CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 28, 2015
ကင်ဆာရောဂါ ပြန်ဖြစ်တာကို သွေးစစ်ဆေးမှုနဲ့ သိရှိနိုင်
ကုသမှုခံယူပြီးနောက် ပြန်လည်ဖြစ်ပေါ်လာတဲ့ ကင်ဆာရောဂါတွေကို သွေးစစ်ဆေးမှုနဲ့ ကယ်ဆယ်ကုသနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိချက်တခုက ဆိုပါတယ်။
လန်ဒန်မြို့မှာရှိတဲ့ ကင်ဆာသုတေသန အဖွဲ့က သိပ္ပံပညာရှင်တွေဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို ဆရာဝန်များ ပုံမှန်ဖော်ထုတ်တွေ့ရှိနိုင်ချိန်ထက် ၈ လ စောပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရောဂါပြန်စနေတဲ့ အမျိုးသမီး ၁၅ ယောက်အနက် ၁၂ ယောက်မှာ ကင်ဆာဖြစ်နေတာကို စမ်းသပ်မှုကာလအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကုသမှုနည်းကို ဆေးရုံတွေမှာ စမ်းသပ်ကုသမှု မလုပ်ခင် နောက်ထပ် ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ကင်ဆာရောဂါသည်တွေမှာ ကင်ဆာကျိတ်ကို ဖယ်ရှားနိုင်ဖို့အတွက်ဆိုရင် ခွဲစိတ်ခြင်းနဲ့ အဓိကကုသနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆဲလ်တစ်ခုက စတင်ဖြစ်ပွားခဲ့တဲ့ ကင်ဆာကျိတ်တစ်ခုဟာ ကိုယ်ခန္ဒာရဲ့ တခြားအင်္ဂါအစိတ်ပိုင်းတခုကို ပြန့ှ်နှံ့သွားလို့ ဖြစ်စေ ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်က အကျိတ်တစ်ခုလုံး စင်အောင်မထုတ်ခဲ့လို့ရှိရင် ကင်ဆာရောဂါ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက ကင်ဆာကျိတ်ရဲ့DNA မှာပါတဲ့ ဗီဇမျိုးပြောင်းလဲမှုကို ဓာတ်ခွဲကြည့်ရှုပြီး အလားတူ ဗီဇမျိုးပါသူတွေရဲ့သွေးကို ဆက်လက် ရှာဖွေလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
သာမန်သွေးဓာတ်ခွဲစစ်ဆေးမှုက တန်ဖိုးမကြီးပေမယ့် ဗီဇမျိုးပြောင်းလဲမှုတွေအတွက် ကင်ဆာကျိတ်ရဲ့ DNA ကို ဓာတ်ခွဲစစ်ဆေးဖို့ကတော့ အကုန်အကျ တန်ဖိုးကြီးတယ်လို့သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ကင်ဆာရောဂါ ပြန်ဖြစ်တာကို သွေးစစ်ဆေးမှုနဲ့ သိရှိနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 28, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment