CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
လူနှစ်ဦးသတ်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ ရပ်ပ်ပါ Flow
Young Money အဖွဲ့ဝင် ရပ်ပ်ပါ Flow အတွက်တော့ ကံဆိုးသည်ထက်ဆိုးလာခဲ့ပါပြီ။ မေလတုန်းက Flow ရဲ့ဇာတိဖြစ်တဲ့ နယူးအော်လင်းမှာ အမျိုးသားနှစ်ဦးကို Flow ကသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲ့ဒီ့ကတည်းက သူလည်းထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။
အခုတော့ သူ့ကို ရဲတွေကဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုနဲ့ ထိန်းသိမ်းထားပါတယ်။
Flow ကို လူသတ်မှုမှာကြံရာပါမှုနဲ့ ဘေတွန်ရော့မှာရှိတဲ့ အချုပ်ခန်းကို ပို့ထားတယ်လို့ Nola.com က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၂နှစ်ရှိ Kendrick Bishopနဲ့ အသက် ၁၈နှစ်ရှိ Kendred Bishop ညီအစ်ကိုနှစ်ဦးကို အသေသတ်မှုမှာ Flow နဲ့ Jonanthan Evans နှစ်ဦးစလုံးကို သံသယရှိခဲ့ကြပါတယ်။ ညီအစ်ကိုနှစ်ဦးစလုံးက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
ရဲတွေရဲ့အဆိုအရ၊ အနီးနားတစ်ဝိုက်မှာ သေနတ်ကိုင် အမျိုးသားတစ်ဦးကို တွေ့ရှိရတယ်လို့ သတင်းရရှိပြီးတဲ့နောက် Evans ကို ပြီးခဲ့တဲ့အပတ် (ဇွန် ၂၇)မှာ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
Flow နဲ့ Evans နှစ်ယောက်စလုံးဟာ ကြိုတင်ကြံစည်မှုမမြောက်တဲ့ ဒုတိယဆင့်လူသတ်မှုကို တရားရင်ဆိုင်နေကြရပါတယ်။
( Skyler )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Boombox
လူနှစ်ဦးသတ်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ ရပ်ပ်ပါ Flow
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment