Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 15, 2015

အလုံမြို့နယ်NLD ဘက်ကလာတဲ့အသံ‬(ဖေ့ဘွတ်ပေါ်က)

အလုံမြို့နယ် အတွက် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်
ဒေါက်တာမြင့်ဦး ကို CEC က ရွေးခဲ့ပါတယ်။ တခြားမြို့နယ်တွေလို အသံမှမကြားခဲ့ရပါဘူး။ ဒေါက်တာမြင့်ဦး ဆိုတာကလည်း စာရေးဆရာ လည်းဖြစ်တယ်။ ဦးဝင်းတင်ဖေါင်ဒေးရှင်း တို့ NLDရဲ့ ကျန်းမာရေး အထောက်အကူတို့ မှာ အခမဲ့ဆေးကုပေးနေတဲ့ဆရာဝန်ကောင်းတစ်ယောက်
လည်းဖြစ်တယ်။အလျင်းသင့်သလို လည်း AAPPက အကူအညီတောင်းတဲ့အခါ နိုင်/ကျဉ်းတွေကိုလည်း သူ့ကိုယ်ပိုင်ဆေးခန်းမှအခမဲ့ ကုသပေးတယ်လို့လည်းကြားဖူးတယ်။
ဒေါက်တာမြင့်ဦး ဟာ လွတ်လွတ်ကျွတ်ကျွတ်ပဲ ကိုယ်စားလှယ်လောင်းမှတ်ပုံတင် ခဲ့တယ် ငွေလည်းသွင်းခဲ့တယ်။
သြဂုတ် လ ၁၃ မှာတော့ CEC က ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ဒေါက်တာမြင့်ဦး ကို ကိုယ်စားလှယ်လောင်းအဖြစ်က နှုတ်ထွက်ဖို့ဖိအားလာပေးသတဲ့။ အကြောင်းပြချက် က ဒေါက်တာမြင့်ဦးဟာ
NGOတွေနဲ့ပတ်သက်နေတယ် လို့ပြောသလို ပိုပြီး ဆိုးရွားတဲ့ အကြောင်းပြချက်က AAPPနဲ့ပတ်သက်တယ် AAPPက အကူအညီတောင်းတဲ့အခါ ကူညီတယ် AAPPဟာတရားမဝင်အဖွဲ့ဖြစ်လို့
တရားမဝင်အဖွဲ့အစည်းနဲ့ပတ်သက်ဆက်နွယ်တဲ့ အမတ်လောင်း ကို ပါယ်တဲ့သဘောပြောသတဲ့ဗျာ။ ဒါဆို NLDရဲ့CEC ဟာ တင်အေး ကော်မရှင် လုပ်ရမယ့်အလုပ် ကို ကြားပွဲစားလုပ်နေသလားတောင်တွေးရမလိုပဲ။
https://www.facebook.com/soetun51176/posts/970912959618043

No comments:

Post a Comment