CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 18, 2015
ထိုင်းနိုင်ငံရောက် မြန်မာများ ထိုင်းအစိုးရမှ ကြေညာထားသည့် အန္တရာယ် ဖြစ်ပွားရန် ပစ်မှတ်ထား ဆောင်ရွက်နိုင်သည့် နယ်မြေ ၁၀ ခုအား ရှောင်ရှားရန် မြန်မာ သံရုံး သတင်းထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ယမန်နေ့ ညနေတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းအစိုးရမှ အန္တရာယ် ဖြစ်ပွားရန် ကြေညာထားသည့် စိုးရိမ်ဖွယ် ပစ်မှတ်ထား ဆောင်ရွက်နိုင်သည့် နယ်မြေ ၁၀ ခုအား ရှောင်ရှား သတိပြုနိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့ သတင်း ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် လူစည်ကားရာ အချက်အခြာ ကျသည့် လေးမျက်နှာ ဧရာဝဏ် ဘုရားအနီး Ratchprasong လမ်းဆုံ၌ သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ဗုံးပေါက်ကွဲမှု ကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ၊ ပညာတော်သင်များ၊ ကျောင်းသားများ၊ ထိုင်းနိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသူများ၊ ဆေးဝါးကုသရန် ရောက်ရှိနေသူများ အနေဖြင့် အထူးသတိပြု နေထိုင်သွားလာရန် မြန်မာသံရုံးမှ သတင်းထုတ်ပြန်သည်။
ထိုင်းအစိုးရမှ ထုတ်ပြန်သည့် စိုးရိမ်ဖွယ် ပစ်မှတ် ဆောင်ရွက်နိုင်သည့် နေရာ ၁၀ ခုမှာ လတ်ခ်ျပစုံ လမ်းဆုံ၊ ပထွန်ဝမ် လမ်းစုံ၊ စီလုံ လမ်းဆုံ၊ ခေါင်းဆန် လမ်းဆုံ၊ နာရာထိဝတ် လမ်းဆုံ၊ အနုစာဝရီ၊ တုချိုင် လမ်းဆုံ၊ ဘိန်ကျစီရီ ပန်းခြံ၊ ထောင်လော်လမ်းသွယ်နှင့် စုခွန်ဗစ်လမ်း တို့ဖြစ်ကြသည်။
(Xinhua)
http://www.xinhuamyanmar.com
ထိုင်းနိုင်ငံရောက် မြန်မာများ ထိုင်းအစိုးရမှ ကြေညာထားသည့် အန္တရာယ် ဖြစ်ပွားရန် ပစ်မှတ်ထား ဆောင်ရွက်နိုင်သည့် နယ်မြေ ၁၀ ခုအား ရှောင်ရှားရန် မြန်မာ သံရုံး သတင်းထုတ်ပြန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment