နေပြည်တော် ၊ ၂၅-၇-၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း ဇူလိုင် ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက် လာပြီး မြို့မရပ်ကွက် ကျောက်ဝိုင်းနေရာ၊ ငှက်ပျောတော ရပ်ကွက်ရှိ ကြိုးတံတား နှင့် မရှီကထောင် ရပ်ကွက်ရှိ ကျောက်စိမ်းတောင် တံတားအဆင်း နေရာတို့တွင် ရေများ ဝင်ရောက်လျက် ရှိသဖြင့် ရပ်ကွက်များ အတွင်းမှ ဒေသခံ ပြည်သူများအား လိုအပ် ပါက ရွှေ့ပြောင်းပေး နိုင်ရန်အတွက် မြို့မရပ်ကွက်ရှိ မဏိဇေယျုံ ကျောင်း ဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေးရုံး ဖွင့်လှစ် ထားရှိပြီး ရေဘေး ကြိုတင် ကာကွယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ ထားရှိကြောင်း သိရှိရသည်။
ထို့အပြင် ဖားကန့်မြို့နယ် အတွင်း တောင်ကျရေ များကြောင့် ဝှေခါချောင်း ရေမြင့်တက် လာပြီး ရွာဟောင်း ကျေးရွာအတွင်း ရေများ ဝင်ရောက်ခဲ့ သဖြင့် ရှမ်းသာရေးနာရေး အဖွဲ့ရုံး နှင့် ဆိပ်မူ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတို့တွင် ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ နယ်မြေခံ တပ်မတော်သား များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း များက ရေနစ်မြုပ် နေသော နေအိမ်များမှ ဒေသခံပြည်သူ ၁၈ဝ ဦးနှင့် ပစ္စည်းများကို ယာဉ်များ၊ လှေများဖြင့် ရွှေ့ပြောင်း သယ်ယူ ဆောင်ရွက် ပေးသည်။
၎င်းအပြင် ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ နှင့် ဆိပ်မူကျေးရွာ ဆက်သွယ်ထားသော ယူမာတံတား သည် ချဉ်းကပ်လမ်း ရေတိုက်စား မှုကြောင့် ပြုတ်ထွက် တော့မည့် အခြေအနေ ရှိသဖြင့် တပ်မတော် သားများ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့များ၊ မြို့နယ် အင်ဂျင်နီယာ များဖြင့် ပူးပေါင်းကာ တံတားအား ဆိုင်းကြိုးများ အသုံးပြု၍ ပြန်လည်ပြုပြင် ခြင်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ရေဘေးသင့် ပြည်သူများအား တပ်မတော်သား များက ထမင်းထုပ်များ လိုက်လံပေးဝေ ခဲ့ကြောင်း သတင်း ရရှိသည်။
#PyiChitThar

No comments:
Post a Comment