ပါရီ ၊ ၂၄-၇-၂၀၁၅
ပြင်သစ်နိုင်ငံ ပါရီမြို့တော် အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင် သွားမည်ဟု ISIS စစ်သွေးကြွ အဖွဲ့က ခြိမ်းခြောက် ပြောကြား လိုက်ကြောင်း သတင်း ဌာနတစ်ခုက ယမန်နေ့တွင် ဖော်ပြ ခဲ့သည်။
အဆိုပါ စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးသည် ၄င်းတို့ ဖမ်းဆီးထားသည့် ဆီးရီးယား တပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ခဲ့ သည့် ဗီဒီယို ပြကွက်အတွင်း ထုတ်ဖော်ပြသပြီး ခြိမ်းခြောက် ပြောကြား ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အနေ ဖြင့် ပြင်သစ်နိုင်ငံ တစ်ဝန်းတွင် တိုက်ခိုက်မှု များကို လုပ်ဆောင်၍ ပါရီမြို့တော် အတွင်း၌ အလောင်းချင်း ထပ်စေရန် တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ISIS စစ်သွေးကြွ များသည် အဆိုပါ ဗီဒီယို ပြကွက်ကို ပြင်သစ် ဘာသာဖြင့် ရေးသားထားသည့် ဝါဒဖြန့်ချိ ရေး မဂ္ဂဇင်း တစ်စောင်ကို အွန်လိုင်း ပေါ်သို့တင်ခဲ့ပြီး နောက်တစ်ရက် အကြာ ဇူလိုင် ၂၂ ရက်တွင် ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။
ဗီဒီယိုပြကွက် အတွင်း ဆီးရီးယား စစ်သည်ကို သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ အဖွဲ့ဝင်မှာ အဆိုပါ စစ်သွေးကြွ အဖွဲ့တွင် ပါဝင်သော ပြင်သစ် နိုင်ငံသား ၅ဝဝ အနက်မှ တစ်ဦး အပါအဝင် ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်မည် ဟူသော ခြိမ်းခြောက် ပြောကြားမှုကို ၄င်းက ပြင်သစ်သံ ပီသစွာဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခြိမ်းခြောက်မှု ထွက်ပေါ် လာပြီးနောက် ပြင်သစ်နိုင်ငံ သည် အနာဂတ် ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ်ရှိကြောင်း ယင်းနိုင်ငံ ဝန်ကြီးချုပ် မန်နျူရယ် ဗော်လ် က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment