မိခင်တစ်ဦးဟာ ကလေးတစ်ယောက်ကို အ၀တ်လျှော်စက်ထဲထည့်လှည့်ထားတဲ့ ဓါတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါတယ်။
အသက် ၂၁ နှစ်အရွယ် Courtney Stewart ဟာ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက် အ၀တ်လျှော်စက်ထဲမှာ ပိတ်မိနေတာကို ရီနေတဲ့ ဓါတ်ပုံတစ်ပုံ ရိုက်ကူးပြီး Facebook စာမျက်နှာ ပေါ်မှာ တင်ထားခဲ့ပါတယ်။
သူမဟာ ထို ဓါတ်ပုံထဲမှာ အ၀တ်လျှော်စက် တံခါးကိုလည်း သူမရဲ့ လက်နဲ့ ဖိပိတ်ထားခဲ့တာ ကိုတွေ့ရပေမယ့် ထို ကလေးငယ်ဟာ သူမရဲ့ အုပ်ထိန်းမှုအောက်မှုရှိနေတဲ့အတွက် တောင်းပန်ဖို့ကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
"သူက အ၀တ်လျှော်စက်တွေကို ချစ်တဲ့ကလေးပါ။ ဒါကြောင့် ကျွန်မတို့ ဓါတ်ပုံရိုက်ခဲ့ကြတယ်။ ဒါဟာ ပျော်စရာတစ်ခုပါ" လို့ သူမက Daily Record သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီ ဖြစ်ရပ်ကြီးကိုကြည့်ပြီး အနီးအနားမှာ ရှိသူတွေကတော့ လန့်ဖြန့်သွားခဲ့ကြပါတယ်။ ထို ဖြစ်စဉ် အနီးအနားမှာ ရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးက "ဒါကို ကြည့်ဖို့တောင် ကြောက်ဖို့ကောင်းနေပါတယ်။ မိဘ ဖြစ်တဲ့သူ တစ်ယောက်က ဒါကို ဓါတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ ရယ်မောနေတာဟာ ယုံနိုင်စရာတောင်မရှိဘူး" လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးမေးမြန်းခဲ့တဲ့ အခါမှာတော့ စကော့တလန် နိုင်ငံက Renfrewshire ပြည်နယ်မှာ နေထိုင်တဲ့ မစ္စ Stewart က ထို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကလေးငယ်ဟာ သူ့သဘောနဲ့သူ အ၀တ်လျှော်စက်ထဲဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ ကလေးငယ်ကို ဟာသတစ်ခုအနေနဲ့ သာ ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်ကို အ၀တ်လျှော်စက်ထဲထည့်မလှည့်ခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သူကိုလည်း နားမလည်နိုင်ဘူးလို့ဆိုပါသေးတယ်။
သူမရဲ့ လုပ်ရပ်အတွက် ဥပဒေ အရ အရေးယူလို့မရနိုင်ပေမယ့်လည်း ထို ဓါတ်ပုံကြောင့် သူမကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူတွေရှိလာတယ်လို့တော့ သိရပါတယ်။
Thithtoolwin
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
ကလေးငယ်ကို အ၀တ်လျှော်စက်ထဲထည့်ပြီး ဓါတ်ပုံရိုက်ကာ Facebook ပေါ်တင်ခဲ့တဲ့မိခင်ကို ရဲတွေ စစ်ဆေး
ကလေးငယ်ကို အ၀တ်လျှော်စက်ထဲထည့်ပြီး ဓါတ်ပုံရိုက်ကာ Facebook ပေါ်တင်ခဲ့တဲ့မိခင်ကို ရဲတွေ စစ်ဆေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment