CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 31, 2015
ကင်ဆာ ရောဂါကို အနံ့ ခံရှာဖွေနိုင်တဲ့ခွေးတွေက ဗြိတိန်ဆရာဝန်တွေကို ကူညီပေးသွားမည်
ဆီးနမူနာတွေကနေ ဆီးကျိတ်ကင်ဆာကို အနံ့ ခံစစ်ဆေးပေးနိုင်တဲ့ ခွေးတွေကို လက်တွေ့ စမ်းသပ်ဖို့ အတွက် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၁၁ နှစ်အရွယ် Daisy လို့ အမည်ရတဲ့ Labrador ခွေးလေးရဲ့ တစ်နေ့ လုပ်ငန်းတာဝန်က ကြီးမားပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ ပြေးလက္ခဏာတွေကို အဖြေရှာပေးပြီး ခွေးလေးဟာ လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
Daisy အပါအ၀င် ခွေးလေးတစ်သိုက်ကို ဗြိတိန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဆီးကျိတ် ကင်ဆာရောဂါကနေ ရနိုင်တဲ့ အနံ့ အသက်ကို ခံနိုင်စွမ်းရှိမှုကို စမ်းသပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ဆေးဖက်ဆိုင်ရာစူးစမ်းရှာဖွေရေးခွေးလေးများ လို့ အမည်ရတဲ့ အသင်းအဖွဲ့ ကို Dr Claire Guest က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လူသားတွေရဲ့ရောဂါကို အနံ့ ခံနိုင်ဖို့ အတွက် အထူးလေ့ကျင့်သင်ကြားပေးထား ပါတယ်။
ခွေးတွေရဲ့နှာခေါင်းတွင်းမှာ အနံ့ ခံအာရုံဖု သန်းသုံးရာလောက် ပါရှိပြီး လူသားတွေမှာတော့ ငါးသန်းပဲ ပါရှိတယ်လို့ သူမက ဆိုပါတယ်။
ကင်ဆာဆဲလ်တွေမှာ မတူညီတဲ့ အငွေ့ ပျံလွယ်ဒြပ်ပေါင်းတွေ ပါဝင်ပြီး ဒီ အနံ့ ထွက်တဲ့ဒြပ်ပေါင်းတွေဟာ ဆဲလ်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ခွေးတွေရဲ့ မယုံကြည်နိုင်လောက်စရာ အနံ့ ခံစွမ်းရည်က ဒီဒြပ်ပေါင်းတွေကို အသက်ရှုထုတ်တာ ဒါမှမဟုတ် ဆီးထဲကနေ တစ်ဆင့် ရှာဖွေပေးနိုင် ပါတယ်။
လေ့ကျင့်မှုအတွင်းမှာ ခွေးတွေကို ဆီးနမူနာရှစ်ခု ချပေးခဲ့ပြီး ကင်ဆာဆဲလ်ပါဝင်တဲ့ဆီးနမူနာကို အနံ့ ခံမိရင် ခွေးတွေဟာ အဆိုပါနမူနာရှေ့ မှာ ရပ်တန့် ထိုင်ချကာ ဟောင်ပြီး အသိပေးသလို သူတို့ ကင်ဆာဆဲလ်ကို အနံ့ ခိကြောင်း ပြသဖို့ အတွက် ပုလင်းကို လျှာနဲ့ ရက်ပြတာကို တွေ့ ရပါတယ်။
အစပိုင်းလေ့လာစမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ ဆီးကျိတ်ကင်ဆာစမ်းသပ်မှုပေါင်းအားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကို ခွေးလေးတွေက မှန်ကန်စွာ အနံ့ ခံရှာဖွေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Reuters
ကင်ဆာ ရောဂါကို အနံ့ ခံရှာဖွေနိုင်တဲ့ခွေးတွေက ဗြိတိန်ဆရာဝန်တွေကို ကူညီပေးသွားမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 31, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 31, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment