Facebook ကိုတည်ထောင်သူ မာ့ခ်ဇူကာဘတ်ဂ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းရဲ့ နံပတ် ၉ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း Bloomberg သတင်းဌာနရဲ့ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။ Ikea ကုမ္ပဏီကို တည်ထောင်သူ ကမ့်ပရက်ရဲ့ ချမ်းသာမှုကို ကျော်လွန်ပြီး ဇူကာဘတ်ဂ်က အဆင့် ၉ နေရာ ရောက်လာတာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်သာရှိသေးတာ ဇူကာဘတ်ဂ်ဟာ လက်ရှိမှာ ကန်ဒေါ်လာ ၄၃.၁ ဘီလီယံ ချမ်းသာကြွယ်ဝသူ ဖြစ်ပါတယ်။ လက်ရှိမှာ Facebook ရဲ့ရှယ်ယာတန်ဖိုးတွေကလည်း စံချိန်မြင့်တက်နေပြီး ထပ်ပြီးတက်လာဖို့တောင်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Facebook ဟာလက်ရှိမှာ ကန်ဒေါ်လာ ၂၇၅ ဘီလီယံလောက် တန်ကြေးရှိတဲ့ လူမှုကွန်ယက်ဖြစ်ပါတယ်။ ဇူကာဘတ်ဟာ အချမ်းသာဆုံး နံပတ် ၈ နေရာမှာ ရှိတဲ့ Oracle တည်ထောင်သူ အယ်လီဆင်နဲ့ ချမ်းသာကြွယ်ဝမှု သန်း ၃၀၀ သာကွာဟပါတယ်။ နံပတ် ၇ နေရာမှာတော့ Amazon တည်ထောင်သူ ဂျက်ဖ်က ၄၃.၅ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ရဲ့ ကြွယ်ဝမှုကိုတော့ သူတို့လိုက်မီဖို့ လိုနေပါသေးတယ်။ ဘီလ်ဂိတ်ဟာ အချမ်းသာဆုံး နံပတ် ၁ နေရာမှာရှိပြီး ကန်ဒေါ်လာ ၈၅.၂ ဘီလီယံချမ်းသာကြွယ်ဝပါတယ်။
PlanetMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
Facebook တည်ထောင်သူဇူကာဘတ်ဂ် ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးစာရင်းဝင်လာ
Facebook တည်ထောင်သူဇူကာဘတ်ဂ် ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးစာရင်းဝင်လာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment