Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

ရထားပေါ်မှာပဲ အခြေချ နေထိုင်နေတဲ့ ကောလိပ်ကျောင်းသူ တစ်ဦး



နိုင်ငံတစ်နိုင်ငံ ရဲ့ မြို့တော်တစ်ခုမှာ အိမ်တစ်လုံး ငှားနေနိုင်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ဈေးကြီးလွန်းပါတယ်။
 ဒါဆိုရင်တော့ ဒီအမျိုးသမီးကို အတုယူသင့်သွားပါပြီ။

Leonie Muller ဆိုသူ အမျိုးသမီးဟာ ဂျာမနီ နိုင်ငံက ရထားတစ်ခုပေါ်မှာ စတင်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 ဘာကြောင့်လဲဆိုတော့ သူမရဲ့ အိမ်ပိုင်ရှင်က သူမကို အိမ်ပေါ်က နှင်ချလိုက်လို့ပါ။

ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Muller ဟာ ဒေါ်လာ ၃၈၀ တန်တဲ့ လစဉ်ကြေး ပေးသွင်းမှု 
တစ်ခုကို ၀ယ်ယူလိုက်ပါတယ်။ ထို လစဉ်ကြေးကတော့ သူမကို ဂျာမနီနိုင်ငံအတွင်းက မည်သည့် ရထားကို 
မဆို အခမဲ့ စီးနင်းခွင့်ရရှိသွားစေပြီး ၀န်ဆောင်မှု အကောင်းစားတွေကိုလည်း ရရှိစေခဲ့ပါတယ်။သူမဟာ 
ရထားပေါ်က ရေချိုးခန်းမှာ သူမ ရေချိုး ၊ ခေါင်းလျှော်ပြုလုပ်ပါတယ်။ သူမရဲ့ ကောလိပ် ကျောင်းအတွက် 
လိုအပ်တဲ့ စာတွေကိုလည်း တစ်နိုင်ငံလုံး အနှံ့ ရထားစီးရင်းနဲ့ ရေးသား ကျက်မှတ်ခဲ့တယ်လို့လည်းသိရပါ
တယ်။ သူမရဲ့ ဘ၀ကိုတော့ သူမ ကိုယ်တိုင်က "အချိန်တိုင်း ခရီးထွက်နေရတာနဲ့တူတယ်" လို့ ဆိုပါတယ်။

သူမ ဟာ ဘာကြောင့် အိမ်ငှား မနေရတော့တာလဲဆိုတာနဲ့ ပတ်သက်ပြီး Washington Post သတင်းဌာန
ကို Leonie က "ကျွန်မ အဲဒီမှာ ဆက်ပြီးနေချင်စိတ်မရှိတော့ပါဘူး။ နောက်ပိုင်းမှ ပိုသိလာတာက ကျွန်မ 
ဘယ်မှာမှ နေချင်စိတ် မရှိတော့ပါဘူး။" လို့ ဆိုပါတယ်။ သူမ ဟာ ကျောပိုးအိတ်တစ်လုံးသာ သယ်ဆောင်
လာတာဖြစ်ပြီး ထို ကျောပိုးအိတ်ထဲမှာတော့ အ၀တ်အစားတွေ ၊ ကောလိပ် စာရွက်စာတမ်း တွေ ၊ 
တတ်ဘလတ် ကွန်ပျူတာ တစ်လုံးနဲ့ ပိုက်ဆံအိတ် တစ်လုံး ကို သယ်ဆောင်လာခဲ့ပါတယ်တဲ့။

သူမဟာ များသောအားဖြင့် ရထားပေါ်မှာသာ နေထိုင်ပြီး တစ်ခါတစ်ရံမှာတော့ သူမရဲ့ ချစ်သူ ကောင်လေး 
အိမ် ၊ မိခင် အိမ် နဲ့ အဖွားအိမ်တို့မှာ လည်း နေထိုင်တတ်ပါတယ်။ သူမရဲ့ ချစ်သူ နဲ့ပတ်သက်ပြီးတော့လည်း
 SWR ဆိုတဲ့ တီဗွီ အစီအစဉ်ကို "သာမန်အားဖြင့် ကျွန်မတို့ဟာ ရေမြေခြားအချစ်ရေး(Long Distance Relationship) လိုပါပဲ။ ဒါပေမယ့်လည်း ရထားပေါ်မှာ နေထိုင်ခြင်းဟာ ကျွန်မအတွက်တော့ သူ့ကို အချိန်မရွေးသွားတွေ့ခွင့်ရှိ
သွားစေပါတယ်" လို့ Muller ကပြောပြခဲ့ပါတယ်။

"ကျွန်မ စာဖတ်တယ် ၊ စာရေးတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်တဲ့အခါမှာ ကျွန်မ လူကောင်းတွေနဲ့ 
အမြဲတမ်းဆုံတွေ့ရပါတယ်။ ရထားပေါ်မှာ လုပ်စရာတစ်ခုခုတော့ အမြဲတမ်းရှိနေပါတယ်" လို့ Muller က 
ဆိုပါတယ်။ သူမဟာ ထိုရထားပေါ်မှာ နေထိုင်တဲ့ဘ၀ ကို မှတ်တမ်းတင်ထားပြီး သူမရဲ့ ကောလိပ်ကျောင်း 
စာစဉ် အတွက် ပြန်လည် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment