Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 31, 2015

သေဆုံးခဲ့သောမိခင်ကို အလွမ်းမပြေ၍ ကလေးတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

ဗြိတိန်နိုင်ငံ နော်ဖော့ခ်တွင် နေထိုင် သည့် အသက်(၁၂)အရွယ် မိန်းကလေး တစ်ဦးသည် မိခင်ဖြစ်သူ ရင်သားကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် မဖြေဆည်နိုင်ဖြစ်ကာ ဆွဲကြိုးချ သတ်သေခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

မိခင်ဖြစ်သူ ကာထရီနာ ရစ်ချတ်ဆင်သည် ၂၀၁၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးနောက် အစ္စဘယ်အန်း ရစ်ချတ်ဆင်သည် ၎င်းကိုယ်၎င်း ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ မိခင်ဖြစ်သူ သေဆုံးမှုအတွက် ၀မ်းနည်းမိကြောင်း စာသင်ကျောင်းရှိ သူနာပြုဆရာမအား ပြောဆိုခဲ့သော်လည်း သူနာပြုဆရာမက ဂရုစိုက်ခြင်း မရှိခဲ့ချေ။ အစ္စဘယ်အန်း ရစ်ချတ်ဆင်သည် မေလ (၁၂) ရက်နေ့တွင် ဆွဲကြိုးချ သတ်သေခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ဖခင်ဖြစ်သူ စတီဖင်က အိပ်ခန်းထဲတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

အစ္စဘယ်သည် ၎င်းကိုယ်၎င်း ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ဆောင်ထားသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများအား အင်စတာဂရမ် ဓာတ်ပုံဝေမျှရေး ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ နော်ဝစ်ရှ်ရှိ ဟေးဝစ်စာသင်ကျောင်းသည့် အစ္စဘယ်၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ပတ်သက်ပြီး အလေးမထား ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း သေမှုစစ်အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

မေလ (၁၂) ရက်နေ့ ည(၆)နာရီ တွင်စတီဖင်သည် သမီးဖြစ်သူ၏ အိပ်ခန်း တံခါးဝတွင်ရပ်ပြီး ညစာစားရန် ပြောဆိုခဲ့သည်။ သို့သော် သမီးဖြစ်သူက စကားပြန် မပြောသည့် အခါတွင် စတီဖင်က သမီးဖြစ်သူ သီချင်းနားထောင် နေသည်ဟု ယူဆကာ ဆက်လက် ပြောဆိုခြင်း မပြုခဲ့ချေ။ သို့သော် အစ်ကိုဖြစ်သူ ကိုင်းက စတီဖင်ထံသို့ ဖုန်းဆက်ပြီး ညီမဖြစ်သူသည် အင်စတာဂရမ်တွင် ဆိုးရွားသော ဓာတ်ပုံများကို တင်ထားကြောင်း ပြောဆိုခဲ့ပြီးနောက် စတီဖင်သည် သမီးဖြစ်သူ၏ အခန်းထဲသို့ ၀င်ရောက်ခဲ့ရာ ကြိုးဆွဲချ သတ်သေထားသည့် သမီးဖြစ်သူကို တွေ့ရှိခဲ့သည်။ အစ္စဘယ်သည် ဆေးရုံသို့ရောက်ရှိပြီး ခြောက်ရက် အကြာတွင် သေဆုံးခဲ့သည်။
messenger news journal

No comments:

Post a Comment