Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ဖေ့ဘွတ်ပေါ်ကသတင်း(ခက်ခဲသောရောဂါနဲ့ အောင်မြင်သောခွဲစိတ်မှု)


ခက်ခဲသောရောဂါနဲ့ အောင်မြင်သောခွဲစိတ်မှု
‪#‎Challenging_Tumor‬ and ‪#‎Breakthrough_Surgery‬
၁၇နှစ်ရွယ် ကရင်လေးခဏခဏ နှာခေါင်းသွေးအလွန်အကျွံလျှံပြီး
သွေးသွင်းလိုက်နဲ့ သံသရာလည်နေရာကနေနောက်ဆုံး ကျွန်တော်တို့မြောက်ဥက္ကလာပဆေးရုံ နား၊
 နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုဌာနဆီ ရောက်လာတယ်...

လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပြီးတော့..
ကောက်ချက်ချနိုင်တာက နှာခေါင်းနောက်သွေးကြော..‪#‎Juvenile_Nasopharyngeal_Angiofibroma‬
အရွယ်အစားကကြီးနေပြီ ပါးစပ်ထဲရော..ပါးရိုးပေါ်ရောရောက်နေပြီ....
ခွဲရတဲ့အဆင့်ကျော်နေပြီလို့ပဲ..ကောက်ချက်ချမိကျမှာပါ..မခွဲရင်လည်း သေနိုင်တဲ့ရောဂါ...
ခွဲရင်းလည်းသေနိုင်တဲ့ရောဂါဖြစ်နေပြီ...

ပျောက်အောင်ကုနိုင်တာကလည်း ခွဲတဲ့တစ်လမ်းပဲကျန်တော့တယ်...
နောက်ဆုံး အကောင်းဆုံးပြင်ဆင်ပြီးခွဲမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်...

မခွဲခင် သွေးကြောထုံးရဲ့ ပင်မသွေးကြောကို ဓာတ်မှန်ဌာန(ဆေး ၁ နှင့် ၂) တို့ရဲ့အကူအညီနဲ့ မခွဲခင် ၂ရက်မှာ ပိတ်လိုက်နိုင်ပါတယ်... ဆရာကြီး ဒေါက်တာ ကျော်ဇေယျ Kyaw Zaya နဲ့
ဆရာ Saw Aung Phyo Aye တို့ စေတနာထားဆောင်ရွက်ပေးခဲ့တာပါ...
JNA ခွဲဖို့အတွက် မြန်မာပြည်မှာ ပထမဆုံးအကြိမ်ပါ...

ခွဲတဲ့အခါမှာလည်း ပါရိုးတစ်ခုလုံးကို ဘေးကိုလှန်ချပြီိး ခွဲတဲ့နည်းကိုသုံးခဲ့ပါတယ်... Maxilary Swing
‪#‎Maxillary_Swingနည်းကို‬ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ခွဲစိတ်နိုင်ခဲ့ပါတယ်...
ပါမောက္ခ ဒေါက်တာဘုန်းမြင့်ထွန်း Phonemyint Tun ဦးဆောင်ခွဲစိတ်ခဲ့တာပါ...

ခွဲစိတ်ချိန် ၄ နာရီခန့်အပြီးမှာ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်...
ပါးရိုးကို Titanium plates and screws သုံးပြီးပြန်လည်တပ်ဆင်ခဲ့ပါတယ်...

မေ့ဆေးပညာဌာနက ပါမောက္ခ ဒေါက်တာမိမိအောင်.. အမ ဒေါက်တာမိုးသူလင်း Moe Lin တို့ကိုလည်းကျေးဇူးတင်ပါတယ်..

ခွဲခန်းအဖွဲ့တွေလည်း ကျေးဇူးတင်ပါတယ်..

၉-၇-၂၀၁၅မှာခွဲစိတ်ပြီး ၁၀-၇-၂၀၁၅ မှာ လူနာဟာ ထူထူထောင်ထောင်ဖြစ်နေပါပြီ....
Aung Htet Htun
https://www.facebook.com/dr.aung.htet.htun/posts/1061365977216514?pnref=story
 ပါးရိုးဘေးလှန်ချထားပုံ
 ပါးစပ်ထဲထိကြီးလာပုံ








No comments:

Post a Comment