CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 31, 2015
အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယ သမ္မတ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ့် Hulk Hogan
ဟောလီးဝုဒ် အက်ရှင် မင်းသားကြီး Hulk Hogan ဟာ ဒုတိယ သမ္မတ လုပ်ဖို့အတွက် စဉ်းစားနေပါပြီ။ အရင်တုန်းက WWE နပမ်း အားကစားရဲ့ ကြယ်ပွင့်ဟာ ရီပက်ဘလစ်ကန် ပါတီကနေ သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် Donald Trump ရဲ့ အစီအစဉ်မှာ ၀င်ရောက်ပါဝင်ဖို့ စဉ်းစားနေတာပဲဖြစ်ပါတယ်။
နာမည်အရင်း Terry Bollea လို့ခေါ်တဲ့ Hulk Hogan ဟာ ရွေးကောက်ပွဲအကြောင်းမေးမြန်းရာမှာတော့ TMZ သတင်းဌာနကို "ကျွန်တော် ကြိုးဝိုင်းထဲမှာ ရှိမနေချင်တော့ပါဘူး။ ကျွန်တော် Trump ရဲ့ လှုပ်ရှားမှု မိတ်ဆွေတစ်ယောက်ဖြစ်ချင်ပါတယ်။ သင်ဒါကိုကြားခဲ့ပါသလား? ဒုတိယ သမ္မတ Hogan ဆိုတာကိုလေ" လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် WWE အမှုဆောင်အရာရှိ ဖြစ်တဲ့ Vince McMahon က Hogan ရဲ့ သမိုင်းတွေကို နပမ်းအားကစား ၀က်ဘ်ဆိုက်က နေ ပယ်ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဘာခံစားချက်မှ ပြင်းပြင်းထန်ထန် ရခဲ့တာမရှိပါဘူးလို့ဆိုပါတယ်။ McMahon က အခုလိုလုပ်ခဲ့တာဟာ Hogan တစ်ယောက် သူ့ရဲ့ Sex Tape ထဲမှာ အသားအရောင်ခွဲခြားတဲ့ စကားတစ်ခုကို သုံးခဲ့လို့ပါ။
"ကျွန်တော် ဒီလိုတွေကိုချစ်ပါတယ်။ သူတို့ဟာ မိသားစုဝင်တွေလိုပါပဲ။ Vince နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရ လိုက်တဲ့ ခံစားချက်ဟာ ကျွန်တော် သူ့ကို ကြိုးဝိုင်းထဲ နောက်တစ်ကြိမ် ခေါ်လာတဲ့အချိန်မှ ဖြစ်ပေါ်လာမှာပါ။ အဲဒါဟာ Wrestlemania XIX ရဲ့ ပြန်လည် ပြသမှု လည်း ဖြစ်လာပါလိမ့်မယ်။" လို့ သူက ဆိုပါတယ်။
Hulk Hogan ရဲ့ Sex Tape ထဲမှာတော့ Hogan ဟာ သူ့ရဲ့ သူငယ်ချင်းဟောင်းဖြစ်သူ Bubba ရဲ့ ဇနီးဟောင်း Heather Clem ကို "The Love Sponge" လို့ ပြောခဲ့ပါတယ်။ Hogan နဲ့ Clem တို့ ကိစ္စတွေပြီးစီးသွားတဲ့အခါမှာတော့ Hogan ဟာ သူ့ရဲ့ သမီးဖြစ်သူ Brooke Hogan ကို လူမည်းတစ်ယောက်နဲ့ ချစ်တင်းနှောစေခဲ့ပါသေးတယ်။ ပြီးတဲ့နောက်မှာတော့ Hulk Hogan ဟာ အာဖရိကန်-အမေရိကန် လူမျိုးတွေကို ညစ်ညမ်းတဲ့ ဝေဖန်မှုတွေကို လူမျိုးရေးခွဲခြားမှုတွေပြည့်နှက်နေတဲ့ စာသားတွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse
အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယ သမ္မတ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ့် Hulk Hogan
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 31, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment