Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မိုးရွာသွန်းမှုဒဏ်ကြောင့် ပုဂံရှိ ဘုရားတစ်ဆူပြိုကျပျက်စီး


 ညောင်ဦး သြဂုတ် ၁၀

 ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသတွင် မိုးမပြတ်ရွာသွန်းသည့် ရာသီဥတုဒဏ်ကြောင့် ပုဂံမြို့ ရေတော်မုနိဘုရားတောင်ဘက်ရှိ ဘုရားအမှတ် (၁၇၅၂) ဘွဲ့တော်မရှိသည့် ဘုရားတစ်ဆူသည် သြဂုတ် ၉ ရက်နေ့ နေ့လည် ၂း၃၀ ခန့်က ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါဘုရားမှာ တစ်ထပ်လှိုဏ်ဂူ ကွမ်းတောင်ပေါက်ဘုရားဖြစ်ပြီး ဥာဏ်တော်အမြင့် ပေ (၃၀)၊ တိုက်ပန္နက်အကျယ် ၂၀ပေခန့်ရှိကြောင်း၊ ယခုခေတ်အလှူရှင်များ ပြန်လည်ပြုပြင်မွမ်းမံသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါပြိုကျပျက်စီးသွားသော ဘုရားအား အမြန် ပြန်လည်ပြုပြင်နိုင် ရေးအတွက် ရှေးဟောင်းသုတေသနဌာန (ပုဂံဌာနခွဲ)မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲသူရအောင် (ညောင်ဦး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment