Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

စက်တင်ဘာတွင် iPhone မော်ဒယ်သစ် ထွက်ဖွယ်ရှိ

လာမည့်စက်တင်ဘာလတွင် iPhone မော်ဒယ်သစ် တလုံးထွက်ရှိဖွယ် ရှိကြောင်း Wall Street Journal မှ သိရှိရသည်။ Apple က အသစ်ထွက်ရှိမည့် iPhone အတွက် အလုံးရေ သန်း ၈၀ ခန့် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းမှာ ၎င်းတို့၏စံချိန်တင်ရောင်းအားဖြစ်သော iPhone 6&6 plus တို့ထက်ပင် အလုံရေ ၁၅ သန်းခန့် ပိုသော ပမာဏဖြစ်သည်။ အသစ်ထွက်ရှိမည့် iPhone ကို iPhone 6S သို့ iPhone 7 မည်သို့ခေါ်တွင်စေမည်ကို မသိရသေးသော်လည်း ဖုန်းဒီဇိုင်းနှင့် မျက်နှာပြင်အရွယ်အစား အပြောင်းအလဲ မရှိသဖြင့် iPhone 6S ဟု ထုတ်လုပ်ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းရသည်။ အသစ်ထွက်ရှိမည့် iPhone တွင် ပိုမိုကောင်းမွန်၍ကြာရှည်ခံနိုင်သည့် ဘတ္တရီ ပိုမိုလျင်မြန်သော တုန့်ပြန်မှုတို့အပြင် ထူးခြားချက်အနေနှင့် ဖုန်းမျက်နှာပြင်ပေါ်သက်ရောက်သည့် ဖိအားကို ပြနိုင်သော စွမ်းရည်တို့်ပါရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
iPhone ဝယ်လိုအားနှင့် ထုတ်လုပ်မည့်ပမဏအရ Apple ကုမ္ပဏီက အလျင်မီ ဖြန့်ချိနိုင်ရေးအတွက် ဖြန့်ချိရေးကုမ္ပဏီအသစ်များပင် တိုးချဲ့ငှားရမ်းရဖွယ်ရှိသည်ဟု ဖော်ပြပါရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment