Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ရုံးသစ်ပေါ်ကနေ ရွေးကောက်ပွဲအောင်နိုင်မှုကို ကြည့်မယ့် NLD

၁၉၈၉ခုနှစ်ကစပြီး ဌာနချုပ်အဖြစ် ဖွင့်လှစ်ထားခဲ့တဲ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဟာ စစ်အာဏာရှင်လက်အောက် မိုးထဲလေထဲမှာတုန်းက ရုံးဟောင်းလေး အခုတော့ မရှိတော့ပါဘူး။ မကြာခင်မှာ နေရာဟောင်းမှာ အသစ်ပြန်ဆောက်တော့မယ့် NLDရုံးချုပ်သစ်ပေါ်ကနေ ရွေးကောက်ပွဲ အောင်နိုင်တာကို
 ကြည့်ရတော့မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၆ထပ်အဆောက်အအုံကို ပြီးစီးအောင် ဆောက်လုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလမတိုင်ခင် ပြီးမယ်လို့ ခန့်မှန်းထားတယ်လို့ ဦးဉာဏ်ဝင်းက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ ပါတီဌာနချုပ်အဆောက်အအုံသစ်ပေါ်ကနေ NLD အနိုင်ရ အောင်ပွဲခံတာကို ကြည့်မယ်လို့ ဆိုပါတယ်။

အသစ်ဆောက်လုပ်မယ့် NLD ပါတီရဲ့ဌာနချုပ် အဆောက်အဦးက ၂၃ပေ၊ ပေ ၉ဝအကျယ်ရှိပြီး ဗိသုကာဦးသော်ရဲ့ ဒီဇိုင်းလက်ရာကို ဒေါ်အောင်ဆန်းစုကြည်စိတ်တိုင်းကျ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သံကူကွန်ကရစ်အဆောက်အအုံမှ ဒေါင်းမြီးကွက်ကို Stainless Glass တွေနဲ့ ပုံဖော်ထားတာဖြစ်ပြီး ၆ထပ်အမြင့်ရှိပါတယ်။

ကုန်ကျစားရိတ်က ခန့်မှန်းခြေ ကျပ်သိန်း ၃ဝဝဝ ခန့်မှန်းထားပြီး ရန်ပုံငွေရရှိဖို့ အဆောက်အဦး ဒီဇိုင်းနဲ့တွဲပြီး အများပြည်သူသိအောင် လုပ်သွားမယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။ အဆောက်အအုံဟောင်းကို ဖျက်တာကအစ ဒီဇိုင်းနဲ့ ဆောက်လုပ်ခွင့်အတွက် စည်ပင်ကို အဆင့်ဆင့်တင်ပြရတာမို့ ဆောက်လုပ်ရေးကော်မတီဖွဲ့ပြီး ရန်ပုံငွေရှာဖို့နဲ့ မြေပိုင်ဖြစ်အောင် ဂရန်လျှောက်ထားရတဲ့ အဆင့်တွေ များလွန်းတယ်လို့ ရှင်းပြပါတယ်။ မကြာခင် ဆောက်လုပ်ခွင့်ကျလာတော့မယ်လို့ ဆိုပါတယ်။

အဆောက်အအုံရဲ့ဒီဇိုင်းမှာတော့ ဒီမိုကရေစီခေါင်းဆောင် လူထုနဲ့တွေ့ဆုံဟောပြောနိုင်မယ့် နေရာတစ်ခုလည်း ပါဝင်ပြီး အဆောက်အအုံရဲ့အပေါ်ဆုံးမှာတော့ ပါတီရဲ့အလံနဲ့ ပါတီနာမည်ကို ဖော်ပြထားပါတယ်။
http://www.kamayutmedia.com/video/politics/2678

No comments:

Post a Comment