Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

ခြေသည်းတွေကို သုံးပတ်ကြာ အရှည်ထားပြီး Ebay မှာတင်ရောင်း




ပိုက်ဆံပြတ်နေတဲ့ ဥယျာဉ်မှူး တစ်ယောက်ဟာ သူ့ရဲ့ ခြေသည်းတွေကို ရောင်းပြီး ထွန်ရက်နိုင်ဖို့အတွက် Ebay ပေါ်မှာ တင်ခဲ့ပါတယ်။အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ James Smith ဟာ သူ့ရဲ့ခြေသည်းတွေကို သုံးပတ်ကြာ အရှည်ထားခဲ့ပြီး Ebay မှာ အနိုင်ရလေလံတစ်ခု မရမချင်း ၄င်းခြေသည်းတွေကို ညှပ်ဖို့ငြင်းဆန်နေခဲ့ပါတယ်။ 
ဒီလိုအခြေအနေကို ရည်စားဖြစ်တဲ့ Ashley က မနှစ်မြို့ဘူးလို့ James ကပြောပါတယ်။ သူ့ရဲ့ ခြေသည်းကို လေလံဆွဲတာ နှစ်ခုရှိပြီး အခုဆို စတာလင်ပေါင် ၄ ဒဿမ ၇ ရရှိနေပါပြီ။ လေလံပိတ်ဖို့ ၅ရက်သာ လိုပါတော့တယ်။ 
“တစ်ည အိပ်ရာထဲမှာ ပိုက်ဆံအပိုလေး ဘာလေးရဖို့ နည်းလမ်းတွေကို ကျွန်တော်ထိုင်စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အရည်အချင်းကလည်း မရှိဘူးလေ။ ကျွန်တော်လဲ ခြေသည်း အရှည်ထားရမှာဆိုရင် သိပ်လည်းအားစိုက်စရာ မလိုဘူးလို့ ဆုံးဖြတ်မိတယ်။ ကျွန်တော့် အပေါင်းအသင်းတွေ အတွက်တော့ နည်းနည်းလေး ရယ်စရာဖြစ်နေမှာပါ။” လို့ James ကပြောပါတယ်။ 
James ဟာ သူ့ရဲ့ခြေချောင်း ၁၀ခုလုံးက ခြေသည်းတွေ ရောင်းထွက်ဖို့ Facebook မှာလည်းပဲကြော်ညာခဲ့ပါတယ်။“လေလံဝင်ဆွဲတာ နှစ်ခုတော့ရှိတယ်။ ၀င်ကြည့်တဲ့ လူကလည်း နည်းပါတယ်။ ခြေသည်းတွေကို သဘာဝအတိုင်း (ဆေးမစိမ်ဘဲနဲ့) ထားလို့ရလားလို့ မေးတဲ့ လူတချို့တောင်ရှိတယ်။” လို့ James ကပြောပါတယ်။ 
James ရဲ့ Ebay ပို့စ်ကတော့ “ဒီမှာ ကျွန်တော့်ရဲ့ ခြေသည်းလေးတွေကို ရောင်းပေးနေပါပြီ။ အခမဲ့ ပို့ပေးပါတယ်။ ပျော်ရွှင်စရာ လေလံဆွဲခြင်းဖြစ်ပါစေ။ ကျွန်တော်ကတော့ နူးညံ့တဲ့ခြေထောက်လေးတွေရှိတဲ့ အသက် ၂၄နှစ် အမျိုးသားတစ်ယောက်ပါ။” လို့ပဲဖြစ်ပါတယ်။
Ref:Mirror 
http://www.trend.com.mm/2015/07/17/news-7190

No comments:

Post a Comment