Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 31, 2015

အရှေ့တောင်အာရှ အကောင်းဆုံး ဂိုးသမား ၁၀ ဦးတွင် ကျော်ဇင်ဖြိုး ရွေးချယ်ခံရ

အရှေ့တောင်အာရှ အကောင်းဆုံး ဂိုးသမား ၁၀ ဦး စာရင်းမှာ ဆီးဂိမ်း ငွေတံဆိပ်ဆုရ မြန်မာ ယူ ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုး ကို အီးအက်စ်ပီအန် အားကစား ၀က်ဘ်ဆိုက်က ရွေးချယ်လိုက်ပါတယ်။

စင်ကာပူအခြေစိုက် အီးအက်စ်ပီအန် အယ်ဒီတာက ရွေးချယ်လိုက်တဲ့ ဂိုးသမားတွေထဲမှာတော့ စင်ကာပူ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က ဂိုးသမားတွေ ပါဝင်ပါတယ်။
ဓာတ်ပုံ - ASEAN Football

ဓာတ်ပုံ – ASEAN Football

မြန်မာအသင်းက ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ စင်ကာပူကို နိုင်ခဲ့သလို အနာဂတ်အတွက် အလားအလာရှိတဲ့ ကစားသမား တဦးကိုလည်း မွေးထုတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းက ရှိုင်းသူရနဲ့ နေလင်းထွန်းတို့ကလည်း ရေပန်းစားခဲ့သလို ဆီးဂိမ်းမှာ ဒုတိယရတာကလည်း ကျော်ဇင်ဖြိုးရဲ့ စွမ်းဆောင်မှုက ပါဝင်နေတယ်လို့ ရေးပါတယ်။

ထိုင်းအသင်းက ထိုးဖောက် ဂိုးသွင်းမှုကို ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်သွားတာဟာ အနာဂတ် မြန်မာအသင်းအတွက် အလားအလာရှိတဲ့ ဂိုးသမားတဦး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မကွေးအက်ဖ်စီ ဘောလုံးကလပ်က ကျော်ဇင်ဖြိုးဟာ အာဆီယံ အကောင်းဆုံး ဂိုးသမား ၁၀ ဦးထဲ နံပါတ် ၈ နေရာမှာ ရပ်တည်နေပြီး လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းမှာလည်း လက်ရွေးစင် ဂိုးသမားအဖြစ် ရွေးချယ်ခံထားရပါတယ်။

အီးအက်စ်ပီအန်က ရွေးချယ်တဲ့ အကောင်းဆုံး ဂိုးသမားတွေထဲမှာ စင်ကာပူအသင်းနဲ့ အာမီယူနိုက်တက်အသင်းက ဂိုး ဟာဆန်ဆန်နီက နံပါတ် ၁၊ စင်ကာပူနဲ့ လိုင်းယွန်းXII အသင်းက အီဝမ် မာဘတ်က နံပါတ် ၂၊ ထိုင်းနဲ့ မြောင်သောင်ယူနိုက်တက် ကလပ်အသင်းက ဂိုးသမား ကာဝင်သမ်ဆတ်ချနန်က နံပါတ် ၃၊ မလေးရှားနဲ့ ကီလန်တန်အသင်းက ခိုင်ရူဖာမီချီမတ်က နံပါတ် ၄ နဲ့ ဖိလစ်ပိုင်နဲ့ ၀ယ်လ်ဆယ်ကလပ်အသင်းက နီးလ်အီသာရိုဒ်က နံပတ် ၅ နေရာမှာ ရွေးချယ်ခံရပါတယ်။

ထိုင်းနဲ့ ချွန်ဘူရီကလပ်က ဆင်သာဝီချိုင်းကနံပါတ် ၆၊ မလေးရှားနဲ့ ပီနန်အသင်းက ခိုင်ရူအဇန်ခါလစ်ကနံပါတ် ၇၊ မြန်မာနဲ့ မကွေးအက်ဖ်စီအသင်းက ကျော်ဇင်ဖြိုးက နံပါတ် ၈၊ ထိုင်းနဲ့ ဘူရီယမ်အသင်းက ဆီဝါရတ်တက်ဆန်နီအွန်က နံပါတ် ၉နဲ့ ဗီယက်နမ်က ဂိုးသမား ထရန်ငုရင်မန်းက နံပါတ် ၁၀ အဖြစ် အသီးသီး ရွေးချယ်ထားပါတယ်။
DVB Burmese

No comments:

Post a Comment