Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

စစ်ရေးပဋိပက္ခ အဆုံးသတ်ဖို့ ထိုင်းအစိုးရနဲ့ မွတ်စလင်အဖွဲ့ ၆ ခု ဆွေးနွေး


ထိုင်းနိုင်ငံတောင်ပိုင်းက လွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ်တောင်းနေတဲ့ မွတ်စလင်အဖွဲ့ ၆ ခုနဲ့ ထိုင်းစစ်တပ်တို့ဟာ နှစ်ပေါင်းများစွာကြာ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ မလေးရှားနိုင်ငံမှာ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ ကူလာလမ်ပါမြို့မှာ ၃ရက်ကြာပြုလုပ်တဲ့ အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုင်းတောင်ပိုင်းက အဖွဲ့ ၆ ဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်ကတည်းက ထိုင်းတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေး သူပုန်တွေနဲ့ ထိုင်းအစိုးရကြား လက်နက်ကိုင်ပဋိပက္ခကြောင့် လူဦးရေ ၅ ထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment