကြိမ် အရိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အခွန်ဦးစီးဌာနမှ ၂၀၁၅ မေ ၁ ရက်မှ စတင်၍စားသောက်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ ရောင်းချစေခဲ့သည်။ အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သည့်ဆိုင်များအား စစ်ဆေးတွေ့ရှိပါက ပထမ အကြိမ် ကျပ် နှစ်သိန်း ဒဏ်ရိုက်ပြီး ဒုတိယအကြိမ် ကျပ်ငါးသိန်း၊ တတိယအကြိမ်အတွက် ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ်နှင့်အထက် အခွန်မဆောင်သည့် ဆိုင်များအား ကျပ်ဆယ်သိန်း ဒဏ်ရိုက်ကြောင်း သိရသည်။

“KFC ဆိုင်က တတိယအကြိမ်ဆိုတော့ ခုနစ်သိန်းအထိ ဒဏ်ရိုက်ခဲ့ရတယ်”ဟု ပြောကြားခဲ့သည်။ အခွန်တံဆိပ် ခေါင်းမကပ်ဘဲရောင်းချသည့်ဆိုင်များကို အခွန်ဦးစီးဌာနသို့ တိုင်ကြားသူအား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ဂုဏ်ပြုငွေအဖြစ် ပေးအပ်သည်ဟု ဆိုသည်။

ဈေးဆိုင်အများစုသည် စားသုံးသူအား ဆိုင်အမည်မပါသည့် ဘောက်ချာဖြင့်ရောင်းချပါက စားသုံးသူသည် ပြန်လည် စောဒကတက်ပိုင်ခွင့်ရှိကြောင်း၊ အခွန်ပြေစာတံဆိပ်ခေါင်းမကပ်ပါက အခွန်ဦးစီးဌာနသို့ တိုင်တန်း၍ ဂုဏ်ပြုဆုငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။

“ဆိုင်အများစု စားသုံးသူ ပေးဆောင်တဲ့အခွန်ငွေ ငါးရာခိုင်နှုန်းကို စာရင်းပဲပြပြီး အိတ်ထဲ ထည့်ချင်ကြတယ်။ ဒီကိစ္စပပျောက်ဖို့အတွက်ဆို စားသုံးသူတွေကိုယ်တိုင် အခွန်ဦးစီး ဌာနနဲ့ပူးပေါင်းပြီး တိုင်တန်းတာတွေ လုပ်ဖို့လိုတယ်”ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment