Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 25, 2015

မိခင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ Khloe Kardashian


Khloe Kardashian တစ်ယောက် ကိုယ်ဝန် ရှိနေပြီလား?

ခိုင်လုံတဲ့ သတင်းတွေအရတော့ Keeping Up With The Kardashians ကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Khloe Kardashian ဟာ မိသားစု တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီး သူမအနေနဲ့ ထိုမိသားစုကို တစ်ယောက်တည်း ထိန်းကျောင်းသွားဖွယ်ရှိနေပါတယ်။

သူမရဲ့ ကိုယ်ဝန်ရှိတဲ့ သတင်း မထွက်ပေါ်လာသေးခင် အချိန်မှာပဲ Khloe Kardashian နဲ့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Lamar Odom တို့ဟာ ကွာရှင်းမှုအတွက် နောက်ဆုံး အဆင့်ကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Radar Online သတင်းဌာန ကဖော်ပြခဲ့တာကတော့ Khloe ဟာ မိခင်တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Khloe Kardashian ဟာ အတိတ်မှာတုန်းက ကိုယ်ဝန်ဆောင် နိုင်ဖို့ ကြိုးစားခဲ့ဖူးပေမယ့်လည်း သူမ နဲ့ Lamar Odom တို့ဟာ အဆင်မပြေမှုတွေများစွာ ဖြစ်ခဲ့တဲ့အတွက် သူမအနေနဲ့ လက်လျှော့ခဲ့ရပါတယ်။ Lamar နဲ့ ကွဲညပီးတဲ့နောက်မှာလည်း Khloe ဟာ French Montana အပါအ၀င် အမျိုးသား များစွာ နဲ့ တွဲခဲ့ပေမယ့်လည်း သူမဟာ သူမနဲ့ အတူ ကလေးယူနိုင်မယ့် ယောကျာင်္းမျိုးကိုမတွေ့ခဲ့ပြန်ပါဘူး။

နောက်ဆုံးရ သတင်းတွေအရတော့ Khloe ဟာ ယောကျာင်္းမရှိပဲ တစ်ယောက်တည်းမိခင်ဖြစ်လာတဲ့ အခြား Single Mother တွေကို အားကျပြီး သူမလည်း Single Mother တစ်ယောက် ဖြစ်လာနိုင်တယ်လို့ခံစားမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"January Jones ၊ Sandra Bullock နဲ့ Minnie Driver တို့ဟာ Khloe ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူမ အနေနဲ့လည်း မိခင်တစ်ယောက် ဖြစ်လာနိုင်ဖို့ ယောကျာင်္းတစ်ယောက် မလိုအပ်ဘူးဆိုတာကို သူမသိခဲ့ပါတယ်။ သူမရဲ့ ဖူးစာဖက်ကတော့ ဘယ်မှာရှိမယ်မသိသလို သုတ်ပိုး အလှုဌာန မှာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ သူမ မိခင်တစ်ယောက်ဖြစ်နိုင်ဖို့ ကြိုးစားနေပါပြီ" လို့ Khloe Kardashian နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Starpulse

No comments:

Post a Comment