Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

မဆလာ ဟင်းလျာများက အသက်ရှည်ရှည်နေနိုင်အောင် ကူညီပေးနိုင်


ဟင်းခတ် အမွှေးအကြိုင်ပါ ဟင်းလျာများ စားသုံးခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်ရန် (၁၀)ရာခိုင်နှုန်း ပိုသေချာကြောင်း လေ့လာတွေ့ရှိချက် အသစ်များအရ သိရသည်။

အိန္ဒိယ ကြက်သား မဆလာချက် ကဲ့သို့သော မဆလာဟင်းများက အသက်ရှည် စေနိုင်ကြောင်း သိရသည်။

ဟင်းလျာထဲတွင် ငရုတ်သီးထည့် ချက်စားသူများသည် အသက်ရှည်နိုင်စွမ်း (၁၄)ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။သို့သော် ဘီယာ၊ ၀ိုင်စသည်တို့ဖြင့် တွဲဖက်စားသုံးပါက ကောင်းကျိုးများအားလုံး ပျက်ပြယ် သွားစေနိုင်သည်ဟု သိရသည်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း မရှိပါကလည်း အကျိုးကျေးဇူးများကို ကောင်းကောင်းခံစားရနိုင်မည် မဟုတ်ကြောင်း သိရသည်။

အသက်အန္တရာယ် ရှိသော ရောဂါများ ဖြစ်သည့် ဆီးချို၊ ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ရှိနေလျှင်တောင်မှ မဆလာဟင်းခတ်ပါသော အစားအသောက်များကို စားသောက်ခြင်းဖြင့် အချိန်တိုတိုဖြင့် သေဆုံးနိုင်ခြေ နည်းသွားကြောင်း တရုတ်ဆေးသိပ္ပံ အကယ်ဒမီမှ သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်ကို Daily Mirror သတင်းစာတွင် ဖော်ပြထားသည်။
messenger news journal

No comments:

Post a Comment