CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
ဘောလုံးလောကကနေ အနားယူပြီးပေမယ့် တစ်နှစ် ပေါင် ၄သန်းရရှိနေတဲ့ ဖာဂူဆန်
မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ဘောလုံးလောကကနေ အနားယူပြီး ဖြစ်ပေမယ့် သူ့ဝင်ငွေက တစ်နှစ်ကို ပေါင် ၄သန်းရှိနေဆဲ ဖြစ်ပါတယ်။
အသက် ၇၃နှစ်အရ်ွယ်ရှိ ဖာဂူဆန်က သူ့ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကရရှိငွေ၊ ကိုယ်ပိုင် ကုမ္ပဏီကနေ ရရှိငွေနဲ့ ဟောပြောပွဲတွေ တက်ရောက်ပြီး ရရှိတဲ့ငွေတွေ ဖြစ်ပါတယ်။
ဖာဂူဆန် မိသားစု ပိုင်ဆိုင်တဲ့ အလက်ဇန်းဒါး ချပ်ပန်း ဖာဂူဆန် (ACF)က ၂၀၁၄ ဇွန် ၃၀အထိ ဝင်ငွေက ပေါင် ၁၁သန်းကျော် ရှိခဲ့ပါတယ်။
ဖာဂူဆန် တစ်ဦးတည်းရဲ့ ရရှိငွေကတော့ ပေါင် ၃.၉သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။
ဖာဂူဆန်က ၂၀၁၃ မေလမှာ အနားယူခဲ့ပြီး တစ်နှစ်မှာ ရက်ပေါင်း ၂၀သာ အလုပ်လုပ်ရတဲ့ အသင်း သံတမန် အဖြစ် လုပ်ကိုင်မှုကလည်း ပေါင် ၂သန်း ရရှိနေပါတယ်။
ဖာဂူဆန်ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကလည်း ကမ္ဘာတစ်ဝှမ်း အုပ်ရေ ၁သန်းကျော် ရောင်းချထားရပြီး ကမ္ဘာတစ်လွှားမှာ ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲတွေကနေလည်း ဝင်ငွေတွေ ရရှိနေတာပါ။
ဖာဂူဆန်က ဘီလ်ကလင်တန်၊ ဟင်နရီ ကစ်ဆင်ဂျာ၊ ကိုဖီအာနန်၊ ဘတ်ဇ် အယ်ဒရင်နဲ့ ဘိုနိုတို့လို ကမ္ဘာတစ်လွှားမှာ ဟောပြောရတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲ တစ်ပွဲကို ပေါင် ၁သိန်း ဖာဂူဆန် ရရှိနေပြီး အာရှဒေသ အပါအဝင် ဒေသအနှံ့အပြားကို ရောက်ရှိပြီးလည်း ဖြစ်ပါတယ်။
ဖာဂူဆန်နဲ့ သူ့ဇနီး ကေသီတို့က ACFမှာ ဘုတ်အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ ၁၉မှာ သူ့ရဲ့ သားတွေဖြစ်တဲ့ ဂျေဆင်၊ ဒါရင်းနဲ့ မာ့ခ်တို့တွေလည်း ဘုတ်အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။
PlanetMyanmar
ဘောလုံးလောကကနေ အနားယူပြီးပေမယ့် တစ်နှစ် ပေါင် ၄သန်းရရှိနေတဲ့ ဖာဂူဆန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment